I love him so ???

335 34 0
                                    

Chanyeol Game ဆော့နေရာမှ ဖုန်းဝင်လာသဖြင့် Caller Name ကိုကြည့်လိုက်တော့ ကျွန်တော်အတွက် နှစ်ယောက်မရှိနိုင်တဲ့ Byun Baekhyun.

ဖုန်းကိုင်ကိုင် ပြီးချင်းမှာပဲ
"Chanyeol မင်းညနေအားလား "
ဆိုတဲ့ စကားတစ်ခွန်းနဲ့ ကျွန်တော် ကိုတွေ့ဖို့ချိန်းသည်
သူ့အသံလေးကြားရတာ တစ်ခုခု စိတ်ရှုပ်နေသလို
သူ့အတွက် အမြဲရှိခဲ့တဲ့ ကျွန်တော်
သူသတိရလို့ချိန်းလာတော့လည်း သွားတွေ့ရုံပေါ့

သူပျော်နေချိန်မှာ သူကျွနိတော်ကို မေ့ထားကောင်း မေ့ထားနိုင်ပါတယ်
ဒါပေမဲ့ .
သူနာကျင်ခံစားနေရချိန်မှာ အားပေးနှစ်သိမ့် ဖို့ကျွန်တော်ကို သတိရ ပေးရင်ပဲ ကျေနပ်လှပါပြီ
အဲဒါ ကျွန်တော်နားလည်ထားတဲ့အချစ်မို့ပါ

ညနေ Baekhyun ချိန်းထားတဲ့ Coffee ဆိုင်ထောင့်လေးမှာ ကျွန်တော်ရောက်နေခဲ့ပြီ
coffee ပူပူလေးတစ်ခွက်နဲ့ အေးချမ်းလှတဲ့ဆောင်းရာသီမှာ ချစ်ရတဲ့သူကို မျက်နှာလေးတွေ့ရဖို့အရေး ထိုင်စောင့်နေရတာလည်း Feeling တစ်မျိုးပဲဗျ

ခဏနေတော့ ဆို်င်ပေါက်ဝက Bell မြည်သံလေးနဲ့အတူ သူဝင်လာပါတယ်
မမြင်ရတဲ့ နှစ်ပတ်တာ ကာလအတွင်းမှာ သူ ပို ပိန်သွားသလိုပဲ
"Hi baekhyun မတွေ့ရတာ ကြာလှပြီ"
ကျွန်တော်နှုတ်ဆက်သံကြောင့် အသက်မပါတဲ့အပြုံးတစ်ခုကို ကျွန်တော်လက်ခံရရှိခဲ့သည်

"Chanyeol yah ခုတလော ငါစိတ်တွေအရမ်းရှုပ်နေတယ်ကွာ "

ကျွန်တော် ရှေ့မှာ ထိုင်ပြီးပြီးချင်း ပြောလိုက်တဲ့စကား
ကျွန်တော်ပြောခဲ့သားပဲ
သူစိတ်ရှုပ်ချိန် နာကျင်ချိန်မှ ကျွန်တော့ကို သတိရတာပါဆို

သူက ကျွန်တော်ဘဝထဲကို ပျော်ရွှင်ခြင်းတွေယူဆောင်ပေးမဲ့သူ မဟုတ်ဘူး
နာကျင်စရာတွေပဲယူဆောင်လာမဲ့သူ
ဒါပေမဲ့
ကျွန်တော်သူကို ချစ်တယ်

"Haha baekhyun မတွေ့ရတဲ့ နှစ်ပတ်အတွင်း ဘာတွေက မင်းကို ရှုပ်သွားစေခဲ့တာလဲ နောက်ဆုံးတွေ့ခဲ့တုန်းကတောင် မင်း Taejin nona ဆီက အဖြေရတယ်ဆိုပြီး ပျော်နေခဲ့တာမဟုတ်လား "
Baekhyun က အပေါ်ကထပ်ဝတ်လာတဲ့ Jacket က ခေါင်းစွပ်ကို ဆွဲဖယ်လိုက်ရင်း ဆံပင်တွေကိုဆွဲဖွလိုက်သည်
b"ဘာက ငါ့ကို စိတ်ရှုပ်နေအောင်လုပ်နေသ လဲတော့ ငါမသိဘူး ငါသေချာသိနေတာကတော TaeJin Nona ကို ငါ စိတ်မဝင်စားတော့ဘူး"

When A Love is FalseWhere stories live. Discover now