"အား...........!!!!!"
ဒါ ဒါ ဘယ်လိုဖြစ်တာလဲ?? ဒါ ဒါ ငါမြင်နေရတာ Jinyoung oppa ကြီးပါ နေဦး.. ငါ theme တွေဘာတွေများ run ထားမိသေးလား..
"Hyung Hyung ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ??"
ဟင် hyung တဲ့???
အခန်းပြင်က လူတစ်ယောက်ရဲ့ စိတ်ပူနေတဲ့ အသံ
ဒီအသံကို ကျွန်မ တော်တော်ရင်းရင်းနှီးနှီး ကြားဖူးနေရဲ့...
ဟင်.... BamBam မလား???
"အဆင်ပြေရဲ့လား?? ကျွန်တော်ဝင်လာမယ်နော်"
ဟင် ဝင်လာမယ်တဲ့ ဘယ်လို... ဘယ်လို လုပ်ရမလဲ??
"မဝင်နဲ့!!!!"
"Nae?? အဆင်ပြေလို့လား.... hyung အိပ်မက်ဆိုး မက်လို့လား??"
"ဘာမှ မဖြစ်ဘူး ခုပြန်အိပ်တော့မလို့... မင်းကရော??"
"Jackson hyung ဝယ်လာတဲ့ Americano သောက်ပြီး အိပ်မပျော်လို့ hyung ရဲ့"
"ဩော် ပြန်အိပ် ပြန်အိပ် hyung ဘာမှ မဖြစ်ဘူး"
"Nae အိပ်ပီနော်"
ခဏကြာတော့ အသံတိတ်သွားတယ်..
ဘာတွေလဲ ဘယ်လိုတွေ ဖြစ်ကုန်တာလဲ???
ပြန်စဉ်းစားကြည့်တော့ .....
ကျွန်မ ကားတိုက်မိတယ်...
နောက်ပီး.. ဘာဖြစ်ကုန်တာလဲ???
ကျွန်မ တကယ်ကို နားမလည်တော့တာ အမှန်ပါ
ဒါ အိပ်မက်ပဲ ဖြစ်မှာပါလေ
ခုချိန်မှာ အိပ်လိုက်ရင် မနက်ကျ အားလုံးကောင်းသွားမှာပါဆိုတဲ့ အတွေးနဲ့ ကျွန်မ အိပ်လိုက်တယ်
♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡♡
Next moring @5 am
ကျွန်မ တကယ်ဆို နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ခဲ့ပါဘူး ကျွန်မရဲ့ ဆုတောင်းချက်က ကြမ်းလွန်းသွားခဲ့တာလား ဆိုတာ တကယ်သိချင်မိတယ်...
ကျွန်မ တကယ် Jinyoung oppa ဖြစ်သွားခဲ့တာလား??
"ထကြတော့ ထကြတော့ Jackson ထထ ဟိုထောင့်ကပ်နေတဲ့ BamBam ထတော့ ထထ"
ဒီအသံက Mark အသံပါလား
ကျွန်မ သိထားတဲ့အတိုင်းပဲ Mark oppa က မနက် နှိုးစက်ကြီး မှန်နေတာပါပဲလား
YOU ARE READING
SWITCH
Fanfictionငါက ဘယ်သူလဲ?? ကျွန်မလား? ကျွန်တော်လား? အရင်က ကျွန်မ ဘယ်သူလဲ? ခု ကျွန်တော် ဘယ်သူလဲ? သေချာတာတော့ အရင်က ကျွန်မမဟုတ်တော့တဲ့ အခု ကျွန်တော် ဖြစ်နေတာပဲ ကျွန်တော် Arnyi... ကျွန်မ ကံကောင်းတာလား? ကံဆိုးတာလား? ကျွန်မ....... ဆုတောင်းကြမ်းသွားခဲ့တယ်....!!! ကျွန်...