Seoul ဆေးရုံကြီးတွင် ဆရာဝန်နဲ့ တိုင်ပင်ပြီး မိခင်အတွက် operation date ယူပြီး အပြုံးများစွာနဲ့ပြန်လာခဲ့တဲ့ ကောင်မလေး
'' တော်ပါသေးရဲ့ ဒါနဲ့ ပိုက်ဆံအိတ်က ဘယ်နားမှာပျောက်တာပါလိမ့် တော်သေးတယ် ပိုက်ဆံတွေ သပ်သပ်ထားမိလို့ ''
ထိုအချိန် ''sing for you huu ~~ ''
Jongdae ဖုန်းနံပါတ်အား ကြည့်လိုက်ရာ မသိသော ဖုန်းနံပါတ်
'' မသိတဲ့ ဖုန်းပဲ အလုပ်များလား ?? :) ''
ဖုန်းကိုင်လိုက်ရာ တစ်ဖက်မှ
''ChennyChen အခု Eldorado cafe ကိုလာခဲ့ပါ''
''Nae?? ဘယ်သူ---"
Jongdae စကားတောင်မဆုံးသေး တစ်ဖက်မှ ဖုန်းချသွားသည် .
'' ဘာလဲဟ ဒါပေမယ့် ငါ့နာမည်နဲ့ဆိုတော့ အလုပ်ပဲဖြစ်မယ် ''
Jongdae အပြေးလေးသွားလိုက်သည် . Cafe သို့ရောက်သော် တံခါးဖွင့်လိုက်ရာ လူအနည်းငယ်ရှိနေပေမယ့် တစ်ယောက်တည်း ကျောခိုင်းထိုင်နေသော ကောင်လေး ဒီနောက်ကျောက jongdae အတွက်ရင်းနှီးနေသလိုလို
''မင်းရောက်လာပြီလား ''
''ဘယ်သူ---"
jongdae ဘက်ကိုလှည့်ကြည့်လိုက်သော သူက ZangYixing
''မထိုင်တော့ဘူးလား ''
'' ရှင် -- ကျွန်မနဲ့ ပြောစရာ ဘာကျန်သေးလို့လဲ ''
'' ရှိလို့ လှမ်းခေါ်တာပေါ့ ''
အေးစက်တဲ့လေသံအောက်က သူ့ရဲ့ အပြုံး ဆွဲဆောင်မှုရှိလွန်းပေမယ့်
'' ကျွန်မကို သွားခွင့်ပြုပါ''
jongdae လှည့်ထွက်သွားမည်အလုပ် အနောက်မှထွက်ပေါ်လာသောအသံ
'' ကိုယ် မင်းကို အလုပ်ပေးမလို့ဆိုရင်ရော ''
jongdae ခြေလှမ်းများ ရပ်တန့်သွားသည် . Yixing မှဆက်ပြီး
'' အလုပ်က မပင်ပန်းပါဘူး ကိုယ့်ရဲ့ ပါတနာ လုပ်ပေးရုံပဲ ''
jongdae ပြန်လှည့်လာလိုက်ပြီး
'' ကျွန်မလို မိန်းမမျိုးကို ရှင့်ပါတနာ လုပ်ခိုင်းမလို့ ဟုတ်လား ဖြတ်သွားတဲ့ ခွေး ကြားသွားရင်တောင် ရီသွားဦးမယ် ရှင်ပြောခဲ့တဲ့စကားတွေ ရှင်မေ့သွားတာလား ''
