2th Bullet ÷ B

2.1K 74 2
                                    

Second Bullet !
KT...Taoris20++
By wuyetihan

÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷

သူက သူ့ကို ​မောင်​လို့​ခေါ်ခိုင်းတယ်​ ။ Tao က​တော့ ​မောင်​ လို့​ခေါ်ရင်​​ခေါ်လိုက်​ kris လို့​ခေါ်ရင်​​ခေါ်မိလိုက်​နဲ့....​ခေါ်​နေမိ​လေ့ရှိတယ်​။Taoကို​တော့ တစ်​ခုတစ်​​လေ က​လေး​လေးလို့​ခေါ်တယ်​ ။ သဲ..လို့လည်း​ခေါ်တယ်​ ။ သူစိတ်​ကူး​ပေါက်​ရင်​ ​ပေါက်​သလို​ပေါ့ ။

မောင်​(​Kris)က Taiဆီက အ​ဖြေ ပြန်​ရဖို့​တောင်​ မ​မျှော်​လင့်​ခဲ့ဘူးလို့ ​ပြောပြပါတယ်​ ။မောင်​ ​(Kris) Taoကို ကြင်​ကြင်​နာနာနဲ့ တန်​ဖိုးထားချစ်​သလို Tao ကလည်း ​မောင့်​​(kris)ရဲ့ရိုးသားခြင်း​တွေကို တန်​ဖိုးထားပါတယ်​ ။

သူ့ကို ဒီအရွယ်​ထိ​ လူပျိုလားလို့​မေး​တော့ ရီပြီး သူ့ရည်းစား​​ဟောင်းတွေအ​ကြောင်း Taoကို အကုန်​​ပြောပြတယ်​ ။ အသက်​ပဲ သုံးဆယ်​ပြည့်​​တော့မယ်​ အ​တွေ့အကြုံမရှိတဲ့ လူပျိုးဆိုတာ ဘယ်​ရှိမလဲ​နော့်​ ။ ဒါ​ပေမဲ့ သူက အဲဒီကိစ္စ​​တွေမှာ     တစ်​စွတ်​ထိုး မလုပ်​ပဲ Taoဆန္ဒကိုဦးစား​ပေးပါတယ်​။ ခုချိန်​ထိ နမ်းတာ​လောက်​က လွဲရင်​ Taoတို့ကြား ဘာမှမဖြစ်​​သေးဘူး ။

÷÷÷÷÷÷2th bullet÷÷÷÷÷

စ စခြင်း ဖြစ်​ခဲ့တဲ့ အမှတ်​တရ​လေးကလည်း နဲနဲ​တော့ ရီရပါတယ်​။

အဲဒီ​နေ့က ​မောင့်​(​kris)တိုက်​ခန်းမှာ သူငယ်​ချင်း​တွေစုပြီး ​သောက်​ကြ စားကြတယ်​။

မောင့်​(kris)အ​ဖေက ခရီးသွား​​နေတယ်​​လေ ။ ပုလင်းဆွဲသူဆွဲ ဘီယာဆွဲသူဆွဲ နဲ့ အချိန်​​တော်​​တော်​ကြာတဲ့ အထိ ပွဲ​ကောင်း​နေကြတာ ။

Taoက ​နောက်​​ဖေးမီးဖို​ချောင်​မှာ ​ရောက်​​နေတုန်း ဘယ်​ချိန်​ထ ပြန်​သွားကြလဲမသိဘူး။

မောင်​(kris) အနားကပ်​လာ​တော့ ...
"အသံ​တွေ တိတ်​သွားတယ်​..ဘယ်​​ရောက်​ကုန်​ကြလဲ"
လို့ ​ဘေစင်​မှာ ပန်းကန်​ ​တွေ​ဆေးရင်းက လှည့်​မကြည့်​ပဲ​မေးလိုက်​တယ်​ ။

"ပြန်​သွားကြပြီ " လို့​ပြောလိုက်​တဲ့ ​မောင့်​​(kris)လေသံက ဘာ​ကြောင့်​မှန်းမသိ တုန်​တုန်​ယင်​ယင်​ကြီး ဖြစ်​​နေသလိုပဲ ။

Second BULLET !Where stories live. Discover now