အပိုင်း၃

8 0 0
                                    

တခါတခါ သူ့ပုံရိပ်တွေ မတွေ့ရချိန်...
စိတ်ခွန်အားတွေလျော့လို့ ချိနဲ့တဲ့ အတွေးတွေ ဝင်ရလောက်အောင် စိတ်အားငယ်တယ် ချစ်သူ!
အမည်နာမ တတ်မရတဲ့ မျှော်လင့်ခြင်း!!
ခေါင်းစဉ်တတ်မရတဲ့ ချစ်ခြင်း!!
မျှော်ကြည့်ရတာ ကိုယ့်ရင်တွေ မောရလို့ စိတ်နွမ်းနေပီ ချစ်ရသူရယ်...
ချစ်ခြင်းကို အဓိပ္ပါယ်ဖွဲ့ရလောက်အောင်လည်း ကိုယ် မကျွမ်းကျင်ဘူးကွယ်
အမျိုးမျိုးသော အဓိပ္ပါယ်တွေ နဲ့ အချစ်ကိုတင်စားကြပေမဲ့ သူ့ကိုချစ်တဲ့ ချစ်ခြင်းကို ဘာ အဓိပ္ပါယ်မှ မဖွင့်ပြချင်ဘူး
ရင်ထဲ ချစ်တာပဲ သိတယ်
ချစ်တယ် LEE TAE MINရယ်

×××

အတိုင်းအတာ တစ်ခုမှာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ချစ်သူရယ်
တိုင်တည် သစ္စာထားရင်း ကိုယ့်စိတ်လေး ကိုယ်ကျေနပ်နေရတာ ဘယ်သူတွေသိနိုင်မှာလည်း....
အားလျော့ရင်း အားတင်းနေမိတာလည်း ကိုယ်တိုင်ပါပဲ
တိုက်ဆိုင်မှုတွေ တို့နှစ်ဦးကြားရှိတယ်လို့ တဖက်သတ်အတွေးမှာ ရင်တွေ အရမ်းခုန်လို့ တိတ်တိတ် ကျိတ်ပျော်ခဲ့ရတာ လက်ရှိပတ်ဝန်းကျင်တောင် မသိလိုက်ပါဘူး
ဒါပေမဲ့ အရမ်းကျေနပ်နေမိတယ်
Photo cardတွေ MTVတွေ YouTube ကfancamတွေကြားမှာလည်း ရှုပ်ယှက်ခပ်ပေါင်းများလှပေါ့...
ကိုယ့်အချိန်တွေက သူ့အနားမှာ ဆိုတာ.....
LEE TAE MINဆိုတဲ့ ချစ်ရသူ သိရင်ကောင်းမယ်ကွယ်

×××

You've reached the end of published parts.

⏰ Last updated: Jan 06, 2016 ⏰

Add this story to your Library to get notified about new parts!

သစ္စာနှင့်ရင်အတွင်း ချစ်ခြင်းWhere stories live. Discover now