Part 2

1.7K 100 3
                                    

Seoulမြို့၏ သန်းခေါင်ယံ အချိန်ည(11)နာရီခန့်
တွင် Seoulမြို့စွန်း တစ်နေရာ..လူသူကင်းဝေး
သော အဆောက်အအုံ တစ်ခုတွင်..ကြောက်ရွံ့မှု
ပေါင်းများစွာဖြင့် လူတစ်ယောက်....,
ထိုသူ၏အနောက်တွင် လူ 10 ယောက်ခန့်ရှိနေ
သည်...ထိုသူ၏အရှေ့တွင်မူ အနက်ရောင်
evening gown ဝတ်ဆင်ထားသော
မိန်းကလေးတစ်ယောက်...လက်ထဲတွင်တော့
ပစ္စတိုတစ်လက်ရှိနေသည်....

(……)...Devil  ကျွန်..ကျွန်တော် တောင်းပန်ပါ
တယ်...နောက်တစ်ကြိမ် အခွင့်အရေး ပေး..ပေး
ပါနော်

မိန်းကလေး၏မျက်နှာတွင် devilအပြုံးတစ်
ချက် ပြုံးလိုက်သည်...ထို့နောက် ပစ္စတိုကို ထိုသူ
၏နဖူးတည့်တည့်ချိန်လိုက်သည်...

(Devil)...လူတစ်ယောက်အတွက် အခွင့်အရေး
တစ်ခါဘဲ ရှိတယ်...နောက်တစ်ခါလိုချင်ရင် သူ
သေပြီး ပြန်မွေးလာမှဘဲရမယ်..ကျွန်မပြောတာ
ရှင်းရှင်းလေးပါ..နောက်တစ်ခါ အခွင့်အရေးလို
ချင်ရင် အခုရှင်သေရမယ်
(……)…ဒါပေမယ့် ကျွန်..ကျွန်တော်….'အားးးး'

ထိုသူ တစ်ချက်မှပင် မလုပ်နိုင်...ဦးခေါင်းမှစီးကျ
လာသောသွေးများမှာ နေရာအနှံ့...

(Devil)…သူနဲ့သက်ဆိုင်တဲ့ မိသားစုတွေကိုပါ
အကုန်ရှင်းလိုက်...
(……)…ဟုတ်ကဲ့  Devil

ထိုမိန်းကလေးမှာအခြားသူမဟုတ်...Devilဟု
ခေါ်ဆိုကြသော 'Tiffany' ပင်ဖြစ်သည်..

ထိုစဉ်~~~~

(Yuri)…Fany ဟိုတစ်လောကနင့်လက်
အောက်ကလူကို ဖမ်းလိုက်တဲ့ ရဲအကြောင်း
ငါနည်းနည်းတော့ စုံစမ်းလို့ ရခဲ့တယ်...ရော့ဒီမှာ
သူ့photo ..သူ့နာမည်က Kim Taeyeon..
အသက်ကတော့ နင်နဲ့အတူတုဘဲ  25နှစ်..
(Hyo)…မဆိုးပါဘူး ငါတို့လူကိုတောင် ဖမ်းနိုင်
တယ်ဆိုတော့..

Yuri နဲ့HyoyeonကFanyနဲ့ငယ်ငယ်ကတည်း
ကတူတူကြီးပြင်းလာတဲ့သူတွေ...ပြီးတော့ fany
လုပ်ချင်တဲ့အရာမှန်သမျှ လုပ်ပေးတဲ့ သူတွေ...
best friendsတွေပေါ့..နှစ်ယောက်စလုံး 25နှစ်

(Yuri)…ငါတို့သူ့ကိုဘယ်လိုသင်ခန်းစာပေး
ရင်ကောင်းမလဲ..

သို့သော် fany က photo ကိုသာ စူးစိုက်ကြည့်
နေသောကြောင့်

(Hyo)…ဟေ့ .. Fany
(Fany)…အော်..အေး ထုံးစံအတိုင်းပေါ့

သို့သော် fanyစိတ်ထဲတွင် taeyeonကို မုန်း
သောစိတ်မရှိ...မိမိလုပ်ငန်းဖျက်ဆီးသူဆိုလျှင်
အချိန်မဆွဲ ချက်ချင်း တုံ့ပြန်သူဖြစ်သော fany..
သို့သော်taeyeonကိုမူ ထိုသို့မဟုတ်သော
ကြောင့် မိမိကိုယ်ကို အံ့သြနေမိသည်...ထူးဆန်း
သည်က သူ့ကို fany ရင်းနှီးနေသယောင်..
fanyနှုတ်မှ စကားတစ်ခွန်းကိုသာ ရရွတ်လိုက်
သည်

(Fany)…  "Kim TaeYeon"

Angel&Devil loveHikayelerin yaşadığı yer. Şimdi keşfedin