Unbelievable

488 20 2
                                    

ငါ အရင်တုန်းက Vampireဖြစ်ရတာနဲ့ ပတ်သတ်ပြီး အထွေအထူးမခံစားခဲ့ရဘူးfany။ငါအကောင်းဆုံးဖြစ်အောင် ကြိုးစားပြီး နေမယ်လို့ပဲ စိတ်တင်းထားခဲ့တာ။ဒါပင်မဲ့ နင်နဲ့တွေ့ပြီးမှ ငါ့ဘဝကို ငါပထမဆုံး မုန်းတီးလာမိတယ်။ငါလည်း နင်တို့လို လူသားတစ်ယောက်ဖြစ်ချင်လာတယ်။နင်ငါ့ကို Vampireမှန်းသိရင် တစ်ခြားသူတွေလို ထားသွားမှာကို ငါသိပ်ကြောက်တယ်။ငါနင့်ကို လိမ်ခဲ့တာမဟုတ်ပါဘူး။ငါ့ဘဝထဲမှာ နင်မရှိတော့မှာကို ငါတွေးပြီး အရမ်းကြောက်နေခဲ့လိုပါ။ငါ နင့်ကို သိပ်ချစ်တယ် fany။နင်က ငါ့ဘဝမှာ ဘယ်တော့မှ အစားမထိုးနိုင်တော့မဲ့ အချစ်ဆုံး သူငယ်ချင်းတစ်ယောက်ပါ။ငါနဲ့နင်နဲ့ ထိုင်နေကျ သစ်ပင်လေးအောက်မှာ ငါနင့်ကို စောင့်နေမယ်။နင်ငါ့ကို အရင်လို ခင်သေးရင် လာခဲ့ပါနော်။ငါ နင်လာမဲ့အချိန်ထိကို စောင့်နေပါ့မယ်။
taeမနက်တည်းကနေထိုင်စောင့်နေခဲ့တာည၈နာရီကျော်တောင်ရှိနေ ပြီ။fany အခုထိမလာသေးပါ။fany သူ့ကို မုန်းသွားပြီထင်ပါတယ်။taeထိုင်ခုံလေးကနေထပြီးသူရဲ့ခြေလှမ်းတွေကိုအိမ်ပြန်ဖို့ဟန်ပြင်
လိုက်သည်။ရုတ်တရက်သူ့ကို အနောက်ကနေတစ်စုံတစ်ယောက်က သိုင်းဖက်လိုက်သည်။သူ့ကို သိုင်းဖက်ထားတဲ့သူကိုtaeခေါင်းလေးစောင်းပြီးလှည့်ကြည့်လိုက်သည်။သူတွေ့လိုက်ရတဲ့သူကfanyပါ။tae အရမ်းပျော်သွားသည်။fanyဘက်ကိုလှည့်ပြီး
tae--နင် ငါ့ကို မမုန်းဘူးပေါ့နော်။ငါက နင်ငါ့ကို မုန်းသွားပြီထင်နေတာ။
fany--နင်ပြောတော့ ငါလာတဲ့ထိ စောင့်မယ်ဆို။အခုကျတော့-------
tae--ငါမနက်တည်းက စောင့်နေတာပါ။အခုချိန်ထိတောင် နင်မရောက်မလာတော့ဘူးဆိုတော့ ငါ့ကိုမတွေ့ချင်တော့ဘူး
ထင်လို့ပါ။
fany---မနက်တည်းကစောင့်နေတာ သိသားပဲ။
tae--ဒါဆို နင်လည်းမနက်ထဲကရောက်နေတာပေါ့။ဒါနဲ့များ fanyရယ်။ငါ့ကို ဒီအချိန်ထိ ညှင်းထားရက်တယ်။
fany--ငါ့ကို လိမ်တာကိုး။ဒီလောက်တော့ အပြစ်ပေးရမှာပေါ့။
tae--ငါကအခုလည်း Vampire ပဲနော်။ငါ့ကို မကြောက်ဘူးလား။
fany--မကြောက်ပါဘူး။ငါ ယုံကြည်တယ် နင်က ဘယ်တော့မှ ငါ့သွေးကိုစုတ်မှာ မဟုတ်ဘူးဆိုတာ
tae--စိတ်ချပါ fanyရယ်။ငါနင့်သွေးကို သောက်မှ အသက်ရှင်မယ်ဆိုရင် ငါအသက်သာအသေခံလိုက်ပါ့မယ်။
fany taeကို တင်းကြပ်စွာ ဖက်ထားလိုက်ပြီး
fany--ငါယုံတယ် ငါနင့်ကို အမြဲတမ်း ယုံကြည်နေမှာပါ။လူတွေအားလုံး နင့်ဘက်မှာ မရှိရင်တောင် ငါနင့်ဘက်မှာ ရပ်တည်ပေးမယ်။ငါနင့်ကိုထားခဲ့ပြီး ဘယ

UnbelievableWhere stories live. Discover now