ဖြစ်​ရပ်​မှန်​...1

4.4K 674 24
                                    

[Zawgyi]

ဒီအဖြစ်​အပျက်​က ကျွန်​​တော့်​အန်​တီတစ်​​ယောက်

က​လေး​မီးဖွားတုန်းက...ကြုံခဲ့တာ​လေးပါ...။

သိပ်​အကြာကြီး​တော့မဟုတ်​​သေးပါဘူး...

လွန်​ခဲ့တဲ့ 5လက​ပေါ့...။

::::::::::::::::::::::::::::::::

      ဖတ်​လို့အဆင်​​ပြေ​အောင်​ POV​နေရာက​နေ

ပဲ...​ရေးလိုက်​​တော့မယ်​​နော်​...။

:::::::::::::::::::::::::::::::::::::::::

ဒီအသံ​တွေကိုကြား​နေရတာ မ​နေ့ညကတည်းက

ပါ...။တံမြက်​စည်းလှည်း​နေသလို တရှပ်​ရှပ်​လှဲ

သံ​တွေနဲ့...အလုပ်​တစ်​ခုလုပ်​​နေသလို တဖျပ်​ဖျပ်

လှုပ်​ရှား​နေသံ​တွေက...ကျွန်​မအခန်းထဲက...

လူနာ​စောင့်​​အစ်​မ..​ယောင်းမဖြစ်​သူနဲ့ nurseတို့

အကုန်​အိပ်​​မောကျသွားမှ ထွက်​​ပေါ်လာတတ်

တာပါ...။

ကျွန်​မက​တော့ တ​နေ့ကမှ မီးဖွားထားသူမို့...

ပင်​ပန်း​နေတာတစ်​​ကြောင်း​....

ဗိုက်​ကချုပ်​ရိုးနာ​နေတာကတစ်​​ကြောင်း​ကြောင့်

ညဆို​တော်​ရုံနဲ့အိပ်​မ​ပျော်​တတ်​ပါဘူး။

အ​စောကြီးအိပ်​​ပျော်​လည်း အဲ့အသံ​တွေကြားရ

လောက်​တဲ့ ညသန်း​ခေါင်​​လောက်​ဆိုပြန်​နိုးလာ

တတ်​ပါတယ်​။

ကျွန်​မ...ကျွန်​မ​ယောက်ျားဖြစ်​သူကို မ​ပြောချင်

ဘူး...ဒီအခန်းမသန့်​​ကြောင်း​ကိုလေ...။

အလကား အလုပ်​ရှုပ်​ပြီးအခန်း​တွေ​ပြောင်း​နေရင်

အဆင်​​ပြေမယ့်​သူမရှိဘူးမလား....။

တစ်​ည....

အဲ့ဒီညက.....

တိတိကျကျ​ပြောရရင်​ ၃ရက်​​မြောက်​ညက​ပေါ့...

ခြေသံ​တွေတဖျပ်​ဖျပ်​နဲ့ အခန်းထဲ​လျှောက်​သွား

နေတဲ့လှုပ်​ရှားမှု​ကြောင့်​ ကျွန်​မနိုးလာခဲ့ပါတယ်​။

Tock..Tock..Tock (Season-1)Nơi câu chuyện tồn tại. Hãy khám phá bây giờ