NEXT MORNING ~~
Yeol တယောက် ကျောင်းသို့ရောက်လာခဲ့သည်...သူ အခန်းကို ကျီးကန်းတောင်းမှောက် ရှာကြည့်သည်...
Yeol - မရောက် သေးဖူးဘဲ !
သူ ရှာနေသည်မှာ..တခြားတော့မဟုတ် ! Byun Baekhyun ဆိုသောကလေး ကိုသာ~
Yeol လဲ မနေ့က သူထိုင်ခဲ့တဲ့ အခန်းထောင့်လေးကို သွားထိုင်ပြီး ဘေး ဘီ လှည့်ုကြည့်လိုက်သည်....
Yeol- အမ် ? ဟိုပိစိက ရောက်နှင့်နေပြီဘဲ~ ခုန အဲ့လောက် လိုက်ရှာတာတောင် မတွေ့ဖူး
Yeol's POV - တော်တော် ကန်းဒဲ့ ငါ ! -.-
Baekhyun တစ်ယောက် မနေ့က သူထိုင်ခဲ့ တဲ့နေရာလေးမှာဘဲ ရှိနေသည် ! Chanyeol လဲ Baekhyun ဆီ လျှောက် သွားလိုက်သည် ...
Yeol - Baekhyun မင်းက ကြို ရောက်နေတာလား ?
Baek ခေါင်းတချက်သာညိမ့်ပြသည် !
Yeol- ငါ မင်းကို Baek လို့ဘဲ ခေါ်မယ် ! Baekhyun ဆိုတာကြီးက ခေါ်ရတာ နည်းနည်း ရှည်နေသလား လို့ xD
Baek- မင်းသဘောပါ Yeol !
Yeol တစ်ယောက် တော်တော်ပျော်သွားသည် ! ဟုတ်သည်လေ.....ဒီနေ့မှ သူစကားပြောတဲ့ အသံကို သေချာကြားဖူးတာကို... ဒါ ခုချိန်ထိ သူပြောသမျှ စကားလုံးထဲမှာ အရှည်ဆုံးစကားဘဲလေ ! သို့သော် Baek ၏ အသံပိစိ လေးကြောင့် Yeol ပြုံးစိစိ နှင့် ....
Baek- ဘာတွေ ပြုံးစိစိ လုပ်နေတာလဲ ?
Yeol- Arnyi ya !! မင်းအသံက ပိစိလေး .....ဟားဟား..... ဟုဆိုကာ ခွက်ထိုးခွက်လန် ရယ်လေသည် !
Baek တစ်ယောက်လည်း ဘု ကြည့်ကြည့်ပြီး....Baek- အကျင့်ပုတ်ကြီး !
ဟု တိုးတိုးလေး ပြောကာ အောက်ငုံ့သွားလေသည် ! ဒါပေမဲ့ Baek ရဲ့ 2 နှစ်ကြာပျောက်ကွယ်နေတဲ့ အပြုံးလေးတခု ပြန်လည် ရှင်သန်လာတယ်ဆိုတာ Baek မှလွဲရ်ျ မည်သူမှ မသိချေ !Yeol- ဟေး Baek စိတ်ဆိုးသွားတာလား?စိတ်မဆိုးပါနဲ့ကွာ ငါက ချစ်လို့စတာကို