First Part

2.3K 192 7
                                    

Something You Need to End
(Taoris )

မိုးများသည်းထန်​စွာ ရွာ​နေသည်​.
တစ်​ချက်​တစ်​ချက်​တွင်​ ​လေပြင်းများ​ဝေ့ကာဝဲကာ ပါလာသည်​မို့ အိမ်​​ရှေ့တွင်​ချိတ်​ဆွဲထား​သော ​ခေါင်း​လောင်းက​လေး၏ အသံသည်​ မကြာခဏဆိုသလိုထွက်​​ပေါ်​နေခဲ့သည်​.

"ဒီမိုး ဒီ​လေနဲ့ ပင်​လယ်​ဘက်​ခြမ်းကရွာ​တွေ ​တော်​​တော်​ဒုက္ခ​ရောက်​​နေ​တော့မှာဘဲ ... ဦး​လေး​ဟွေ့တို့ရွာ​ရောအဆင်​​ပြေပါ့မလားမသိဘူး"

သူ၏ အချစ်​​တော်​ သူ၏တစ်​ဦးတည်း​သောအ​ဖော်​ ​ခွေးမ​လေးRou Rouကလဲမိုးနှင့်​အပြိုင်​အဆိုင်​ပင်​ ​တဝုတ်​ဝုတ်​​ ​ဟောင်​​နေ​တော့သည်​.သူသည် ပြတင်းမှတစ်​ဆင့်​အပြင်​ဘက်​သို့လှမ်း​မျှော်​ကြည့်​လိုက်​​တော့ အရင်​ကမီးအလင်း​ရောင်​တို့ဖြင့်​ထိန်​လင်း​နေ​သော ရွာစုစုက​လေးတို့သည်​ ​မှောင်​အတိဖြစ်​​နေသည်​.ခ​နောနီခ​နောနဲ့တဲက​လေးတို့အတွက်​စဉ်းစားရင်း သူ သက်​ပြင်းချလိုက်​သည်​.

**​ဒေါက်​ ​ဒေါက်
ဒေါက်​ ​ဒေါက်​ **

အပြင်​ဘက်​က အသံတစ်​ခုကြားလိုက်​ရသည်​မို့သူနားစိုက်​​ထောင်​ကြည့်​လိုက်​သည်​.ထပ်​မံထွက်​​ပေါ်လာ​သော လက်​ခုံနှင့်​တံခါးရွက်​ထိခတ်​သံ​ကြောင့်​ သူသည်​ အိမ်​​ရှေ့ခန်းသို့ အ​ပြေးတပိုင်းသွားလိုက်​သည်​.
*ဘယ်​ရွာက ဘယ်​လူ​တွေများဒုက္ခ​ရောက်​လာကြပြီလဲ *

တံခါးကိုဖွင့်​လိုက်​စဉ်​မှာပင်​ အနည်းငယ်​ပြူး​ကြောင်​​သောမျက်​လုံးတို့ဖြင့်​ သူ့ကိုကြည့်​လျက်​ရှိ​သော လူတစ်​​ယောက်​,ပြာနှမ်း​သောနှုတ်​ခမ်းအစုံတို့သည်​ တဆတ်​ဆတ်​တုန်​ယင်​၍ မိုး​ရေရွှဲစို​သောခန္ဓာတစ်​ခုသည်​ သူ့အ​ပေါ်သို့ ပြိုဆင်းကျလာသည်​.

"ဟင်​ ... ​ဟေ့ "

အသာ​ဖေးမထားရင်း လှုပ်​နှိုးကြည့်​​တော့ မျက်​လုံးအစုံတို့ပွင့်​လာ၍
"ကိုကို .... ကိုကိုပါလား ...
နောက်​ဆုံး​တော့ ကျွန်​​တော်​ ကိုကိုနဲ့ပြန်​​တွေ့ရပြီ ..."ဟု ဆိုရင်း မျက်​လုံးတို့ပြန်​မှိတ်​ကျသွားသည်​.

Something You Need To EndМесто, где живут истории. Откройте их для себя