♥ Puppy ♥

3.1K 368 29
                                    

လ၀န်းခြမ်း​လေးနဲ့ ကြယ်​​ရောင်​စုံ လင်းလက်​​နေတဲ့
ကောင်းကင်​ကို အမှီသဟဲ ပြုရင်း
လမ်း​လျှောက်​လာတဲ့
ချစ်​စဖွယ်​ ​ကောင်​​လေးနှစ်​​ယောက်​ရဲ့
တိတ်​ဆိတ်​​သော အိမ်​အပြန်​လမ်း

စက်​ဘီး​လေးတွန်းလာတဲ့ ​ကောင်​​လေးရဲ့ အင်္ကျီစ​လေးကို
ကိုင်​ဆွဲထားတဲ့ ​ကောင်​က​လေးက​တော့
ရှေ့က သူ့သခင်​​လေး လည်​ပြန်​ လှည့်​ကြည့်​တိုင်း
သွားစွယ်​​လေးများ ​ပေါ်လာ​အောင်​ ပြုံးပြ​နေ​လေရဲ့

" ချမ်း​နေပြီလား Hunnie? "

" ဟင့်​အင်း ရတယ်​ "

" နည်းနည်းဆက်​​လျှောက်​လိုက်​ရင်​​ရောက်​ပြီ "

" ဟုတ်​ "

Daddy တို့ စခန်းဆီ ဟူးနီကို သူ​​ ​ခေါ်လာခဲ့တာ​ပေါ့
ခွေးပေါက်လေးကို လူလို လမ်းလျှောက်တတ်အောင်
သင်ပေးနေရတော့ ညဥ့်နက်သွားတယ်
Daddy ကို အဆင်​​ပြေ​အောင်​​တော့ ​ပြောပြရမှာပါပဲ
လိမ်​တဲ့​နေရာမှာ ကျွမ်းကျင်​သူ မဟုတ်​​လေ​တော့
ကြောက်​မိတယ်
သနားစရာ အ​ကောင်​​လေးကို ကူညီတာပဲကို
အပြစ်​မယူ​လောက်​ပါဘူး

Luhan ကိုယ့်​ကို ကိုယ်​ အား​ပေးရင်း
ခြေလှမ်း​တွေ သွက်​သွက်​​လျှောက်​လိုက်​တယ်

စခန်းထဲ ​ရောက်​လာ​တော့ ဟူးနီပုံစံ​လေးက
အရမ်း​ကြောက်​လာတဲ့ပုံလေးနဲ့
အနား တိုးကပ်လာကာ
LuHan လက်ကို အတင်းဆုပ်ကိုင်ထားသည်
ကလေးလက်ကို ပြန်လည်ကာ ဖက်​တွယ်ရင်း အားပေးမိတယ်
ကြောက်မှာပေါ့
အလုပ်သမားတွေက အတင်းလိုက်ကြည့်နေကြတာကိုး
ခေါင်းစွပ်ပါတဲ့ Long Coat မို့သာ တော်တော့သည်
နားရွက်တွေနဲ့ အမြီးစုတ်ဖွားကို မြင်ရင်တော့
ဘာလုပ်ကြမည် မသိ
အမဲများ ဖျက်ကြမလားပဲ

" Hunnie ငါ့ဖေဖေကို သွားတွေ့မယ်နော်
စကားမပြောနဲ့နော်
မေးမှ ဖြေရမယ် သိလား?? "

" ဟုတ် "

/ဟုတ်/ တစ်လုံးပြောတာတောင်
ဘာလို့ ဒီလောက် ချစ်စရာကောင်းရတာလဲ??
ငါကိုယ်တိုင်က သတ္တဝါလေးတွေ ချစ်တတ်လို့ နေမှာပါ
// ဟုတ်တယ် Luhan
ဟုတ်ဆို ဟုတ်လိုက်//

♡Wildest Dream♡ (Discontinued) Tempat cerita menjadi hidup. Temukan sekarang