♥ Wildest ♥

5.2K 428 8
                                    

Wildest Dream

ကျယ်ဝန်းလှတဲ့ မြက်ခင်းပြင်ကြီးထဲမှာ
အရောင်တောက်တောက် ပိုးစုန်းကြူးလေးတွေနောက် လိုက်ရင်း
ဆော့ကစားနေတဲ့ ကောင်လေးတယောက်

လေညှင်းနဲ့အတူ မျောလွင့်နေတဲ့ ဆံပင် ရွှေဖြူရောင်တို့က
ဆွတ်ပျံ့ ကြည်နူးဖွယ်

ဖွေးဖွေးလှုပ် ပွင့်နေသော တောရိုင်းပန်းလေးများကလဲ
ကောင်လေးရှိရာ အရပ်သို့ ဦးညွတ် ခစားလျက်

တဖျပ်ဖျပ် လက်နေသော ကြယ်လေးများနဲ့ လခြမ်း ကွေးကွေးလေးက
အိမ်မပြန်လိုသော သူ၏ အဓိက အကြောင်းပြချက်

အိပ်တန်း တက်ရန် ပြန်လာကြသော ငှက်တချို့ကလဲ
ပြေးလွှားနေသော သူနှင့်အတူ
ဆော့ကစား ပေးသွား၏

မောပန်း၍ လှဲချလိုက်သော သူ့အတွက်
မြက်ခင်းနုနုတို့ကလဲ ကျေနပ်စွာပင် ကတ္တီပါ ကော်ဇော ဖြစ်ပေးကြသည်

ခန္ဓာကိုယ် ပက်လက်လေးပေါ် တခဏချင်း ပြည့်နှက်သွားသော
ယုန်ဖြူ ယုန်နက်လေးများကြောင့်
ယားယံမှုက တခစ်ခစ် ရယ်သံလေးများအဖြစ်
လိပ်ပြာလေးများနဲ့ အတူ ပျံ့လွင့်သွားတာပေါ့ ~

ထိုမြင်ကွင်းလေး

ထိုမြင်ကွင်းလေးကို နေ့တိုင်း လာကြည့်နေသော
လူမဟုတ်သော သတ္တဝါနီလေး တစ်ကောင်

သူရဲ့ ညနေခင်းတိုင်းကို ကြီးစိုးထားသော
လှပသော ဆည်းဆာ၏ တမန်တော်လေး

ဝံပုလွေနီလေး ကိုယ်တိုင် သိမ်းပိုက်ထားတဲ့ တမန်တော်လေးတပါး

ဆုတောင်းခွင့် ရရင်
ဒီမြင်ကွင်းလေးကို ပန်းချီကား တချပ်အဖြစ်
သူကိုယ်တိုင် ခြယ်မှုန်းလို၏

သို့သော်လဲ သူကိုယ်တိုင် ထိုကောင်လေးနဲ့အတူ
ဆေးစက်ကျရာ ပါဝင်သော စုတ်ချက်လေး ဖြစ်လိုသည်

လူသားကောင်လေး နဲ့ Red Wolf လေးတကောင်ရဲ့ ပန်းချီကားလေး အဖြစ်ပေါ့ ~

သစ်ပင် အကွယ်နားမှာ ဝံပုလွေနီလေးကတော့ တွေးနေ ငေးနေဆဲ

ဆံပင် ရွှေဖြူရောင်နဲ့ ကောင်လေးကတော့
ကိုအာလာ သိုးမွှေး ဦးထုပ်လေးကို ဆောင်းကာ
ကျောပိုးအိတ်ကို လွယ်ပြီး
စက်ဘီးလေး စီးရင်း ထွက်သွားချေပြီ

ညဥ့်ငှက်များ ဟစ်အော်ချိန်
တောခွေးများ အူချိန်သို့ ရောက်လျှင်တော့
Red Wolf လေးလဲ ပြန်သွားပေလိမ့်မည်

အသိုက်အမြုံရှိတဲ့ မည်သူမဆို အချိန်တန်ရင် အိမ်ပြန်ရစမြဲမို့ ~

Wildest ♥ Dream



Juz Mini Fanfic ~^^

* Plz guess *
LuHan is a wolf ?
0R
SeHun is a wolf ?

♡Wildest Dream♡ (Discontinued) Where stories live. Discover now