Ep {8}

303 53 1
                                    

If You Know... (HH) (yaoi)

Lu လဲသူစိမ်းတစ်ယောက်ဖြစ်ပေမယ့် သူ့အတွက်ဂရုတစိုက်နဲ့ လုပ်ပေးနေတဲ့ Hun ကိုကြည့်ပီး အားငယ်သေးသိမ် စိတ်တွေတောင်လျော့ကျသွားသလိုလို တဆက်တည်း ရင်ထဲကနွေးထွေးမှုလေးကိုပါခံစားလိုက်ရပီး မျက်နှာမှာလဲ အပြုံးလေးတစ်ပွင့် ဘာပဲဖြစ်ဖြစ်သူဒီကိုလာခဲ့တာ မှန်သွားပီဆိုတာတော့ သေချာပါတယ်

Hun လဲ Lu အတွက်ချက်ပြုတ်အပီး နောက်လှည့်ကြည့်လိုက်တော့ သူ့ရဲ့သမင်ပေါက်စလေးက အိပ်ပျော်နေပါပီ

Hun - "hyung ကအိပ်ပျော်နေပီပဲ အိပ်နေတဲ့ပုံလေးတောင်ချစ်ဖို့ကောင်းတယ် hyung ရယ် အာမဖြစ်သေးဘူး hyung အရမ်းဗိုက်ဆာနေတာ နှိုးမှဖြစ်မယ်"

Hun - "hyung hyung"

Hun လဲ Lu ရဲ့ ပါးလေးကို အသာလှုပ်နှိုးရင်း Lu ရဲ့မျက်နှာလေးကိုအနီးကပ်ကြည့်လိုက်မိတဲ့အခါ

Hun pov: - ဘုရား ဘုရား ငါတော့ဆေးရုံကို ရက်မပြည့်ဘဲပြန်သွားရတော့မယ်ထင်တယ် ရင်တွေခုန်နေတာသေတော့မယ် ငါ့နှလုံးကြီးများအပြင်ထွက်ကျလာမလားမသိဘူး ဟူးးးး

အဲ့အချိန်မှာ Lu ရဲ့မျက်လုံးလေးတွေပွင့်လာပီး
သှူုဘေးမှာထိုင်နေတဲ့ Hun ကိုတွေ့တော့ ရီချင်တာမနဲ ထိန်းထားရတယ်
Hun ကလဲ ရီချင်စရာပါ Lu ကိုဘေးတစောင်းပေးထိုင်နေတော့ Lu နိုးနေတာကိုမသိဘဲနဲ့ သူ့ရဲ့ဘယ်ဘက်ရင်အုံလေးကို ငြာဘက်လက်လေးဖြင့်ဖိကာ အသက်ကိုလဲ ပြင်းပြင်းရှုထုတ်ရှုသွင်းလုပ်နေတဲ့ Hun ကို Lu ကတော့တွေ့နေရတဲ့အတွက် အသံထွက်ပီးမရီမိအောင် အောက်နှုတ်ခမ်းလေးကိုကိုက်ကာ ရုပ်ကိုပြန်တည်ပီး ဘေးမှာထိုင်နေတဲ့ Hun ရဲ့အင်္ကျီကို အသံမပေးဘဲသွားဆွဲလိုက်ပါတယ်

Hun - "အမလေး!!!!"

Lu ရဲ့လုပ်ရပ်က တခြားသူတွေအတွက်တော့ဘာမှ မပြောပလောက်ပေမယ့် နှလုံးရောဂါသည် Hun အတွက်တော့ လှန့်လိုက်သလိုဖြစ်သွားကာ Heart Attack ရသွားစေမယ့် လုပ်ရပ်ပါ

Hun ကလန့်ပီးအော်လိုက်တာနဲ့အတူ အောင့်တက်လာတဲ့ ရင်ဘတ်နားလေးတစ်ဝိုက်ကိုလက်လေးနဲ့ဖိနှိပ်ကာ ထိုင်ခုံပေါ်ကနေအောက်ကိုပြုတ်ကျသွားပါတယ်

If You Know...Hikayelerin yaşadığı yer. Şimdi keşfedin