Episode 2
Kris' Povခါတိုင်းမနက်တွေဆိုရင် အိပ်ရာထထခြင်း ကုတင်ခြေရင်းက
ပြတင်းပေါက်လေးဖွင့်လိုက်ရင် ခြံထဲတွင် ပန်းပင်တွေရေလောင်းနေသောTaoကိုတွေ့ရမြဲဖြစ်သည်။
နေရောင်အောက်တွင် လှချင်တိုင်းလှနေသော Taoကို မနက်စောစော မြင်ရခြင်းသည် Krisအတွက် မင်္ဂလာတပါးဖြစ်သည်။Taoကိုသူဘယ်လောက်ထိချစ်မြတ်နိုးတယ်ဆိုတာ သူကိုယ်တိုင်ပဲသိသည်။ ချစ်လွန်း၍လဲ ကိုယ်တစ်ယောက်ထဲသာပိုင်ဆိုင်နိုင်အောင်အရယူခဲ့သည်။
Krisကို Busanက စပျစ်ခြံတွင်ပြသနာတက်နေသည် အမြန်လိုက်သွားပါဆို၍ မေမေကြီး မလှိမ့်တပတ်လုပ်ကာ တဖက်က Taoကို အိမ်ပေါ်က နှင်ချလိုက်သည်။
Busanကအပြန် အလွမ်းသယ်ရန် Taoအခန်းသို့ သွားမှ Taoအိမ်မှာမရှိကြောင်းသိရသည်။ မိထွေးပေမဲ့ နေရာတကာဝင်ပါလွန်းတဲ့ မေမေကြီးကို Krisသိပ်မုန်းသည်။ အချစ်ရေးကိစ္စအထိဝင်ပါတာကတော့ သိပ်လွန်လွန်းသည်။Krisဘယ်လိုမှ ဆက်၍သည်းမခံနိုင်တော့ပါ။
သေသွားတဲ့ အဖေ့အမွေတွေကို မိထွေးဖြစ်သူ အပိုင်သိမ်းမှာစိုး၍သာ ယခုချိန်ထိ ဒီအိမ်တွင်တွယ်ကပ်နေခြင်းဖြစ်သည်။ ခုချိန်တော့ ယောကျာင်္းပီပီ Krisဆုံးဖြတ်ချက်သေချာချရတော့မည်။
------------------------"သြော် သားလေးBusanကနေ ပြန်ရောက်နေပြီလား
စပျစ်ခြံကောဘယ်လိုလဲ အသီးတွေပိုးကျတဲ့ကိစ္စ အဆင်ပြေသွားပြီလား""နောက်အနှစ်၂၀နေရင်တောင် ခင်ဗျားစပျစ်သီးတွေပိုးမကျဘူး "
"ကျွန်တော့်ကို သတ်သတ်အကြောင်းပြပြီး Busanကိုလွှတ်တာမလား""ဒါကတော့ မင်းထင်သလို ထင်နိုင်ပါတယ်"
"တောက် Taoကိုမိန်းမချင်းကိုယ်ချင်းစာစိတ် ခင်ဗျားမှာနဲနဲလေးတောင်မရှိဘူးလား"
"ကျွန်တော်မရှိတုန်းခင်ဗျား စိတ်တိုင်းကျစီစဉ်တာ သိပ်လွန်လွန်းတယ် မိထွေးကမိထွေးနေရာနေပါ ကျွန်တော့် ကိစ္စတွေဝင်မပါပါနဲ့"
"ဟုတ်တယ် ငါ့မှာကိုယ်ချင်းစာစိတ်မရှိဘူး
မင်းကိစ္စတွေလဲဝင်ပါမှာပဲ ငါ့မှာလုပ်ပိုင်ခွင့်အားလုံးရှိတယ်
နောက်ပြီး ငါ့ကို မိထွေးလို့မခေါ်ပါနဲ့"
YOU ARE READING
Love Story
FanfictionEpisode 1 Tao' Pov မေမေကြီးသည် Taoအပေါ်ကျေးဇူးများစွာရှိတာကို Taoအမြဲနှလုံးသားထဲမှာမှတ်ထားသည်။TaoOmmaသည် မေမေကြီးအိမ်က အခိုင်းအစေဖြစ်ပေမဲ့ မေမေကြီး Taoကို သမီးတစ်ယောက်လိုချစ်ခင်ကာ အကိုလေးKrisနှင့်အတူတူ ကျောင်းကောင်းကောင်းလဲထားပေးသည်။ ကြိုးချင်းထားကြိ...