ဘဝမုန်တိုင်း (Taoris)

1.3K 86 8
                                    

Episode 1

"Taoရေ table no 3ကို Sojuနဲ့ Bugogi ချပေးပါ"
"Tao ရေ Table no 6ကို...... "
"Taoရေ.... Taoရေ......"
"Taoချပေးတာကိုသူတို့လိုချင်တာတဲ့ Taoရေ Table 11ကို......"

nae ကျွန်မ နံမည် Zi Tao
လူမှန်းသိတတ်စထဲက ကျွန်မမှာမိဘမရှိဘူး တစ်ကောင်ကြွက် Royal Barပိုင်ရှင် Mrs Kimကမွေးစားထားတာ ဒါပဲသိသည်။
ကျွန်မလို ဘဝတူ Mrs Kimမွေးစားထားတဲ့ ကလေးတွေအများကြီး ယောင်္ကျား မိန်းမမရွေးမွေးစားတယ် ရုပ်ရည်လှပသူတွေကိုပဲမွေးစားတာပါ။

Royal Bar -- Seoulမှာနံမည်အကြီးဆုံး Barပဲ
ဘာလို့နံမည်ကြီးလဲ သိလား??
new year ညကျလာခဲ့ပါ သိသွားလိမ့်မယ်။

new yearပွဲတော်.....လူတော်တော်များများပျော်ပါးကြတဲ့ညပေါ့
ကျွန်မတို့Barကိုလာတဲ့သူတွေဆို ပိုပျော်နေကြမှာပေါ့။

ဒါပေမဲ့ကျွန်မတို့ကတော့ မပျော်နိုင်ပါဘူး
ကျွန်မလို ဘဝတူRoyal Barကမွေးစားခံထားရတဲ့ အရွယ်ရောက်ပြီးသား မိန်းကလေးတိုင်းအတွက်ကတော့
မပျော်နိုင်ပါဘူး။

Royal Barက မွေးစားထားတဲ့ယောကျာင်္းလေးကော မိန်းကလေးကော အသက်15နှစ်မှာ စာပွဲထိုးစလုပ်ရပါတယ်။ ယောင်္ကျားလေးတွေကတော့ အသက်25မှာ Barကနေထွက်ပြီး ကိုယ့်ဘဝကိုယ်ကြောင်းရပါတယ်။

မိန်းကလေးတွေကတော့ customerတွေရဲ့ တုံ့ပြန်သံကိုနားထောင်ပြီး
တချို့ကတော့ စားပွဲထိုးပဲလုပ်ရပါတယ် တချို့ကတော့ စင်ပေါ်မှာကပြဖျော်ဖြေရပါတယ်...အသက်25ပြည့်ပြီးရင် သူတို့လဲ Barကနေထွက်ခွာရပါတယ်။

customerတွေသဘောအကျဆုံး တချို့ကတော့....ထိုတချို့ကတော့ သနားဖို့အကောင်းဆုံးပါပဲ ပါကင်ပိတ်ဘဝကိုရောက်ရပါတယ်။

အဟက် ပါကင်ပိတ်ဆိုလို့ နားနဲနဲရှုပ်သွားသလား??
ကျွန်မပြောတဲ့ Royal Barနံမည်ကြီးရခြင်းအချက်ကတော့
ထိုပါကင်ပိတ်ကြောင့်ပါပဲ...december 31ရက်နေ့
ည12နာရီတိတိမှာ ပါကင်ပိတ်ခံထားရတဲ့ မိန်းကလေးတွေကို လေလံပစ်ပါတယ်။

ကိုယ်သဘောကျတဲ့သူကို လေလံပစ်လို့ရပါတယ် နိုင်တဲ့သူက ထိုမိန်းကလေးကိုခေါ်သွားရုံပါပဲ။လေလံအောင်သူဟာ ပါကင်ပိတ်လေးရဲ့ သခင်ဖြစ်သွားပါပြီ။ ပါကင်ပိတ်ကလေးတွေမှာ အပျိုစစ်စစ်ပါဆိုတဲ့ ဆေးစစ်ချက်လဲပါပါတယ်။ကျန်းမာရေးကောင်းမွန်ပြီး ဘာရောဂါမှမရှိတဲ့ဆေးစစ်ချက်လဲ ပါရပါတယ်။

ဘဝမုန်တိုင်း (Taoris)Where stories live. Discover now