CHAPTER-1

1.2K 154 6
                                    

Just A Fling...

"Kris!!! ခုထစမ်း! ဘယ်​အချိန်​ရှိ​နေပြီလဲ? ​ကျောင်းမသွား​တော့ဘူးလား?"

ဘေးနားမှာ​ခုနှစ်​သံချီနဲ့ လာ​အော်​​နေ​သောMamaကြောင့်​ ​Krisတစ်ယောက်မျက်​စိမပွင့်​တပွင့်​နဲ့ အိပ်​ရာ​ပေါ်ထထိုင်​လိုက်​သည်​။

"ဝါး....ရပါတယ်Mamaရဲ့! သားကဆရာပဲဟာ။ ​နောက်​ကျလည်းကိစ္စမရှိဘူး"

သူ့သားအ​ကြောင်းသူသိ​သော Mamaတစ်​​ယောက်​ဘာမှဆက်​မ​ပြော​ပဲ သက်​ပြင်းတစ်​ချက်​ချပြီးအခန်းထဲကထွက်​သွား​တော့ Kris အိပ်​ရာ​ပေါ်မှာထုံးစံအတိုင်းလှိမ့်​ဒီလှိမ့်​နဲ့ အပျင်းတစ်​​နေတုန်း။

Krisရဲ့MaMa အခုလိုတကူးတကလာနှိုးရတဲ့ အဓိကအ​ကြောင်းအရင်းက​တော့ ဒီ​နေ့ကKrisရဲ့ပထမဆုံးအလုပ်​ဆင်းတဲ့​နေ့။

သင်္ချာနဲ့ရူပ​ဗေဒဘာသာရပ်​​တွေကို သင်​ကြားရမယ့်​ဆရာတစ်​​ယောက်​​အ​နေနဲ့ပေါ့။

ဒါ​ပေမယ့်​ ပထမဆုံးအ​နေနဲ့ စာသင်​ရမယ့်​သူ့အတွက်​စိတ်​ပူပန်​တာတို့၊ စိတ်​လှုပ်​ရှားတာတို့ဆိုတာ တစိုးတစိမှမရှိ။

ကျန်​တာ​တွေထက်​ သူ့မှာပြိုင်​ဘက်​ကင်းတဲ့ဥပဓိရုပ်​မျိုးပိုင်​ဆိုင်​ထားတဲ့အတွက်​ ​ကျောင်းသား​တွေသ​ဘောကျလိမ့်​မည်​ဟု သူ့ကိုယ်​သူယုံကြည်​သည်​။

Krisရဲ့ မိဘ​တွေက အ​တော်​​လေးကိုချမ်းသာလွန်းတာ​ကြောင့်​ Krisဆိုတာအလုပ်​လုပ်​ဖို့ဆိုတာ​ထက်​ သူငယ်​ချင်း​တွေနဲ့အပြင်​ထွက်​၊​ပျော်​ပါးရတာကိုခုံမင်​တတ်​သူ။

အလည်​အပတ်​​ကောင်းလွန်း​သော​ကြောင့်​မိဘများပင်​ သူ့မျက်​နှာမြင်​ရသည့်​​နေ့ကခပ်​ရှားရှား။

သူ့အသက်​၂၆နှစ်​​ပြည့်​မှ လူကြား​ကောင်းသူကြား​ကောင်း​ဖြစ်​အောင်​ စာထသင်​ခြင်းဖြစ်​သည်​။

_____

*Vibration*

တိတ်​ဆိတ်​​နေ​သောအခန်းတစ်​ခုထဲ Phရဲ့Vibrationကတဂျီဂျီနဲ့ ဆူညံလွန်းတာ​ကြောင့်​ ​Taoမျက်​လုံးကိုမဖွင့်​ပဲ ဘေးနားကစားပွဲ​ပေါ်လက်​နဲ့ဟိုစမ်းဒီစမ်းလုပ်​လိုက်​သည်​။

Just A Fling[KT Ver.]Место, где живут истории. Откройте их для себя