Part - 3

542 71 6
                                    

တရွေ့ရွေ့ထွက်ပေါ်လာသော နေမင်းကြီးရဲ့ အလင်းရောင်ဟာ ခန်းစည်းကိုထိုးဖောက်ပြီး သူမမျက်နှာပေါ်ကျီစားလျှက် ငှက်ကလေးတွေရဲ့ တေးဆိုသံဟာလည်း သူမကိုနိုးထရန်လှုံ့ဆော်နေသည့်အလား လေပြည်၏သယ်ဆောင်မှုကြောင့် ပါလာရသော ပန်းရနံ့လေးတွေကလည်း သူမ၏စိတ်ကို လန်းဆန်းမှုများ ပေးနေ၍လားမသိ Sooတစ်ယောက် ခါတိုင်းနှင့်မတူတဲ့ ခံစားမှုဖြင့် အိပ်ယာကနိုးထခဲ့သည်

Soo'Anty : Sooလေး နိုးပြီလား ဒီနေ့အစောကြီးပဲနော်

Soo : Nae အန်တီလေး ဒီနေ့ Soo ကျောင်းစောစောသွားမလို့

Soo'Anty : ခုနကတောင် Soo သူငယ်ချင်း Tao ဖုန်းဆက်တယ် သူဒီနေ့နေမကောင်းလို့ ကျောင်းမလာဘူးတဲ့ အဲ့ဒါ Soo ကို ပြောပေးပါဆိုလို့

Soo'pov : panda မ ငါကတော့သူ့ကို သတင်းထူးပြောမလို့ပါဆို သူကဒီနေ့ကျောင်းမလာဘူးတဲ့ ငါတစ်ယောက်ထဲဘယ်လိုလုပ်ရပါ့မလဲ စိတ်ညစ်ပါတယ် Kai နဲ့ တွေ့ရင် ဘယ်မျက်နှာနဲ့ရင်ဆိုင်ရပါ့မလဲ သူကငါ့ကို ရည်းစားစာပေးထားတာဆိုတော့ ...

Soo'Anty : Sooလေး ဘာဖြစ်နေတာလဲ သမီးရောနေမကောင်းဘူးလား အန်တီလေးပြောတာကြားရဲ့လား

Soo : Nae ကြားပါတယ်အန်တီလေး ကျောင်းမှာ သမီးတစ်ယောက်ထဲဖြစ်မှာကို စဉ်းစားမိလို့ပါ

Soo'Anty : သမီးသူငယ်ချင်းကို သတင်းမေးလိုက်အုံးနော်

Soo : Nae Soo ကျောင်းကပြန်ရင် သူ့အိမ်ဝင်ပြီးသတင်းမေးလိုက်ပါမယ် အန်တီလေး

ဒီနေ့ကျောင်းသွားရမှာ ကျွန်မအရမ်းစိတ်လှုပ်ရှားနေတယ် စိတ်လှုပ်ရှားတယ်ဆိုတာထက် စိတ်ပူမိတာ ဒီနေ့တနေ့တာကို ဘယ်လိုဖြတ်သန်းရမလဲ ဆိုတာကိုတွေးရင်းနဲ့ ကျောင်းရှေ့တောင် ရောက်လာခဲ့ပီ စက်ဘီးထားစရာရှိတာထားပီး ကျွန်မအခန်းရှိတဲ့ဒုတိယထပ်ကို တက်လာခဲ့တယ် လှေကားနားမှာ ရန်ဖြစ်တဲ့အသံကြားလို့ ကျွန်မရှေ့ဆက်တက်သင့်လားလို့စဉ်းစားပြီး တက်ရန်ဆုံးဖြတ်ခဲ့တယ် ဒါပေမယ့် jongin ဆိုတဲ့အသံကြားတော့ ကျွန်မခြေလှမ်းတွေ လှေကားဆက်တက်ဖို့ တုံ့ဆိုင်းသွားခဲ့တယ်

နေတစ်စင်း၏လမင်းWhere stories live. Discover now