နေရာတကာအအေးဓာတ်တွေပဲလွှမ်းမိုးနေတဲ့ဒီဇင်ဘာနေ့လေးတစ်နေ့.....
အချိန်ကားည၈နာရီခန့်.....
ကိုရီးယားမြေကသမီးပျိုလေးတွေသာမကတစ်ကမ္ဘာလုံးကပါရောက်ဖူးချင်နေတဲ့ Top star exoရဲ့ dormမှာတော့ကောင်လေး၁၂ယောက်ထမင်းစားပွဲကြီးကိုပတ်ပတ်လည်ထိုင်နေရင်းသူတို့ရဲ့christmas ညစာကိုမြိန်ရေရှက်ရေသုံးဆောင်နေလေရဲ့
နောက်၃ရက်နေရင်ဖျော်ဖြေရမယ့်concertကြောင့် kris,luhanနဲ့ taoတို့ပါရောက်နေကြတာပေါ့
တစ်မနက်ခင်းလုံးလဲအရင်နှစ်တွေကတူတူမရှိရလို့ဆိုပြီး အရင်တုန်းကshowtimeမှာလုပ်ခဲ့ဖူးသလိုဗြောင်းဆန်အောင်ဆော့ခဲ့ကြပြီးပြီ ဒါပေမဲ့ဒီနှစ်ထူးခြားတာတစ်ခုက....
Baek:suho hyung ကျွန်တော်တို့ညဘက်ထွက်လည်ရအောင်
Yeol:အဲဒီအစီအစဉ်ကောင်းတယ် အားလုံးတူတူလျှောက်မလည်ရတာကြာပြီမလား
Suho:မင်းတို့၂ယောက်လည်ချင်တာများများမလား concertလဲနီးနေပြီဟာကို ဘာလုပ်ဖို့ထွက်မှာလဲ
Hun: ဒီလိုပဲ သူများနည်းတူchristmasညကိုခံစားမှာပေါ့ hyungရဲ့
Suho:hyung ကပြဿနာတစ်ခုခုဖြစ်မှာကိုစိုးရိမ်လို့ပါ hunရယ်
Tao:ကျွန်တော်တို့ဘာမှမဖြစ်အောင်နေပါ့မယ်
အဲဒီအချိန်မှာchenကxingနားကိုကပ်ပြီးတစ်ခုခုပြောလိုက်တယ်
Xing: chanbaekရေ သူမလိုက်ချင်ရင်နေပါစေ ငါတို့ဘာသာသွားမယ်
Chenကsuhoနားပြန်ကပ်သွားပြီး
Chen:suho ssi zhang yixing ssi စိတ်ဆိုးပြီး နောက်နှစ် christmas မပြန်လာပဲတရုတ်မှာပဲနေနေရင်နောင်တရရလိမ့်မယ်နော်
Xingကိုကြည့်တော့လဲမျက်နှာထားကခပ်တည်တည်နဲ့ chenပြောသလိုတကယ်လုပ်မယ့်ပုံ
Hun: သွားရအောင်ပါ hyungရယ် နော်
ုSuho: Aishh မင်းတို့တွေငါ့ကိုတကယ်ပဲ... သွားမယ် သွားမယ် သွားရင်ပြီးရောမဟုတ်လား ဒါပေမဲ့ fanတွေဘေးနားကနေကျိတ်ကျိတ်တိုးနေရင်ဘယ်လိုလုပ်ပြီးပျော်စရာကောင်းတော့မှာလဲ
YOU ARE READING
❆ Sweet christmas date with exo❆
Romanceconcertတစ်ခုကြောင့်kris,tao, နဲ့ luhanတို့ပါ exo အဖွဲ့ဆီပြန်ရောက်နေတဲ့အချိန်မှာဖြစ်ပေါ်ခဲ့တဲ့ top 6 otp Christmas date