Part (2)

463 50 10
                                    

1)

"မင်းကလဲကွာ...ဒီလောက်ကြီး ဖြစ်ပျက်မနေစမ်းပါနဲ့...မင်းဘက်ကလည်း လွန်တာကိုး...ဘာလို့ သူများစာအုပ်ကို သွားဆွဲဖြဲတာတုန်း..."

အိပ်ရာထဲ၌ စောင်ခေါင်းမြီးခြုံ၍ အောင်းနေရှာသော Kim Jong Inအား ChanYeol, BaekHyunနှင့် Chenတို့ သုံးယောက်ပေါင်း၍ အပြစ်တင်နေကြခြင်းပင်...နတ်နန်းကဲ့သို့ ထည်ဝါလှသောဤအိမ်ကြီးထဲတွင် Kim Jong Inတစ်ယောက်တည်းသာ နေသည်မို့ သူတို့၃ယောက်အတွက် တံခါးမရှိ ဓားမရှိ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်ခွင့်ရနေသည်က သိပ်တော့မထူးဆန်းလှတော့...ခုလည်း မနက်အစောကြီးကတည်းက ၃ယောက်သား ရောက်လာကြပြီး Kim Jong In အား ကားလျှောက်မောင်းရန် လာဆွယ်ကြခြင်းဖြစ်လေသည်...

"မင်းဟာလေ...Sooကို ချစ်တယ်လည်းပြောသေးတယ်..ပြီးတော့ Sooမကြိုက်တာတွေကို သွားသွားလုပ်တယ်....မင်းက မမုန်းမုန်းအောင်လုပ်နေမှတော့ ဟိုက မုန်းတယ်လို့မပြောဘဲနေမလား...အဲသလို ပြောလိုက်ပြန်တော့လည်း ခံနိုင်ရည်ရှိတာမဟုတ်ဘူး...မင်းဟာကြီးက မဟုတ်သေးပါဘူး Jong Inရာ..."

Chenပြောသမျှ တုပ်တုပ်မျှမျှမလှုပ်ဘဲ စောင်အတွင်းမှ နားထောင်နေပြီး အတန်ကြာတော့မှ Jong Inတစ်ယောက်သက်ပြင်းတစ်ချက်ချလိုက်ပြီး....

"ငါလည်း လုပ်ချင်လို့ လုပ်နေတာ မဟုတ်ပါဘူးကွာ....အဲသလို လုပ်တာက ပိုကောင်းမယ်ထင်လို့ လုပ်လိုက်တာပါ...."

"မင်းကလဲ...ဘယ်နေရာကိုကြည့်ပြီး ပိုကောင်းတယ်ထင်လို့လုပ်လိုက်တာလဲ...မင်း ဒီလိုလုပ်နေတာက ဘာမှကောင်းတာမရှိဘူးဟေ့ကောင်...အကုန်လုံးက မိုင်းနက်စ်ပြနေတာ....ကဲ...ဒါတွေ ထားလိုက်ပါတော့...လာ...ငါတို့နဲ့ ကားလျှောက်မောင်းရအောင်...ထတော့..."

"မလိုက်ချင်ပါဘူးကွာ...မင်းတို့ဘာသာ မင်းတို့သွားကြတော့....ငါ ဒီနေ့ အေးအေးဆေးဆေး နားချင်တယ်...သွားကြတော့ကွာ...မင်းတို့ကောင်တွေ တော်တော်နားငြီးတယ်..."

"အမလေး...ဖြစ်ရတယ်...အေးပါကွာ..နားပါ...နားပါ...အလုပ်ကြီးအကိုင်ကြီးတွေ လုပ်နေရတဲ့သူဆိုတော့...အချိန်လုပြီး နားရတာကိုး...မနှောင့်ယှက်တော့ပါဘူးနော်...ကဲ..သွားပြီ ဟကောင်ရေ..."

Cuz Imma Your SHADOWWhere stories live. Discover now