ဆေးရုံရောက်တော့ ဆရာဝန်က ခြေထောက်ကို ပတ်တီးစည်းပေးလိုက်တယ် ဆိုးဆိုးရွားရွားမဖြစ်ပါဘူး အဆစ်လေး လွဲရုံပါဘဲ နေ့လည်လောက် ပြီသွားတော့ hotel ဘဲ ပြန်လာလိုက်တယ် Na Na ကို အခန်းထိလိုက်ပို့ပေးပြီမှ chen ပြန်သွားတယ် ပန်းခြံကလူတွေလဲ ညနေလောက် ပြန်ရောက်ကြတယ် ညစာကို ပင်လယ်စာ ထွက်စားတယ် Na Na ကခြေထောက်ဒဏ်ရာနဲ့ မို့ နေခဲ့တယ် အစက Y နေခဲ့မလို့ chen ကနေပေးမယ် ဆိုလို့ Yက ညစာစားတဲ့ သူတွေနဲ့ ပါသွားတယ်
at room 297 ;
Na Na : လိုက်သွားတာ မဟုတ်ဘူး Na Na ကအဆင်ပြေပါတယ်
chen : ရပါတယ် oppa လဲအဆင်ပြေတယ် လိုအပ်တာရှိရင်ပြောနော် အားမနားနဲ့
Na Na : nae
စကားမပြောဖြစ်တော့ဘဲ TV ဘဲကြည့်နေကြတယ် Na Na ကတော့ TV ကြည့်နေတာ သေချာပေမဲ့ chen အတွက်ကတော့ TV ကဇာတ်လမ်းထက် ဆွဲဆောင်မှုရှိတဲ့ Na Na ကိုကြည့်နေတယ်လေ
တော်တော်ကြာတော့ ညစာ အပြင်သွားစားကြတဲ့ သူတွေပြန်လာပြီလေ chen နဲ့ Na Na အတွက် ဝယ်လာကြတာပေါ့
room 297 မှာဘဲ အကုန်စုနေကြတာ ပေါ့ chen နဲ့ Na Na က ဝယ်လာတာတွေ စားနေကြတယ် ကျန်တဲ့သူတွေက စကားပြောတဲ့သူပြော ဆော့တဲ့သူက ဆော့နဲ့ပေါ့ နှစ်ယောက်လုံး စားပြီတော့ အကုန်လုံးစားဖို့အတွက်ဆိုပြီ သစ်သီးနဲ့ မုန့်တွေ လာပို့ပေးထားတယ် suho က အလုပ်ကိစ္စနဲ့ seoul ခဏပြန်သွားတယ်လေ ညစာ အပြင်ထွက်စားပြီ အပြန်မှာဘဲ တစ်ခါတည်း seoul ကိုပြန်သွားတာလေ စားနေကြရင်sehun : hyung မနက် ကမေးခွန်းမဖြေရသေး ဘူး
chen : ဘာလဲ ???
sehun : Na Na ဒဏ်ရာ ရတာကို ဘာလို့ hgung က စိတ်ပူနေတာလဲလို့
chen : အဲ့ဒါက
ပြောနေရင် Na Na ကို ကြည့်လိုက်တယ် Na Na လဲ သိချင်နေတဲ့ မျက်လုံးတွေနဲ့ chen ကိုကြည့်နေတယ်လေ
chen : Y sorry ပါ oppa က Yနဲ့ sehun ကို အဆင်ပြေဖို့ ကူညီနေတာ ဒါပေမဲ့ target တွေလွဲကုန်ပြီ
Y : ဟင်???
chen : oppa Na Na ကိုချစ်မိနေပြီ
Na Na : ရှင် !!!!
Na Na မျက်လုံး အပြူးသားနဲ့ chen ကိုကြည့်နေတယ် Y လဲ chen ကိုတစ်လှည့် Na Na ကို တစ်လှည့်ကြည့်နေတယ် sehun ကတော့ သူမှန်းတာ မှန်တယ်ဆိုတဲ့ ပုံစံနဲ့ ပေါ့ ကျန်တဲ့သူတွေလဲ နည်းနည်းတော့ ခန်းမှန်းမိပြီးသား ထင်ပါတယ် အရမ်းအံ့ သြတဲ ပုံစံ မပေါက်ဘူးလေ

YOU ARE READING
ဖူးစာ
Randomသူငယ်ချင်းအတွဲကို အဆင်ပြေအောင် လုပ်ပေးရင် ဖူးစာရှင်နှင့်တွေ့သွားသောကောင်မလေး chen × fangirl