Jung kook's pov >>>>
ချစ်သူရှိနေသော မိန်းကလေးတျောက်၏ ဘဝဖြတ်သန်းပုံနှင့် ချစ်သူမရှိသော(သို့မဟုတ်)ရည်းစားနဲ့ပြတ်သွားသော မိန်းကလေးတျောက်၏ ဘဝဖြတ်သန်းပုံမှာ ကွာခြားလှကြောင်း ကျွန်မ ယခုမှ သတိထားမိတော့သည်။
ယခင် ကျွန်မ သိပ်ချစ်ရပါသော၊ကျွန်မအားလည်း သိပ်ချစ်သည်ဟု ထင်မှတ်ထားသည့် Jin နဲ့ ချစ်သူဘဝဖြတ်သန်းပုံမှာ အလွန်တရာမှ ကြည်နူးစရာကောင်းခဲ့သည်။ တစ်နေ့တစ်နေ့ ကုန်ဆုံးသွားပုံမှာလည်း ငြီးငွေ့ဖွယ်ဟူ၍ပင် မရှိ။ အချင်းချင်း ကျီစယ်နောင်ပြောင်မှုများ အပေါ်တွင် သဘောကျခဲ့သည်။ တီတီတာတာနဲ့ ချွဲနွဲ့ပြောခဲ့ရမှုအပေါ်လည်း ကြည်နူးခဲ့သည်။ ရံဖန်ရံခါ ရန်ဖြစ်၍ ပြန်လည် အဆင်ပြေသွားလျှင်လည်း သူ့၏ ချော့မော့မှုအပေါ်တွင် သာယာမိန်းမောခဲ့သည်။ ဤအကြောင်းအရာများကြောင့်သာ ကျွန်မ သူ့အား မြတ်မြတ်နိုးနိုးနဲ့ ရင်နင့်အောင် ချစ်ခဲ့ပါသည်။
သို့သော် "ပျော်ရွှင်ခြင်း" ဆိုသော ခံစားချက်သာသာဖြစ်သော ထိုသို့သော သာယာမှုအပေါ်တွင်
တိမ်းစောင်းအောင် စနစ်ကျစွာ စီစဉ်ခဲ့ဟန်ရှိသော သူသည် ယခုကဲ့သို့သော ရက်စက်စွာ၊ စိမ်းကားစွာ၊ ငဲ့ညှာမှု အလျင်းမရှိစွာဖြင့် လမ်းခွဲသွားခဲ့ပြန်သည်။ တစ်ချိန်က ချစ်ခြင်းများဖြင့် နူးညံ့သိမ်မွေ့သော ကျွန်မ နှလုံးသားသည် ယခုမှာတော့ အာဃာတအမုန်းများဖြင့် ခက်ထန်သော နှလုံးသားပိုင်ရှင်အဖြစ်သို့ ရောက်ရှိလာရတော့သည်။သစ္စာမရှိခြင်း၊ တစ်ကိုယ်ကောင်းဆန်ပြီး အတ္တရှိခြင်း၊ ငဲ့ညှာမှုမရှိခြင်း အစရှိသော သိမ်ငယ်ဖွယ် လုပ်ရပ်များကို မတွန့်မဆုတ် တစ်ချိန်တစ်ခါတည်း လုပ်ဆောင်သွားသည့် သူ့ အပြုအမူများကို မည်သို့သော နားလည်မှုမျိုးဖြင့် ဆက်၍ ခွင့်လွှတ်ပေရဦးမည်နည်း ??? အမြဲလိုလို သည်းခံနားလည်ပေးတတ်သော ကျွန်မသည် "ခွင့်လွှတ်မှု" ဆိုသော ခပ်နုံနုံ အလုပ်ကိုတော့ ကြိတ်မှိတ်၍ပင် လုပ်မှာမဟုတ်။ဒါဟာလည်း ကြည်နူးမှုပုံရိပ်တွေကိုသာ တသသဒေဆွေးပြီး ခပ်ကြောင်ကြောင် အသည်းကွဲခြင်းမျိုးမဟုတ်သော ကျွန်မ၏ ခံယူချက်ပင်ဖြစ်သည်။
YOU ARE READING
မာနပင်လယ်ထဲနစ်မွန်းခြင်း
أدب الهواةဖြူစင်လွန်းတဲ့ မိန်းကလေးတျောက်အနေနဲ့ ကံကြမ္မာရဲ့ ရက်ရက်စက်စက် ပြစ်ဒဏ်ပေးမှုအပေါ် ခါးသက်စွာ ခံစားရင်းနဲ့ ဝမ်းနည်းအားငယ်မှုကို ဖုံးကွယ်ရင်း "မာန"ပင်လယ်ထဲ နစ်မွန်းခဲ့ရလေပြီ