Are we friends? Part-4

1.8K 192 2
                                    

Soo's point of view

yeol အခုတလော soo ကိုစကားသိပ်မပြောတော့ဘူး ဘာကြောင့်လဲဆိုတာကိုမသိဘူး ဒါမဲ့ကျောင်းသွားရင်အရင်တုန်းကလိုပဲအိမ်လာခေါ်တယ် ပြီးတော့ကားပေါ်ရောက်ရင်စကားမပြောဘူးပုံမှန်ဆို park chanyeol ဆိုတဲ့ soo သူငယ်ချင်းက အမြဲတမ်းလိုလို soo ဘေးမှာပြောစရာမရှိပြောစရာရှာပြီးပြောနေတတ်တဲ့သူပါ သူအခုတလောဘာတွေဖြစ်နေလဲမသိဘူး soo က yeol ဘာတွေဖြစ်နေတာလဲ ဘာစိတ်ညစ်စရာရှိလဲမေးရင် ဘာမှမဖြစ်ဘူးဆိုတာချည်းပဲ ဒါမဲ့ yeol တစ်ခုခုဖြစ်နေတယ်ဆိုတာကို soo ရိပ်မိနေတယ် ဘာအကြောင်းလဲဆိုတာကိုတော့မသိဘူးဖြစ်နေတယ် ကြားလို့မှကောင်းသေးရဲ့လားမသိဘူး အရင်တုန်းက do soo ဆိုတဲ့ soo ဟာသူငယ်ချင်း yeol နဲ့ပတ်သက်လာရင်ဘာမဆိုအကုန်သိတယ်အကုန်ကြိုမြင်တယ် တစ်ခါတစ်လေဆို ကာယကံရှင်ဖြစ်တဲ့ yeol ထက်တောင်ပိုပြီးမြင်နေသေးတယ် yeol ရဲ့စိတ်ထဲမှာဖြစ်နေတဲ့အရာအားလုံးကိုပေါ့ အခုတော့ soo ဘာမှမသိဘူးဖြစ်နေတယ် ကိုယ့်ကိုယ်ကိုလည်းဒေါသထွက်တယ် yeol စိတ်ထဲမှာဘာတွေဖြစ်နေတယ်ဘာတွေခံစားနေရတယ်ဆိုတာကိုမသိလို့လေ အဲ့တော့ baek ကိုပြန်မေးရတဲ့ဘဝရောက်သွားတယ်

Soo : baek အခုတလော yeol ဘာတွေဖြစ်နေလဲဆိုတာသိလားဟင်

Baek: ဟင် soo နင်ကငါ့ကိုပြန်မေးနေတယ် အရင်တုန်းကဆိုyeol နဲ့ပတ်သက်ရင်ဘာမဆိုသိတဲ့သူကလေ

Soo : ဟို ဟိုလေ အခုတလော yeol ဘာတွေဖြစ်နေလဲဆိုတာငါမသိဘူး သူငါ့ကိုလဲဘာမှမပြောဘူး အာ့ကြောင့်နင်များသိမလားလို့မေးကြည့်တာ

Baek : နင်တောင်မသိတာ ငါကသိမလား soo ရယ်

Soo : hmm... yeol အခုတလောဘာတွေစိတ်ညစ်စရာရှိလဲမသိပါဘူးဟာ

Baek : ဒါနဲ့ နင်ကရောဘာတွေဖြစ်နေတာလဲ ငါနင့်ကိုကြည့်နေတာ နင်အရင်တုန်းကလိုမဟုတ်ဘူး တစ်ခုခုကိုစဉ်းစားနေသလိုဘဲ ဘာတွေဒီလောက်တောင်စိတ်ရှုပ်နေရတာလဲ

Soo : နင် ရိပ်မိတယ်ပေါ့

Baek : အင်းပေါ့ နင်ကအရမ်းသိသာနေတာကိုး

Soo : ဟို ငါပြောပြပါ့မယ်ဟာ

Baek : ပြောလေ ဘာတွေဖြစ်နေတာလဲ

Are we friends?Where stories live. Discover now