♥♥Candy Heart♥♥

3.3K 370 12
                                    

"Nov 11 CB Day "
Nov 11 2015 @ 11 PM

ChanBaek Yaoi (Oneshot)

*************************

"Pinky lolly Candy Shop"

ဟူသော ဆိုင်းဘုတ်လေး ချိတ်ဆွဲထားသော ဆိုင်လေး တခု...
ဆိုင် အတွင်း ဝင်လိုက်ပါက အရင်ဆုံး တွေ့လိုက်ရမှာက ပန်းနုရောင် ဖျော့ဖျော့ သုတ်ထားသော ဆိုင်အတွင်းအပြင်အဆင်.. နီယွန် မီးလုံး လေး များ ခပ်ဖျော့ ဖျော့ ထွန်းထားပီး အတွင်း ဘက်က နံရံ တွေမှာက ချောကလက် ပုံ မျိုးစုံ ကို အရောင်အသွေး စုံလင်စွာ ပုံဖော်ပီး decorat လုပ်ထားသည်။ အချစ်သီချင်း ငြိမ့်ငြိမ့် အေးအေး လေး များသာ ဖွင့်တတ်ပီး ဆိုင်ပတ်ပတ် လည် ကို မှန်များ နဲ့ ကာရန်ထားသည်။ ထိုင်ခုံ များကို လည်း တမူထူးခြားစွာ Jelly ကဲ့သို့ ထိုင်လိုက်တိုင်း အိစက် နူးညံ့ နေအောင် ပြင်ဆင်ထားသည်။
ထိုဆိုင် လေးက သာမာန် candy ရောင်းချသော ဆိုင် မဟုတ်ပဲ သူ့ဆိုင်မှာ လာရောက် စားနိုင်အောင် ပြုလုပ်ပေးထားသည်။ ဆန္ဒရှိရင် candy နဲ့ cake ပါ ပြုလုပ်ပေးနိုင်လောက်အောင် စွမ်းဆောင် နိုင်သည်။
ဆိုင် တဖက် ခြမ်းမှာ အရွယ်စုံ မျိုးစုံ candy များကို အတန်းလိုက် ပြသထားပီး မိမိ ကြိုက်နှစ်သက်ရာ ဝယ်ယူနိုင်သည်။ အိမ်မှာ လုပ်စားနိုင်အောင် ရောင်းချ ထားခြင်း ဖြစ်သည်။
Surprised birthday များ.. wedding anni များ.. propose လုပ်ချင်သူ များ အတွက် လည်း အထူး စီစဉ် ပေးသည်။

ထိုကဲ့သို့ သူ မတူ ထူးခြားစွာ ပြုလုပ်ပေးနေသော ဆိုင်လေး မှာ ဆိုင်ဝန်ထမ်းများ ပေါများစွာ ရှိနေလိမ့်မယ် လို့ သင် ထင်နေပါသလား။??
ထိုသို့ ဆိုလျှင် သင့် ထင်မြင်ချက် လွဲမှား သွားပေလိမ့်မည်။ ထို ဆိုင်လေးမှာ ဆိုင်ရှင် အပြင် ဝန်ထမ်း ကောင်လေး တယောက်သာ ရှိသည်။ထို ကောင်လေး ကသာ အရာ အားလုံးကို သူ့ ကိုယ်ပိုင် စိတ်ကူးဖြင့် ဖန်တီးပေးတတ်သည်။...

သူကတော့ ဆိုင်လာသမျှ လူတွေကို အပြုံး ကြည်ကြည် လေး နဲ့ ဆွဲဆောင်တတ်သော
Byun Baek Hyun ဆိုသော ကောင်လေး ဖြစ်သည်။.....
သေးသွယ်သော ခန္ဓာကိုယ်.. မျက်ရစ်လေးများ မပါပဲ မှေးနေသော puppy ကဲ့ သို့ မျက်လုံးလေး တစုံ..အပေါ် ထိပ်ပိုင်း နှုတ်ခမ်းလေး က ချွန်တက်နေသော နှုတ်ခမ်းလေး..ရီလိုက်တိုင်း rectangle lip လေး ပေါ်လာပုံ လေးက ဆိုင်ကို လာသူ အပေါင်း ကို ဆွဲဆောင် ထားသည်။

You've reached the end of published parts.

⏰ Last updated: Apr 13, 2016 ⏰

Add this story to your Library to get notified about new parts!

♥♥Candy Heart♥♥Where stories live. Discover now