Ep-1

1.2K 105 1
                                    

မူကြို​ကျောင်း​လေ တခု~

က​လေး​တွေအကုန်​လုံး ဆူညံ​နေကြသည်​...ငို​နေတဲ့ က​လေး​တွေက ငို ....အနိုင်​ကျင့်​​နေတဲ့ က​လေး​တွေက အနိုင်​ကျင့်​နဲ့ ~~တချို့များကြ​တော့ အ​မေ​တွေကို အိမို ပြန်​လိုက်​ချင်​လို့ အတင်းဆွဲထားကြသူ​တွေက ရှိ​သေးသည်​ !

ထို ဆူညံမှု​တွေကြားထဲသို့ ​ငြိမ်​သက်​စွာ လမ်း​လျှောက်​လာ​သော က​လေး တ​ယောက်​ !

Boy's Omma- သား​ရေ အ​မေပြန်​ပြီ​နော်​ !

ထို​ကောင်​​လေးလဲ ​ခေါင်းတချက်​သာ ညိမ့်​ပြခဲ့ ပြီး သူ့အတန်းထဲ သို့ တန်းတန်းမတ်​မတ်​သာ ၀င်​လာခဲ့ သည်​ ! ထို​ကောင်​​လေး ၏ မျက်​နှာမှာ အရယ်​ အပြုံး ဆိုသည့်​အရိပ်​အ​ယောင်​ တစက်​မျှပင်​မ​တွေ့ရ !
သူ အခန်းရဲ့ ​ထောင့်​​လေးကို သွားပြီး သူ့လွယ်​အိတ်​ထဲ က စာအုပ်​​လေးကို ထုတ်​ဖတ်​​နေလိုက်​သည်​ ! စာအုပ်​​ပေါ်မှာ ​ရေးထားတဲ့ နာမည်​က
"BYUN BAEKHYUN"
စာအုပ်​ဆိုသည်​မှာ အခြားမဟုတ်​ ! သူအပြင်း​ပြေ ဖတ်​ဖို့ယူလာ​သော ရုပ်​ပြ​ရောင်​စုံ စာအုပ်​​လေးပင်​ဖြစ်​သည်​ !
ထို ​ကောင်​​လေးကို ဘယ်​သူမှ ဂရုမစိုက်​ ~သို့​သော်​ ဟိုဘက်​ ​ထောင့်​တ​နေရာက ​နေ....သူ့ကို စူးစမ်းစွာ ကြည့်​​နေခဲ့​သော နားကားကား ​ကောင်​​လေး တစ်​​ယောက်​ !
သူ့လည်​ပင်းမှာ ဆွဲထား​သော card အရ​တော့ သူ့နာမည်​က "PARK CHANYEOL"

Chanyeol-သူ့ကြည့်​ရတာ ထူးဆန်းလိုက်​တာ !သူဝင်​လာတာ သူများ​တွေလို ငိုလည်းမငိုဖူး...သူ့အ​မေကိုစကားလည်း ပြန်​မ​ပြောဖူး...ရုပ်​တည်​ကြီးနဲ့ ~ငါ သွားစကား​ပြောကြည့်​လိုက်​ဦးမယ်​ !

ထို​ကောင်​​လေးလဲ ထိုင်​​နေရာမှထလိုက်​ပြီး ထူး​ဆန်း​သော​ကောင်​​လေး ဆီသို့​လျှောက်​သွားလိုက်​သည်​ !

Chanyeol's POV-woow....သူက အရမ်းချစ်​ဖို့​ကောင်းတာဘဲ..မျက်​လုံး​လေး​တွေကလည်း ​မှေး​မှေးနဲ့ Puppy ​လေးကျ​နေတာဘဲ...အသား​လေးကလည်း ဖြူ​ဖွေး​နေတာဘဲ !

Chanyeol-Annyeong ! ငါ့နာမည်​က Park Chanyeol ပါ ! ငါမင်းနဲ့ သူငယ်​ချင်းဖြစ်​ချင်​လို့ ပါ !

My Unexperiance BabyWhere stories live. Discover now