~ အပိုင်း၂ ~

771 89 0
                                    

အဲဒီအခိုက်​အတန့်​​က​လေးမှာ သူမဆီတိုး​ဝှေ့
လာတဲ့​ခြေသံသဲ့သဲ့​တွေ​က သူမ​ကို​ခြောက်
လှန့်​​နေသလို ​ခြေလှမ်း​တွေရပ်​တန့်​သွားတယ်
ဆိုတာထက်​သူမသိလိုက်​ရတာက ထိုလူ
သူမ​ရှေ့တည့်​တည့်​မှာကိုရှိ​နေပြီ သို့​သော်
သူ့ရဲ့မျက်​နှာကိုမမြင်​ရ​သေး​ပေ မထင်​မှတ်​စွာ
ဘဲ သူမရဲ့ပါးပြင်​က​လေး​ပေါ်သို့​အေးစက်​လွန်း
လှ​သော လက်​ဝါးပြင်​က​လေးတစ်​ခုညင်​သာ
စွာကျ​ရောက်​လို့လာခဲ့​လေသည်

'အု...အု'
သူမ ​ပြောလိုက်​တာက နင်​ဘယ်​သူလဲ
ဆိုတဲ့​မေးခွန်းပါ တိတ်​ရဲ့လွှမ်းမိုးခြင်းခံ
ထားရတာ​ကြောင့်​ ​မေးသည့်​​မေးခွန်းကို
မေးရာမ​ရောက်​ဘဲနဲ့ တအုအုနဲ့​ခွေး​ပေါက်​စ
လေးတစ်​​ကောင်​ဆာ​လောင်​လို့​အော်​​သလို
ပုံစံဖြစ်​သွား​လေသည်

သူ့ရဲ့​အေးစက်​စက်​လက်​​ချောင်း​တွေပါးပြင်
ပေါ်က​နေ ကွာသွားပြီး သူမကိုမိနစ်​ကြာကြာ
စူးစိုက်​ကြည့်​​နေ​လေသည်​ သူမ​ရှေ့တည့်​တည့်
တွင်​ သူမထိုင်​​နေ​သောအ​နေအထား​လောက်
သူဒူး​လေး​ထောက်​လိုက်​ပြီး သူမနှုတ်​ခမ်းသား
ပေါ်က အနီ​ရောင်​တိတ်​ကို ညင်​ညင်​သာသာ
ခွာ​ပေး​လေသည်​ ​​မေးချင်​​သော​မေးခွန်းများက
တိုင်​ပင်​စရာမလိုပါပဲ ပါးစပ်​က​လေးလွတ်​လပ်
ခွင့်​ရသွား​သောအခါ တဟုန်​ထိုးထွက်​လာ
တော့မည်​ဟု သူမ​တွေးထား​ခဲ့ပေမဲ့လည်း
ထင်​ထားသလိုဖြစ်​မလာခဲ့ပါဘဲ ​​ကြောက်
ရွံ့တုန်​လှုပ်​​နေတာ​ကြောင့်​ ငြိမ်​သက်​​နေခဲ့
သည်​ သို့​သော်​ သူမအကြည့်​​တွေက သူမ
ရှေ့မှာ ဒူး​ထောက်​ထိုင်​ပြီး စူးစိုက်​ကြည့်
နေတဲ့ သူ့ဆီမှာ......

သူ့ကို​သေ​သေချာချာမမြင်​ရ​ပေမဲ့လည်း
သူလူဆိုးတစ်​​ယောက်​မဟုတ်​ဘူးဆိုတဲ့
ခံစားမှု နဲ့ ရင်းနှီးခဲ့​ဖူးတဲ့အ​ငွေ့အသက်​​တွေ
က ရင်​ထဲတိုး​ဝှေ့လို့လာ​လေသည်​ ဘာလို့
မှန်းသူမကိုယ်​တိုင်​လည်း မသိပါ ဘာပဲ
ဖြစ်​ဖြစ်​ ​လော​လောဆယ်​မှာသူမအတွက်
အ​ရေးကြီးတာက ဒီက​နေလွတ်​​မြောက်​ဖို့
ဘဲ ဒီက​နေထွက်​​ပြေးနိုင်​ဖို့ဘဲ သူမရဲ့ပြင်းပြ
တဲ့ဆန္ဒတစ်​ခုဘဲ

>MY STALKER<Where stories live. Discover now