ကျွန်ုပ်၏ ချစ်လှစွာသော (One Shot Dika)
1)
ဒီနှစ်တော့ နှင်းတွေကျနေတယ်Sooရယ်...ဘာလိုလိုနဲ့ ဒီနေ့လေး ပြန်ရောက်ခဲ့ပြီနော်...January 13ရက်...ငါဘယ်တော့မှ မမေ့နိုင်တဲ့နေ့တစ်နေ့...ငါကိုယ်တိုင် သတ်မှတ်ပေးခဲ့တဲ့ နင်နဲ့ငါ့ရဲ့ နှစ်ဦးပိုင်နေ့ကလေးတစ်နေ့...နင်ကတော့ မေ့ချင်မေ့နေလောက်ပေမယ့် ငါကတော့ နင့်ကြောင့်ဖြစ်တည်ခဲ့တဲ့ ဒီနေ့လေးကို ဘယ်တော့မှစွန့်လွှတ်မိမှာမဟုတ်ပါဘူး...နှစ်တွေဘယ်လောက်တောင်ကြာခဲ့ပြီလဲSooရယ်..ဒါပေမယ့်လည်း အခုချိန်ထိ င့ါနှလုံးသားထဲမှာကော ငါ့ဦးနှောက်ထဲမှာပါ နင်ရှိနေတုန်းပါပဲ...အသက်တွေကြီးလာပြီဆိုတော့လည်း အရင်ကလို မျက်စိတွေလည်းမကောင်းတော့ဘူး..နားတွေလည်း သိပ်မကြားရတော့ပါဘူး...ပါးရေတွေလည်း တွန့်ပြီး ငါ အဘိုးကြီးဖြစ်နေပြီSooရယ်..ဟားဟား...ငယ်ငယ်တုန်းကလို တက်တက်ကြွကြွနဲ့လုပ်နိုင်ကိုင်နိုင်စွမ်းလည်း မရှိတော့ အနားယူနေရင်း နင့်အကြောင်းတွေပဲတွေးနေမိတယ်....ပြန်စဉ်စားကြည့်လိုက်ရင် Sooဆိုတဲ့နင်က ဟိုးအတိတ်မှာကျန်နေခဲ့ပါပြီ..ဒါပေမယ့် နင်က ငါ့အတွေးတွေထဲမှာတော့ အရင်တုန်းကလိုနုပျိုနေတုန်းပဲ...လှပနေတုန်းပဲ..အော်!ပြောရဦးမယ်...အခု SMက Museumအသစ်ဖွင့်တယ်သိလား??Generationအဆက်ဆက်က Artistတွေအကုန်လုံးကို တစ်ပြိုင်တည်းလေ့လာနိုင်ဖို့ လုပ်ထားတာလေ...အရမ်းခမ်းနားတယ်Soo...ငါအခု အဲဒီမှာလေ...ဒီနေရာမှာ နင့်ကိုလည်း ရှိနေစေချင်လိုက်တာဟာ...ငယ်တုန်းရွယ်တုန်းကငါ့ပုံရိပ်တွေကိုငါ ပြန်ကြည့်ပြီး စဉ်းစားမိတာက "အော်...နင် ဒီလိုပေါတောတောကောင်လေးကို ချစ်ခဲ့တာပါလား"နော် ဆိုပြီး တွေးမိတယ်...ဟားဟား..နင်ရော...အဲဒီမှာ ပျော်နေရဲ့လား??ငါ့ကိုကော...သတိရနေသေးရဲ့လား??2)
လွန်ခဲ့သော2017 Januaryလ...
ဟူး....ကျွန်တော်တို့ဆီမှာတောင် ည၂နာရီရှိပြီပဲ...ဒါဆိုရင် သူတို့ဆီမှာက ဘယ်နှနာရီပါလိမ့်...ကျွန်တော်တို့ထက်၂နာရီခွဲနောက်ကျတယ်ဆိုတော့...၁နာရီ..၁၂နာရီ..အာ!၁၁တောင် ခွဲပြီပေါ့....ဘာလို့ ဒီနေ့မှ အဲသလောက်တောင် နောက်ကျနေရတာလဲကွာ...မနက်ဖြန် Scheduleအစောကြီးရှိလို့ မနက်၎နာရီထရပါမယ်ဆိုမှ...ပြီးတော့Facebook,twitter,Instagramလို social networkတွေ သုံးရတာ ရှုပ်လွန်းလို့ မသုံးဘဲပစ်ထားတဲ့ ကျွန်တော်လိုအကောင်က သူနဲ့တွေ့မှ ဝဋ်တွေ ဇွတ်လည်နေတာလားတော့မသိပါဘူး...တစ်ရက် တစ်ရက် သူ့ကို Facebookပေါ်မှာ စိမ်းလာမလား စိမ်းမလားဆိုပြီး စောင့်နေရတာအမော...စဉ်းစားကြည့်ကြစမ်းပါဦးဗျာ....တစ်ကမ္ဘာလုံးမှာ ပရိသတ်အင်အားအတောင့်တင်းဆုံး Korean Boy Groupတစ်ခုဖြစ်တဲ့ Exoဆိုတဲ့ အဖွဲ့ထဲကမှ Face of Group..Dancing Machine တစ်ယောက်က ဟိုးဝေးလံခေါင်ဖျား မြန်မာပြည်ဆိုတဲ့ အရပ်ဒေသက ကောင်မလေးတစ်ယောက်ကို ဒီလိုစောင့်နေရတယ်ဆိုတာ ဖြစ်ကောဖြစ်သင့်ရဲ့လားဗျာ??အဲ...ဖြစ်တော့ ဖြစ်သင့်ပါတယ်လေ...သူက ကျွန်တော် Kaiဆိုတာမှ မသိဘဲ...ဟီးဟီး!!