Intro

695 52 6
                                    

မနီးမဝေးတွင်ဖြစ်တည်နေသော

Episode-(1)

အချစ်ဆိုတဲ့ အရာက ကိုယ့်ရဲ့အဝေးဆုံးနေရာ မှာရှိနေတာလား။

ဒါမှမဟုတ် အနီးဆုံးနေရာမှာ ရှိနေတာလား။

ထောင့်စွန်းတိုင်းမှာ အချစ်တွေရှိ နေတယ်ဆိုရင် သူတို့တွေအတွက်တော့ အချစ်ကတော့ သေချာတယ် စက်ဝိုင်းဘဲဖြစ်လောက်တယ်။

ထောင့်စွန်းတွေရှာမတွေ့ကြဘူးလေ။

အနီးအနားမှာရှိနေပေမယ့် ဝေးနေသလို ခံစားရတယ်။

အဝေးမှာရှိနေပေမယ့်လည်း နီးနေသလိုခံစားရတယ်။

ပေးဆပ်ခြင်း၊ ရယူခြင်း၊ နာကျည်းခြင်း၊ စွန့်လွှတ်အနစ်နာခံခြင်း၊ စတဲ့ စကားလုံးတွေနဲ့ အချစ်ဆိုတဲ့ စကားလုံးကိုအဓိပ္ပာယ်ဖွင့်တဲ့ သူတို့ လေးယောက်ရဲ့ အဆုံးသတ်ထောင့်စွန်းကိုယ်စီက...

မနီးမဝေးမှာ ဖြစ်တည်နေတဲ့ အချစ်ဆိုတဲ့အရာ အပေါ် ထားရှိတဲ့ သူတို့လေးယောက်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် ကတော့.........

#######

1992 spring .....

ဒီအိမ်လေးမှာ အပြုံးလေးတွေစတင်လွှမ်းခြုံတဲ့ နှစ်လေးတစ်နှစ်ပေါ့။

^သူဠေး၊ သူဠေးကတော်က အမြွှာလေးမွေးပါတယ်။ နှစ်ယောက်လုံး မိန်းကလေးပါဘဲ။^

သူဠေးမှာသူအိမ်ကအခိုင်းအစေလေးရဲ့စကားကို ကြားပြီးမျက်နှာမှာပီရိကြောင့် ဝင်းနေတဲ့ အပြုံးလေး တစ်ခု။

အမြွှာဆိုတဲ့ အတိုင်း ကလေးမလေးနှစ်ယောက်ရဲ့ ပုံသဏ္ဌန်ကလည်း ချွတ်စွပ်။ သူဠေးကြီး နာမည် ကင်ပွန်းတပ်ပေးလိုက်တဲ့ သူ့ရတနာလေးနှစ်ယောက် ရဲ့နာမည်က

^ Soo နဲ့ Baek ^

Soo နဲ့ Baek... အိမ်ရဲ့ရတနာနှစ်ပါးလေး။ နှစ်ယောက်လုံး နို့နှစ်ရောင်လိုကြည်လင် ဝင်းပနေတဲ့ အသားအရည် မျက်လုံးပြူးပြူးဝိုင်းဝိုင်း နဲ့ အသည်းပုံ နှုတ်ခမ်းပိုင်ရှင်တွေ။ တကယ့်ကို ချွတ်စွပ်တူနေသော ကြောင့် သူတို့ အဖေအမေကိုယ်တိုင်တောင် တချက် တချက် ခွဲမရခဲ့ပေ။

မနီးမဝေးတွင်ဖြစ်တည်နေသောWhere stories live. Discover now