A Message

1.2K 124 16
                                    

The Last Wish... (KrisYeol One Shot)

နှစ်တစ်နှစ်ရဲ့Novemberရောက်လာတိုင်း ကျွန်တော်ရင်ခုန်ရတယ်.......သူရောရင်ခုန်နေမလား???

သူ....သူဆိုတာ Exoအဖွဲ့ထဲမှာကျွန်တော်နဲ့တစ်လထဲမွေးတဲ့သူပေါ့.....Kris Hyung..ကျွန်တော် သိပ်ချစ်ရတဲ့ Kris Hyung..

ကျွန်တော့်ဘေးမှာသူမရှိခဲ့တာ အခုဆိုရင် ၂နှစ်ပြည့်သွားပီပေါ့...စစချင်းသူထွက်သွားတုန်းကဆိုရင်ကျွန်တော် လက်မခံနိုင်ခဲ့ဘူး..ကျွန်တော့်ကိုထားခဲ့တဲ့သူ ကျွန်တော်တို့တစ်ဖွဲ့လုံးကိုထားခဲ့ပီးတစ်ကိုယ်ကောင်းဆန်ဆန်နဲ့ကျောခိုင်းသွားတဲ့သူဆိုပီး သူ့ကိုမုန်းခဲ့တယ် စိတ်နာခဲ့တယ်...အဲ့စိတ်က စိတ်တိုနေတုန်းခနပါပဲ..သူ့ကိုအကြာကြီးမမုန်းနိုင်ခဲ့ဘူး..သူအကြောင်းအရင်းမရှိပဲ တာဝန်မဲ့တဲ့အလုပ်ကိုလုပ်သွားမှာမဟုတ်ဖူးဆိုတာကိုနားလည်လာခဲ့တယ်..အချိန်တွေကကုစားသွားမှာပါဆိုတဲ့စကားမှန်ပါတယ်..လွန်ခဲ့တဲ့၂နှစ်က ဂယက်ထဗြောင်းဆန်ခဲ့တဲ့ကျွန်တော့်နှလုံးသား အခုမှတည်ငြိမ်ကာစပါ...အနာတော့မကျက်နိုင်သေးပါဘူး..ကျွန်တော်သိပ်ချစ်ရတဲ့သူ အနားမှာမှမရှိတာ တစ်နေ့တခြား ကျွန်တော်ပိုနာကျင်ဖို့ပဲရှိတယ် အနာကျက်ဖို့လဲမကြိုးစားဘူး သူပေးခဲ့တဲ့ ဒဏ်ယာကိုကျွန်တော်အရမ်းပဲမြတ်နိုးပါတယ်....

(၆.၁၁)
သူ့မွေးနေ့လေ....ကျွန်တော်ဘယ်မေ့လို့ရမှာလဲ?သူကကျွန်တော့်အတွက်ဘယ်လိုလူမို့လဲ?မေ့သွားဖို့နေနေသာသာ မေ့ပစ်လိုက်​တော့မယ်လို့တောင် မတွေးခဲ့ဘူး..ကျွန်တော့်ဦးနှောက်ကမေ့သွားခဲ့ရင်တောင် ကျွန်တော့်နှလုံးသားကသူနဲ့ပတ်သတ်တဲ့အရာအားလုံးကိုသတိရနေမှာပါ...

သူကကျွန်တော်တို့အဖွဲ့ဝင်မဟုတ်တော့ သူ့အတွက်မွေးနေ့ဆုတောင်းကို လူသိရှင်ကြားကျွန်တော်ပေးလို့မရဘူး..ကျွန်တော်တို့အားလုံးကိုစောင့်ကြည့်နေတဲ့ မျက်စိတွေအများကြီးရှိတယ်လေ..ကျွန်တော် ဆန္ဒကိုတတ်နိုင်သမျှချိုးနှိမ်ရတာပေါ့.ကျွန်တော် သူ့မွေးနေ့လေးမှာ ဆုတောင်းပေးချင်တာနဲ့ ညဏ်များခဲ့ရတယ်လေ.အဲ့နေ့ကSeniorsတွေဖြစ်တဲ့ Super Junior အဖွဲ့က၁၀နှစ်ပြည့်ခဲ့တယ်.တကယ်ဆိုကျွန်တော်Hyungတွေကို၆ရက်နေ့ကျမှလုပ်ပေးလဲရပါတယ်.ဒါပေမဲ့ သူ့မွေးနေ့အတွက်ပါWishချင်တာနဲ့ China စံတော်ချိန်ရောက်တဲ့အထိကျွန်တော်စောင့်ပီး BD Wishပေးခဲ့တယ်..၁ချက်ခုတ်၂ချက်ပြတ်ညဏ်များတာကို သိတဲ့သူတွေလဲသိကျပါတယ်..ကျွန်တော်သူ့ကိုမမေ့ဘူးဆိုတာသူသိရင်သိပ်ကောင်းမှာပဲ

The Last Wish..Where stories live. Discover now