Part ( 1 )
Feb 13
မနက်ဖြန် ဘာနေ့လဲ သိကြတယ် မှတ်လား
ကျနော်တို့ အထက်တန်းကျောင်းက အဲ့နေ့လေးအတွက် ပျော်ပွဲရွှင်ပွဲ ခွင့်ပြုပေးထားတယ်
ခုလည်း ကျနော် တို့ တစ်အုပ်စုလုံး ပြင်ဆင်စရာ ရှိတာတွေ ပြင်ဆင် နေရင်း~မနက်ဖြန်အတွက်ကျနော် ရင်ခုန် နေမယ် ဆိုတာ ဗေဒင် မေးစရာ မလိုပါဘူး
သိုဝှက်ထားတဲ့ အချစ်တွေ မေတ္တာတွေ နားလည်မှု တွေ > ထုတ်ပြောကြတော့မယ် ရင်ဖွင့်ကြတော့မယ် ချစ်ရတဲ့သူအတွက် surprise တွေ လုပ်ပေးကြတော့မယ်ကျနော် ရော ? ကျနော်
ကျနော်လည်း ရင်ဘတ်ထဲမြင်းခုန်သလို ခုန်နေပါတယ်သူရော? သူ
သေချာပါတယ် သူကိုကျနော့်ကြည့်နေတာ ကြာပြီ နှင်းဆီပန်းအဖြူရောင်လေးတွေကို အလှဆင်နေတယ်
သူ့ နှုတ်ခမ်း တွေကိုလျှာနဲ့ အကြိမ်ကြိမ်သပ်နေတယ်အဲ့ဒါက အဓိက အချက်လေ သူစိတ်အရမ်းလှုပ်ရှားတဲ့အခါ
ရင်တွေခုန်နေတဲ့အခါ သူနှုတ်ခမ်းလေးတွေ အလိုလို ခြောက်လာပြီး လျှာ လေးနဲ့ သပ် နေလေ့ရှိတယ်သူ့ က ကျနော့်ရဲ့ Bae လေးပေါ့ နာမည် အရင်းက Kim kai
သူ့မျက်နှာလေးကို ကျနော် ခုံတွေ စီရင်း ခိုးခိုးကြည့်နေမိတယ်
အဖြူရောင်နှင်းဆီ ပန်းပွင့်နု တွေကြား
အနီရောင်သွေး နေတဲ့ သူ့နှုတ်ခမ်း
ခန့်ညားတဲ့ မျက်နှာ
ရွှန်းလက်ကြည်လင် ရီဝေ နေတဲ့ သူ့မျက်ဝန်းဟာာ ! ကျနော် ရူးနေတာ သူ့ကို
ကျနော် ပြောမပြတတ်လောက်အောင် ချစ်တာ
" ချစ်တယ် " ဆိုတာထက် ပိုတဲ့ စကားများရှိခဲ့ ရင် တောင် အဲ့စကားလုံးထက် ပိုတယ်သူ့အချစ်ကို ရထားတာတောင် ကျနော်သူ့ကို မျက်စိ အောက်က ပျောက်မခံပဲ သူ ကျနော့်လက်ထဲက ရုန်းထွက်သွားမှာ ကြောက်တယ်
ကျနော့်ကို ခြေဆုနိကန်ပြီး ထွက်သွားမှာ ကြောက်တယ်
သူ့ အချစ်တွေ အခြားတစ်ယောက်စီ ဖဲ့ပေးလိုက်မှာ ကြောက်တယ်