part-1

108 6 0
                                    

Dahe ဆိုတဲ့ကောင်မလေး လေဆိပ်မှာ ရပ်စောင့်နေတယ် သူ ကောင်မလေး တစ်ယောက်ကို တွေ့တော့

Dahe : Na Na !!!!!!!!!! 

Re Na : Y !!!!

နှစ်ယောက်သား ဖက်ပြီတော့ကို ခုန်နေတာ အရမ်းပျော်နေကြတာလေ အရမ်းချစ်တဲ့ သူငယ်ချင်းတွေလေ ခွဲနေရတာ ၅နှစ်ရှိပြီလေ ph အဆက်အသွယ်ကလွဲလို့ ကျန်တာ မရှိဘူးလေ Re Na ရဲ့ မိဘတွေက နိုင်ငံခြား ကို ပြောင်းသွားလို့ Re Na လဲ လိုက်သွားရတယ်လေ  တစ်ဦးတည်းသော သမီးဆိုတော့ နှစ်ယောက်သားက ငယ်ငယ်ထဲက ခင်ကြတာ ညီမတွေလို့ဘဲလေ ခွဲရတုန်းက ဆို ငိုကြတာ ထမင်းလဲမစားနဲ့ပေါ့ အခု Re Na က Dahe နဲ့ လာနေတာလေ မိဘ တွေကို ခွင့်တောင်းပြီ  Dahe ကို ရင်းနှီးတဲ့သူ တိုင်းက Y လို့ခေါ်တယ် Re Na ကိုတော့ Na Na လို့ခေါ်ကြတယ်လေ

အိမ်တော်ထိန်း : မမလေး အိမ်ကျမှ ထပ်ပျော်ပါလား အခုက လေဆိပ်မှာ

Dahe : အိမ်တော်ထိန်းကလဲ မတွေ့ရတာကြာလို့ ပြန်တွေ့လို့ပျော်တာ နေရာ ရွေးရမှာလား

Re Na : အိမ်တော်ထိန်း !!! wow အခုထိ ခန့်ချောကြီးဘဲ

အိမ်တော်ထိန်း : မြှောက်မနေပါနဲ့ အိမ်ပြန်ရအောင်လေ

Re Na: inn လာပါ Y ရာ အိမ်ကျမှ ထပ်ပျော်တာပေါ့

Dahe : ok ! let's go !

အိမ်ရောက်တော့

sunny : သမီး ကြည့်စမ်းချောလာလိုက်တာ ဟယ် လူတောင်မှားတယ် အဖေကြီးရေ လာကြည့်ပါအုံး

onew : ဟုတ်ပါ့ သမီးက ချောလာလိုက်တာ

Dahe : appa နဲ့ omma တို့က သမီးကျတော့ မချောဘူးလား

အိမ်ပေါ်ထပ်ကနေ Dahe ရဲ့ အစ်ကို ဖြစ်သူ kris ဆင်းလာပြီ

kris : မမေးသင့်တာတွေ မမေးနဲ့ omma တို့ဖြေရခက်တယ်

Dahe : OPPA !!!

sunny : ကြည့် တွေ့တယ်မလား ဒီနှစ်ယောက် က အဲ့လိုတွေဖြစ်တုန်း

Re Na : oppa နေကောင်းတယ်နော်

kris : ဒါပေါ့ နောက်နေ့တွေ မျက်စိနောက်ပြီ

Re Na : oppa က Na Na လာတာ မကြိုက်ဘူးပေါ့

kris : မဟုတ်ပါဘူး ဒီလောက်ချောတယ် ကောင်မလေး အိမ်လာနေတာ ဘယ်မကြိုက်ဘဲ နေမလဲ

ဖူးစာWhere stories live. Discover now