'ခွပ်'
Someone : မင်းတို့ကွာ ကိုယ့်အသက်ကျတော့ ပါအောင်ယူလာတယ် မင်းသမီးကိုကျတော့ ပါအောင်မယူလာဘူးပေါ့ ဟုတ်လား
'ခွပ်'
ပထမတယောက်ကိုထိုးပီးနောက် သူ့ဘေးတွင်ရပ်နေသော နောက်တယောက်ကို ထပ်မံထိုးလိုက်သည်။ ထိုသူနှစ်ယောက်ကတော့ ခေါင်းငုံ့ထားဆဲ...
Both : ......
Someone : ဟမ်??? မင်းတို့က လက်ရွေးစင်တွေမှဟုတ်ရဲ့လား
Flashback Start ......
ကလေးငယ်ကို ခြင်းတောင်းထဲထည့်ကာ ယူဆောင်လာသောသူက လှေပေါ်သို့ ဦးစွာရောက်လာသည်။ ထို့နောက်တွင်တော့ နောက်လူတဦးက လှေပေါ်သို့ထပ်မံရောက်လာသည်။
Man1 : သေချာ မျက်ချေဖျက်ခဲ့ရဲ့လား
Man2 : အင်း...ဖျက်ခဲ့တယ်
Man1 : ဒါဆိုသွားကြမယ်
သူတို့နှစ်ဦးက လှေသမားကို သွားဖို့ပြောလိုက်သဖြင့် လှေစတင်လှော်လိုက်သည်။ သူတို့၏ mission က အောင်မြင်ခဲ့သော်လည်း ကံကြမ္မာက မျက်နှာသာမပေး၍ထင့် ဘယ်ကမှန်းမသိသော အပြာရောင် အလုံးကြီးတလုံးက သူတို့လှေဆီ ဦးတည်နေသဖြင့် အလန့်တကြား ခုန်ဆင်းကြရလေသည်။
'ဝုန်း' ဟူသောအသံနှင့် အတူ သူတို့၏လှေကလေးက တစစီကွဲကြေသွားလေသည်။ ကလေးငယ်ကိုထည့်ထားသော ခြင်းတောင်းလေးကတော့ အဝေးတနေရာသို့လွင့်သွားသည်။
သူတို့နှစ်ဦးကတော့ ကလေးငိုသံကြားရာဘက်သို့ မှန်းဆကာ ရှာလေသော်လည်း ရှာမတွေ့....
ထိုကလေးငိုသံလေးက တဖြည်းဖြည်း ပိုပိုတိုးသွားကာ နောက်ဆုံး အသံလုံးဝမကြားရတော့သဖြင့် သူတို့နှစ်ဦးလည်း ဒီတိုင်း ပြန်လာခဲ့ရလေသည်။
Flashback end ......
Man1 : ကျွန်တော်မျိုးတို့လည်း ထင်မထားတဲ့ကိစ္စကြောင့်...
Someone : ထင်မထားတဲ့ကိစ္စကြောင့် မင်းသမီးမပါလာတာလား
Man2 : ကျွန်တော်မျိုးတို့ သတိမထားမိ....
'ဒုန်း'
ဒေါသထွက်လွန်း၍ မျက်လုံးများက မီးတောက်နေသည့်အလား....