If You Know... (HH) (yaoi)
ဒေါက် ဒေါက်
Lu - "ဘယ်သူလဲ??"
တံခါးခေါက်သံကြောင့် LuHan ကျောင်းအင်္ကျီလဲနေရင်းမှ လှမ်းမေးလိုက်သည်Girl - "သခင်လေး သခင်ကြီးတို့က မနက်စာစားဖို့ခေါ်ခိုင်းလိုက်လို့ပါ"
Lu - "သိပီ ဆင်းခဲ့မယ်"
Girl - "Nae"
အိမ်ဖော်မိန်းကလေးလဲစကားအပိုတွေမပြောတော့ဘဲ LuHan အခန်းရှေ့မှ ခပ်သုတ်သုတ် ထွက်လာခဲ့သည်ဟုတ်ပါသည် LuHan ဆိုတဲ့သူဌေးသားလေးက သူ့အခန်းထဲကိုဘယ်သူမှဝင်တာမကြိုက်သလို သူနေတဲ့အထပ်ကိုတောင် အကြောင်းမရှိရင်တက်လာတာမကြိုက်ပါဘူး
သူ့ရဲ့ပစ္စည်းတွေကိုလဲ သူ့ခွင့်ပြုချက်မရှိရင်ဘယ်သူမှ မထိရပါဘူး
သူမကြိုက်တာလုပ်မိရင်လဲ တစ်အိမ်လုံးကအစေခံတွေ နေစရာနေရာမရှိသလို ပတ်ပတ်စက်စက်လဲပြောတတ်ပါတယ် ဒါကြောင့်လဲ တစ်အိမ်လုံးက LuHan ကိုကြောက်ရပါတယ်Lu က ငယ်ငယ်လေးကတည်းကရင် ရွှေပေါ်မြတင် ကြီးပြင်းလာတဲ့ သူဌေးသားလေးဆိုတာပြောစရာမလိုလောက်အောင်ကို ချောမောလှပပီး မွေးထဲကထူးခြားနေတဲ့ သမင်မျက်ဝန်းလေးတွေကြောင့် မိန်းကလေးတိုင်းက မခြွေခင်ထဲကကြွေချင်ကြတယ်ပေါ့နော် ဒါပေမယ့်သိပ်ကိုမာနကြီးလွန်းတဲ့သူဌေးသားလေးမို့တော်တော်များများအနားမကပ်ရဲကြပါဘူး
အဲ Lu ရဲ့အချစ်ကိုရထားတဲ့ သိပ်ကံကောင်းတဲ့ကောင်မလေးတစ်ယောက်တော့ရှိတယ် သူက အရမ်းချစ်ဖို့ကောင်းပီးအရမ်းလဲချမ်းသာတဲ့အပြင် တစ်ကျောင်းလုံးကလက်ခံထားတဲ့ queen လေးဖြစ်တာကြောင့် Lu လို King လေးနဲ့လိုက်ဖက်နေတာမဆန်းပါဘူး သူကတော့ Xiu ဆိုတဲ့ကောင်မလေး Xiu ရဲ့အဖေက အမတ်လောင်းလေ ပီးတော့ Lu တို့အဖေရဲ့ကုမ္ပဏီမှာ ရှယ်ယာအများဆုံး ရှယ်ယာရှင်ပေါ့ ဒါကြောင့်လဲ Xiu ကို LuHan လိုက်ခဲ့တာပါမယ် ထားပါတော့
ခုတော့ Lu တစ်ယောက် ကျောင်းသွားရန် ပြင်ဆင်ပီး အလွန်တောက်ပြောင်နေတဲ့ လှေကားကြီးပေါ်မှ နားကျပ်ကလေး ဂုတ်မှာတပ်ကာ ဘောင်းဘီအိပ်ကပ်ထဲ လက်နှစ်ဖက်ထည့်ပီးstyle ကျကျ ဆင်းလာလေသည်