Layလည်းအတတ်နိုင်ဆုံးပြုံးထားလိုက်တယ်။တစ်နေကုန်Xiuကိုစကားမပြောပေ။ခေါင်းမှောက်ပြီးသာအိပ်နေလိုက်တယ်။Xiuလည်းမနေတတ်ပေ။ခါတိုင်းLayကသူ့ကိုပြုံးပြုံးပြတယ်လေ။သူနဲ့မျက်လုံးချင်းဆုံတိုင်းပါးချိုင့်လေးပေါ်အောင်ရယ်ပြတတ်တယ်။ခုဆိုသူနဲ့မျက်လုံးချင်းဆုံဖို့မပြောနဲ့လှည့်တောင်မကြည့်ဘူးလေ။ကျောင်းဆင်းရင်သူ့ကိုမေးဉ်ီးမယ်။
ကျောင်းဆင်းသော်......
Xiuတစ်ယောက်Layနားလိုက်လာပြီးတော့Layလက်ကိုချိတ်လိုက်တယ်။ပြီးတော့aegyoတွေဇွတ်ထုတ်နေတော့တာပေါ့။
Xiu "Layနင်ငါ့ကိုစိတ်ဆိုးနေတာလား?"
Lay "Arniငါနင့်ကိုစိတ်မဆိုးပါဘူး။စိတ်ညစ်နေလို့ပါ။"
Xiu "ဘာတွေစိတ်ညစ်နေတာလဲ?"
Lay "ဘာမှမဟုတ်ပါဘူး။နင်သိလည်းဘာမှမထူးဘူး။"
Xiu "နင်ကကိုယ့်သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးကိုတောင်ချန်ထားတယ်ပေါ့လေ။အဲ့ဒါဆိုလည်းမမေးတော့ဘူး။ငါတို့တော့ပုကီသွားစားရအောင်"ဆိုပြီးLayကိုခေါ်သွားတယ်။
ဆိုင်ရောက်သော်.....
Xiu "Arjumma ဒီကိုတော့ပုက်ီနှစ်ပွဲချပေးပါ။စပ်စပ်လေးနော်။ပြီးတော့ကိုလာနှစါဘူးပါချပေးနော်။"
Arjumma "Xiuသမီးတစ်ယောက်ထဲလား?"
Xiu "Arniသမီးအချစ်ဆုံးသူငယ်ချင်းပါလာတယ်။"
Lay *အချစ်ဆုံးသူငယ်ချင်းတဲ့လားXiuရယ်*
ထိုအချိန်Layဆီကိုဖုန်းဝင်လာတယ်။
Lay "Xiuခဏနော်။Ommaဖုန်းဆက်လို့။"ဆိုပြ်ီးဆိုင်အပြင်ထွက်ပြောလိုက်တယ်။
Lay's Omma "သားအခုဘယ်မှာလဲ?"
Lay "သားကခုတော့ပုကီဆိုင်မှာXiuနဲ့။"
Lay's Omma "သားခုပဲသားအဖေကအလုပ်ကိစ္စနဲ့အမေရိကားကိုသွားတော့မှာ။ဟိုမှာပဲအခြေချဖြစ်မယ်တဲ့။အဲ့ဒါအမေတို့လည်းနက်ဖြန်လိုက်သွားရမှာ။သားကျောင်းကိုဟိုမှာစီစဉ်ထားလိုက်ပြီ။ဒီလိုမျိုးချက်ချင်းသွားရမယ်လို့မထင်ထားဘူး။"
Lay "OmmaသားXiuကိုဘယ်လိုပြောရမှာလဲ?"
Layလည်းစိတ်ညစ်ညစ်နဲ့ဖုန်းချပြီးဆိုင်ထဲပြန်ဝင်လာလိုက်တယ်။ဆိုင်ထဲလည်းရောက်ရောပါးစပ်တွေပေပွနေပြီးပလုတိပလောင်းစားနေတဲ့Xiuကိုသူငေးကြည့်နေမိတယ်။
Lay *ငါနင့်ကိုဘယ်လိုမှမခွဲနိုင်ဘူး။ဘယ်လိုနှုတ်ဆက်စကားပြောရက်ပါ့မလဲ။*
Xiu "လာစားလေ။ဘာရပ်လုပ်နေတာလဲ။"
Lay "Arrasaw"
Xiuလည်းLayပါးစပ်ထဲကိုအတင်းထည့်ပေးလိုက်တယ်။Layလည်းတစ်ရှူးတစ်ရွက်ယူပြ်ီးXiuပါးစပ်ကိုသုတ်ပေးနေတယ်။
Lay "Xiuနင်ဒီနေ့အားတယ်မလား?"
Xiu "Imm Wae?"
Lay "အားရင်ငါနဲ့ဒီနေ့တစ်ရက်လျှောက်လည်ကြရအောင်။"
Lay "Kaja"
Xiu *Layတကယ်ငါနဲ့လျှောက်လည်ချင်တယ်လို့ပြောလိုက်တာလား?*
Lay "ဟုတ်တယ်ငါတို့ခင်လာတာကြာပြီဒါပေမယ့်တူတူလျှောက်မသွားဖူးဘူး။အဲ့ဒါကြောင့်။"
Xiu *ငါစဉ်းစားနေတာသူများသိသွားတာလားမသိဘူး။*
YOU ARE READING
All you need is love
FanfictionXiuနဲ့Layကငယ်ငယ်ကတည်းကအချစ်ဆုံးသူငယ်ချင်းတွေနောက်တော့အရွယ်ရောက်လာတော့တစ်ယောက်နဲ့တစ်ယောက်သူငယ်ချင်းဆိုတဲ့စည်းကိုအရောင်ဆိုးမိသောအခါ.......... Xiuကိုလည်းအသည်းသန်လိုက်ကြိုက်သောသူနဲ့Layသူငယ်ချင်းအရင်းခေါက်ခေါက်ဖြစ်...