Wonderful With My Birthday

616 50 0
                                    

27.11.2015(Fri)

ကျွန်တော်ရဲ့ 23နှစ်မြောက်မွေးနေ့ကို ခါတိုင်းနှစ်တွေလိုမျိုးပဲ ချစ်ရတဲ့ မိသားစု
ချစ်ရတဲ့ ကျွန်တော့်ရဲ့ EXO Member
နောက်ပြီးတော့ အမြဲ ကျွန်တော့်ကို အားပေးပြီးချစ်ခဲ့တဲ့ ကျွန်တော့်ရဲ့Fan များနှင့်အတူ ပျော်ပျော်ရွှင်ရွှင် ကျင်းပခဲ့ဖြစ်သည်။

သို့ပေမဲ့လို့ ကျွန်တော့်လို Happy Virus တယောက်မှာ
ဝမ်းနည်းစရာလေး တခုကတော့ မနှစ်ကျွန်တော့်မွေးနေ့ကစပြီး ရှိခဲ့လိုနေတယ်ဆိုတာ မည်သူတဦးတယောက်မှ သိရှိမည်မဟုတ်ပေ။

မွေးနေ့တိုင်း များပြားလှတဲ့ Present တွေကို ရရှိခဲ့ပေမဲ့ ကျွန်တော်လိုချင်ခဲ့တဲ့ Birthday Present ကိုတော့ မနှစ် 2014 ကထဲက စပြီး မရရှိခဲ့တော့ပါဘူး။

ကျွန်တော် လိုချင်ခဲ့တဲ့ Present ကို လူတွေ
သိရင် လှောင် ပြောင်ပါလိမ့်မယ်။

တကယ်တော့ အဲ့ဒီ Underwear နဲ့ စပို့ရှပ် အမည်းကို Present ပေးခဲ့တဲ့ Hyung ကို နောက်ထပ် တွေ့ဆုံချင်ခဲ့လို့ပါ။

Present ထက် Hyung ကိုပဲ ကျွန်တော် အမြဲတွေ့ချင်နေမိခဲ့တာပါ။

အမြဲတမ်း Cool Guy style အပြည့်နဲ့ Hyung က တခါတရံ အဲ့လိုမျိုး
ခပ်နောက်နောက် Present မျိုးကို ပေးတတ်ပါတယ်။

2013ခုနှစ်က ကျင်းပခဲ့တဲ့ ကျွန်တော့် အသက် 21 ပြည့်တုန်းက ပြုလုပ်ပေးခဲ့တဲ့ Birthday party လောက် ကျွန်တော် ရင် အရမ်းမခုန်ခဲ့ရပါဘူး။

အသက်အရွယ်ကြောင့် ရင့်ကျက်လာတာလားတော့ မသိ

Birthday ဆိုတာကို အရင်တုန်းကလောက် ရင်မခုန်ခဲ့တော့

ဒါပေမဲ့ လူတယောက်ကိုတော့ ပြန်လာပြီး ကျွန်တော့် အနားမှာ နေစေချင်တဲ့ စိတ်ကတော့
တနှစ်ထက် တနှစ် ပိုပို ဆိုးလာခဲ့တယ်။

ဒီနေ့ BIRTHDAY PARTY ကိုလဲ အရင်တုန်းကလို မပြည့်စုံတော့တဲ့ MEMBER တွေနဲ့ ကျင်းပခဲ့ရပေမဲ့

ကျွန်တော့် မျက်စိထဲမှာကော နှလုံးသားထဲမှာကော

EXO ဆိုတာ အမြဲ Member 12ယောက်နဲ့ ဖွဲ့စည်းထားသလိုပဲမြင်မိတာပါ။

Wonderful With My BirthdayWhere stories live. Discover now