If......

423 42 8
                                    

I love u

Hanbin နိုင်ငံခြားကိုပြန်ထွက်သွားတဲ့နောက် ရောဂါ အခြေအနေ က ပို ပို ဆိုးလာတယ်

တစ်ခါတစ်လေ သူ့ကိုသူတောင် မေ့လာတယ်
အခြားလူဆိုပြောမနေနဲ့တော့ Bobby ကိုတောင်  တစ်ခါတစ်လေ မေ့ တတ်လာပြီ

Bobby ....Hanbin , မင်း Yuna ကိုရော မှတ်မိသေးလား

Hanbin .......ဘယ်က yuna လဲ ??? အရေးကြီးတဲ့သူလား ???

Hanbin ရဲ့ အဲ့လို အဖြေတွေကြောင့် Bobby အများကြီး စိတ်ထိခိုက်ရပါသည်

သူ့အချစ်ဆုံး yuna ကိုတောင်မေ့နေပြီလေ

Bobby ပြုံး ပြလိုက်ကာ

အေးပေါ့..မင်းအတွက် အရမ်းအရေးကြီးတဲ့လူပေါ့
ငါပြောပြမယ် နားထောင် ...

တစ်နေ့ တစ်နေ့ Bobby ပြော ပြတဲ့ Yuna အကြောင်း ပုံပြင် တွေကို နားထောင် နေပေမဲ့လဲ

Hanbin စိတ်ထဲကတော့ ဘယ်လိုမှ မမှတ်မိ !

Hanbin .......hyung ! ကျွန်တော်ဒီဘ၀ကြီးမှာ မနေချင်တော့ဘူး ...သေ သာ သေ လိုက်ချင်တယ်

Bobby ....ကောင်းသွားမှာပါ ..ခွဲစိတ်မဲ့ရက်တောင်သတ်မှတ်ပြီးသွားပြီဘဲ ...အရင်ကအတိုင်းပြန်မဖြစ်နိုင်လဲရတယ် ငါ့ကို မမှတ်မိလဲရတယ် ..ကိုယ့်ကို ကို သာအားတင်းထားပါ

ရော့ ..ဒီစာအုပ်ကိုယူထား ..မင်း ခွဲစိတ်မဲ့ရက်မတိုင်ခင် ..ရေးချင်တာရေးပေါ့ ...ပြောလို့မှမရတာ ခွဲစိတ်ပြီး မင်း ဒီလိုနေ့ရက်တွေကိုမေ့ချင်မေ့သွားမှာ

Bobby ပေးတဲ့စာအုပ်လေးကို စိတ်ပျက်လက်ပျက်လှမ်းယူလိုက်သည်

~~

Operation Day

Hanbin စာအုပ်လေးကို ဖြေးဖြေးချင်း လှန်လိုက်သည်
သူရေးထားတာလေးတွေလဲ ပြန်ဖတ်ရင်း
သူနောက်ဆုံးရေးမဲ့စာကိုလဲ ပြင်ဆင်ရင်းပေါ့

'Bobby hyung ! ဒီအတောတွင်း တကယ်ကို ကျေးဇူးတင်ရပါတယ် ! Hyung သာမရှိရင် ဒီနေ့ဒီအချိန်ထိတောင် ရပ်တည်နိုင်မယ်မထင်ပါဘူး
အကယ်၍ ကျွန်တော်သတိပြန်မရလာခဲ့ရင်လေ
Hyung ကို မပြောလိုက်ရမှာဆိုးလို့ပါ
' Gomawo Hyung ! ´

ကျွန်တော် တစ်ခုခု ဖြစ်သွားခဲ့ရင်လဲ ၀မ်းမနည်းပါနဲ့ နော် ´

If.....Where stories live. Discover now