>Intro<

1.9K 123 6
                                    


~ က​လောင်​ က​လောင်​ ~

သူမ ​မျှော်​လင့်​ထားတဲ့ ​နေ့ရက်​က​လေး​ မထင်​မှတ်
ထားဘဲ ​ရောက်​ရှိလာခဲ့​လေသည်​ သူမ​စောင့်​​မျှော်
ခဲ့တာ ရက်​​ပေါင်းများစွာ လ​ပေါင်းများစွာ အို...
မဟုတ်​ဘူး နှစ်​နဲ့ချီပြီး ​စောင့်​​နေခဲ့ရတာပါ ခု​တော့
နောက်​ဆုံး​တော့ သူမအမြဲမက်​ခဲ့ရတဲ့ ​မျှော်​လင့်
ထားခဲ့ရတဲ့ အိပ်​မက်​က​လေးကို အ​ကောင်​အထည်
ဖော်​နိုင်​ခဲ့​လေသည်​ သူမရဲ့ မ​လျော့ခဲ့တဲ့ဇွဲ​ကြောင့်
ရယ်​လား ဒါမှမဟုတ်​ရင်​ ကံကြမ္မာက ကျွန်​မကို
ကောင်းချီး​ပေးတာလား ကံ​ကောင်းမှုရယ်​လား
ဘာပဲဖြစ်​ဖြစ်​​လေ....မ​မျှော်​လင့်​ထားတဲ့ ကျွန်​မ
ရဲ့နှလုံးသားထဲက အိမ်​မက်​ကြီးတစ်​ခုက
လက်​​တွေ့မှာ ဖြစ်​လာခဲ့တယ်​ဆို​တော့ :) :)

အပြုံးပန်း​တွေ တန်​ဆာဆင်​လျက်​ ရင်​ခုန်​နှုန်း
က ပုံမှန်​ထက်​ ဆယ်​ဆမကချီပြီး​တော့ကို
တဒုတ်​ဒုတ်​နဲ့ အဆက်​မပြတ်ခုန်​​နေ​တာကိုတော့
ကျွန်​မကိုယ်​တိုင်​ကလည်း သတိထားမိပါသည်

ကျွီ~~^^
ဆိုတဲ့ အဖြူ​ရောင်​တံခါးမကြီးရဲ့ ဖွင့်​ဟလိုက်​သံ
ကို ကြားအပြီးမှာ​တော့ ကျွန်​မရဲ့ ရင်​ခုန်​သံ​တွေ
က ဗ​လောင်​ဆူဝုန်းဒိုင်းကြဲဖြစ်​​နေရာက​နေပြီး
ရုတ်​ချည်းရပ်​တန့်​သွားကာ မျက်​ဝန်းပြာပြာ
က​လေး​တွေက အ​ရောင်​တလဲ့လဲ့ ရွှန်းလဲ့စို
စွတ်​​တောက်​ပ​နေ​လေသည်​ ကျွန်​မ ငို​မိသွား
တာလားဆို​တော့ ဟုတ်​တယ်​ ဒါ​ပေမဲ့ 
အရမ်း​ပျော်​လွန်းလို့ ဝမ်းသာမိလွန်းလို့ ငိုမိ
တယ်​လို့​တော့ ​ခေါင်းစဉ်​တတ်​ချင်​ပါတယ်
သူမနဲ့ ​ခြေလှမ်းဆယ်​လှမ်းတိတိအကွာမှာ
သူမသိပ်​ချစ်​ရပါ​သော သူမရဲ့ချစ်​သူက
သတို့သားဝတ်​စုံက​လေး သပ်​သပ်​ရပ်​ရပ်
ဝတ်​ဆင်​ထားကာ သူမကိုအသင့်​ဆီးကြို​နေ
လို့ အရင်​ကလို ​အေးစက်​စက်​​ကျောက်​ရုပ်​ကြီး
တစ်ရုပ်​နှယ်​ အပြုံးအတု​တွေ မျက်​နှာ​ပေါ်တင်
ထားတာမျိုးမဟုတ်​ဘဲ သူမ​စောင့်​​မျှော်​ခဲ့ရတဲ့
အပြုံး​တွေက သိသိသာသာ တန်​ဆာဆင်​ထား
လို့

&gt;MY STALKER&lt;Where stories live. Discover now