' ကလင် ကလင် ကလင် '' Luhan ဟိတ်ရောင် အမြန်လာဟ '
Kyungsoo မပြေးရုံတမယ် လျှောက်နေရင်း
နောက်က အီလေးဆွဲလိုက်နေသည့် Luhan ကို တချက်လှည့်ငေါက်ရသေးသည်ချောင်ကျကျ ကန်တင်းမှာ ဝင်ထိုင်ပြီးမှ
အသက်ရှူချောင်တော့တယ်' Kyungsoo ရ
ခါတိုင်းစားနေကျ ကန်တင်းထိုင်ရအောင်ပါဆို
ဘာပတ်ရှောင်စရာလိုလို့လဲ လေပါတယ် 'Luhan ရဲ့ စူပုတ်ကောက်ချိတ်နေတဲ့ မျက်နှာကို ကြည့်ပြီး ကျွန်တော် ရယ်ချင်လာသည်
သူ့ခမျာလဲ သူ့ရဲ့ မချိတ်တချိတ် Oh Se နဲ့ တွေ့ချင်ရှာမှာ
အားနာပေမယ့်ကိုယ့်မလဲ ကိုယ့်ဒုက္ခနဲ့ကိုယ်
' စီလုရာ စိတ်မဆိုးပါနဲ့ နောက်နေ့မှ
မင်းကြိုက်တာ ဝယ်ကျွေးပါ့မယ် နော်
ဒီနေ့တော့မဖြစ်...............'' Kyungsooo Kyungsoooo!!!!!!'
' ဘုရား ဘုရား '
ပြောနေတဲ့ စကားတောင်မဆုံးသေး
လူကြားမကောင်းအောင် အာပြဲနဲ့ အော်လာသောအသံကြောင့်
ကျွန်တော် တွန့်ကနဲ ဖြစ်သွားသည်Luhan ကတော့ သူမဟုတ်တဲ့အတိုင်း စပ်ဖြီးဖြီး
တရှပ်ရှပ်လျှောက်လာသော ခြေသံနဲ့အတူ ရုတ်တရက်ပေါ်လာတာက
Kim Jonginသူ့ဘေးက ငဆယ်ကိုကြည့်ပြီးမှ ငလုမက မျက်လွှာတွေဘာတွေချလို့
ခုနက မျက်နှာအစား ရှက်ကိုးရှက်ကန်းတွေ လုပ်ပြနေသည်' Kyungsooo
မနေ့က မင်းငါ့အိမ်စာတွေလုပ်ပေးလို့
ကျေးဇူးပဲကွာ အဲ့ဒါတွေကြောင့် မင်းကိုငါက ချစ်နေရတာ chu :* 'ပြောရင်းဆိုရင်း fly kiss တွေဘာတွေ ပေးနေသော Kim Jongin ကို ကြည့်ရင်း ငိုတောင်ငိုချင်လာသည်
ဒင်းက ဂရုတောင်မစိုက် သူ့အတွက် ကြက်ကြော်တောင် မှာပြီးနေပြီ
Kim Jongin Kim Jongin
ငယ်သူငယ်ချင်း မျက်နှာထောက်လို့ပေါ့ကွာ
မဟုတ်ရင်တော့လား ဟင်းးးးငယ်ငယ်တုန်းက ဒီလိုမဟုတ်ပါဘူး
ကြီးမှ အချိုးမပြေဖြစ်လာတယ်
စကားပြောရင် ' ချစ် ' က မပါမပြီး