Episode 6

775 97 9
                                    


Taoရဲ့ID cardအသစ်ကို Chanyeol Oppa လုပ်ပေးလို့ရခဲ့တယ် ID card ထဲကနံမည်ကတော့ ""Huang FanFan""တဲ့
Taoသိပ်ချစ်တဲ့ Krisရဲ့ နံမည်အရင်းကWu Yifanလေ
Fanဆိုတဲ့ချစ်ရသူရဲ့ နံမည်ကိုကိုယ့်နံမည်အဖြစ်ထားရှိတာက
Taoအတွက်ပိုပြီးယုံကြည်ချက်ရှိစေတယ်
KrisကTaoနားမှာအမြဲရှိတယ်လို့လဲခံစားရစေတယ်။

"ဝေါ့...ဝေါ့"
"Tao yah နေမကောင်းဘူးလား ခုတလော အစားအသောက်လဲသိပ်မစားနိုင်ဘူးနော် မနက်ဆိုလဲ အန်အန်နေတယ် ဆေးခန်းသွားပြရအောင်"

"nae unnie"
'
'
'
**Krisရယ် Taoလေ Krisကိုအရမ်းသတိရတာပဲ
Taoမှာ Krisရဲ့ရင်သွေးလေး 2လသားလေးရှိနေပြီလို့ ဆရာမပြောတာ ကြားလိုက်တုန်းကလေ Taoစိတ်ထဲမှာ Krisကိုအနားမှာရှိစေချင်လိုက်တာ Krisသာဆိုဘယ်လောက်များပျော်နေလိုက်မလဲ**

Krisကိုသတိရလေလေ Tao Baek Unnieဆီကမိတ်ကပ်ပညာကို ပိုကြိုးစားပြီးသင်ယူခဲ့တယ်။Taoနဲ့ Krisရဲ့ရင်သွေးလေးအတွက် Taoအရင်ကထက်ပိုကြိုးစားမှ ဖြစ်တော့မယ်လေ။

Unnieကလဲသူသွားရသမျှနေရာတိုင်း ပွဲကြီးပွဲသေးအကုန်လုံးကို Taoကိုခေါ်ပါတယ်။
Taoတို့ဆရာတပည့်နှစ်ယောက် တဖြည်းဖြည်းနံမည်ကြီးလာခဲ့တယ်။ ရုပ်ရှင်ကုမ္ပဏီတခုကပါ Baek unnieနဲ့Taoကို ပင်တိုင်မိတ်ကပ်ဆရာအဖြစ် ငှားရမ်းခဲ့တယ်လေ။

ကိုယ်ဝန်ကလဲ 5လထဲရောက်လာတော့ ဗိုက်ကမသိမသာစူလာပြီလေ။ အပျိုဗိုက်ဆိုတော့ အရမ်းကြီးလဲပူထွက်မနေ
Taoမှာကိုယ်ဝန်ရှိတယ်ဆိုတာ ဘယ်သူမှထင်မှာတောင်မဟုတ်ဘူး။
Chanyeol Oppaနဲ့ Baek unnieက Taoကိုအရမ်းဂရုစိုက်တယ် အလုပ်တောင်ဘာမှမလုပ်ခိုင်းတော့ဘူး။
Dr Yixingလဲညနေတိုင်း Taoတို့ဆီလာပြီး Taoကြိုက်တတ်တာလေးတွေဝယ်လာခဲ့တယ်။

Taoဘဝမှာ Krisကိုရှာလို့မတွေ့သေးတာကလွဲရင် အရာအားလုံး ပြည့်စုံပါပြီ။ မိသားစုဆိုတဲ့အရာကိုလဲ ခံစားတတ်ခဲ့ပြီလေ နောက်လေးလလောက်ဆို မိသားစုလေးက ပိုတောင်စည်ကားတော့မှာ။
ခုဆို Tao Krisကိုသတိရတိုင်း Diaryစာအုပ်လေးမှာ ချချရေးတတ်တဲ့အကျင့်ဖြစ်နေပြီလေ။
အလွမ်းတွေကို စာရေးရင်းနဲ့ပဲ ဖြေဖျောက်နေရတာပေါ့။

after 4 months later...

"unnie Baek unnie
Oppa Chanyeol Oppa
အားးလားးလားး
Tao ဗိုက်အရမ်းနာနေလို့ Unnie... Oppa.."

ဘဝမုန်တိုင်း (Taoris)Where stories live. Discover now