Part-16

25.2K 1.7K 19
                                    

Zawgyi..

"ငါဘယ်​လို​ပြောရမှာလဲ??"

Chanyeolတ​ယောက်​ ခြံထဲကဒန်း​ပေါ်ထိုင်​ရင်း ​ရေရွတ်​မိတယ်​..။

Baekhyunက​တော့ သူ့ပန်းခင်းကြီးကို ​ရေဖျန်း​နေတယ်​​လေ..။

Chanyeol,Baekhyunကို ကြည့်​ကာ...

"မဖြစ်​ဘူး..မဖြစ်​ဘူး..ငါဘယ်​လိုနည်းနဲ့မှ ​မ​ပြောရဲဘူး။ပြောလိုက်​ရင်​ ဗြဲစိန်​က ​အော်​​တော့မှာ။မဟုတ်​​တောင်​ သူ့ကိုYes I do​ပြောထားလို့ ​ကောက်​တာကမ​ပြေ​သေးတာကို..ခုဒီကိစ္စသာ ဖွင့်​​ပြောလိုက်​ရင်​ ငါ..မသိ​တော့ဘူးကွာ.."

Chanyeolသူ့အပူနဲ့သူစိတ်​​လေ​နေသည်​..။တကယ်​​တော့ ဒီ​နေ့ည​နေ သူ့အိမ်​ကို နိုင်​ငံခြား​ရောက်​​နေတဲ့ သူငယ်​ချင်းမ​လေးက အလည်​လာမယ်​တဲ့..။အမိ​မြေကိုလာတုန်း​လေး သူ့ကို​တွေ့ချင်​လို့ပါတဲ့..။ပြီး​တော့ hotelမှာမ​နေဘဲ အိမ်​မှာသာတည်းပရ​စေတဲ့..mailပို့လိုက်​တယ်​​လေ..

"ငါနှယ်​​နော်​..ငြင်းလို့လည်းခက်​၊လက်​ခံရင်​လည်း babyစိတ်​ကွက်​မှာလည်း​စိုး၊လာလည်​တာက ရပါတယ်​.အိမ်​မှာ​နေမှာကကျ​တော့..ပြီး​တော့ Lee Hwaကငါ့အ​ပေါ်ရိုးတာမဟုတ်​ဘူး..ခက်​ခဲလိုက်​တာ Park Chanyeolရာ..ဟူး.."

Chanyeolစိတ်​ညစ်​ညစ်​နဲ့ ​ခေါင်းငိုက်​စိုက်​ကျသွားတယ်​။ခဏကြာ​တော့..

"အဟမ်း..အဟမ်း..Park Chanyeol shi.."

သူ့baby​ခေါ်သံကြားတာ​ကြောင့်​​ခေါင်း​ထောင်​ကြည့်​လိုက်​​တော့ ​ပေါက်​စက လက်​ထဲမှာ​ရေပိုက်​ကြီးကိုင်​ပြီး သူ့ကိုနှုတ်​ခမ်း​လေးဆူကြည့်​​နေတယ်​..။

"​အော်​..baby baek booဘာလိုလို့လဲ?​ရေကုန်​သွားလို့လား?ကိုယ်​ခပ်​​ပေးရမလား??"

"ဘာ​တွေမူမမှန်​ဖြစ်​​နေတာလဲဗျ..​ရေကုန်​ရ​အောင်​ ကျွန်​​တော်​ကခွက်​နဲ့ဖျန်း​နေတာမှမဟုတ်​တာ..။ရေပိုက်​နဲ့ဖျန်း​နေတာ​လေဗျာ.."

"အာ..ဟုတ်​သားပဲ.ရုတ်​တရက်​ဆို​တော့.ကိုယ်​လည်း"

"ကဲပါ..ကျွန်​​နော့်​ကိုအမှန်​တိုင်း​ပြော..ကျွန်​​နော်​ကြည့်​​နေတာကြာပြီ..၊တ​ယောက်​တည်း​သက်​ပြင်း​တွေချလိုက်​ စကား​တွေ​ပြောလိုက်​ ကျွန်​​တော့်​ကိုကြည့်​လိုက်​နဲ့ ဘာပြဿနာရှာလာပြန်​ပြီလဲ??"

Calm Down My Bad Boy(chanbaek/baekyeol yaoi)..Completed {Zawgyi+Unicode}Where stories live. Discover now