Flashback starts~>>>
ဒီနေ့ အိပ်ရာထ နောက်ကျတာကြောင့် ကမန်းကတန်း ကျောင်းသွားရန် ပြင်ဆင်လေပြီ။အရင်နေ့တွေကဆို Omma ရှိတာကြောင့် သူမကို နှိုးနေကြ။မနေ့ညက Omma သူငယ်ချင်း ဆေးရုံတက်ရလို့ လူနာစောင့်အိပ်တာကြောင့် အိမ်မှာမရှိ။ဒါကြောင့် ခပ်သွက်သွက်ပြင်ဆင်ပြီး ကျောင်းသွားတော့သည်။
Girl's pov---"ဒုက္ခပဲ...ကျောင်းနောက်ကျပြီ...အတန်းရှေ့ ထိုင်ထ လုပ်ရတော့မယ်.." ကိုယ့်ကိုကိုယ် ကြိတ်အပြစ်တင်ကာ ကျောင်းသို့ အပြေးပြေးတော့သည်။
ဤသို့နှင့် စည်းကမ်းများ ကျဉ်းကျပ်ရာ ကျောင်းတော်သို့အရောက်မှာတော့~~~
Teacher---"Jung Kook ~!!!မင်း အခုရောက်လာတာ ဘယ်အချိန်ရှိနေပြီလဲ..."
ဆရာမရဲ့ ခပ်ကျယ်ကျယ် မေးသံကြောင့် အတန်းတခုလုံး သူမကို ကွက်ကြည့်ကြည့်နေသည်။
JK---"Kook မှားသွားပါတယ်..အဲ့အတွက် ကိုယ့်အပြစ်ကို ကိုယ်ခံပမယ်.." ခပ်တိုးတိုးလေး ပြောလိုက်ပြီး အတန်းရှေ့သို့ သွားကာ ထိုင်ထ လုပ်တော့သည်။
Jung Kook သတိထားမိလိုက်တာက အတန်းရှေ့ဆုံးမှာ ထိုင်နေတဲ့ ကျောင်းသားသစ်ဖြစ်ဟန်ရှိသူက သူမကို စိုက်ကြည့်နေလေသည်။
JK's pov---"ငါ့ကို ဘာလို့ အဲလို ကြည့်နေတာပါလိမ့်...သူ့အကြည့်တွေက ရဲတင်းလိုက်တာ...စူးစိုက်ကြည့်နေလိုက်တာများ...ကျွန်မရင်တွေ အထိန်းအကွတ်မရှိ လှုပ်ခါနေပါတော့လားးး....အို !!!!! မဖြစ်သေးပါဘူး...ကျွန်မကရော သူ့ကို ဘာလို့ ငေးကြည့်နေမိရတာလဲ..."
ကိုယ့်ကိုကိုယ် နားမလည်နိုင်ခြင်းများစွာနဲ့ သူ့အကြည့်တွေမှ လွှဲ ပြီး ထိုင်ထ သာ ဆက်လုပ်နေတော့သည်။
ဒီလိုနဲ့...
Teacher---"ကဲ....ရှေ့ဆုံးက ကျောင်းသားသစ်လည်း မှတ်ထားနော်...ကျောင်းနောက်ကျရင် အဲ့လို အပြစ်ပေးခံရမယ်ဆိုတာ..."
YOU ARE READING
မာနပင်လယ်ထဲနစ်မွန်းခြင်း
Fanfictionဖြူစင်လွန်းတဲ့ မိန်းကလေးတျောက်အနေနဲ့ ကံကြမ္မာရဲ့ ရက်ရက်စက်စက် ပြစ်ဒဏ်ပေးမှုအပေါ် ခါးသက်စွာ ခံစားရင်းနဲ့ ဝမ်းနည်းအားငယ်မှုကို ဖုံးကွယ်ရင်း "မာန"ပင်လယ်ထဲ နစ်မွန်းခဲ့ရလေပြီ