Part 2

474 34 3
                                    

BamBam Pov~

ကျနော် US က နေ Korea ပြန်လာခဲ့သည် အဓိက ကတော့ ကျနော် ချစ်သူနှင့် စိတ်ဆိုးပြီးတော့ပေါ့ ကျနော် ချစ်သူက တရုတ်လူမျိုးပါ US မှာကျောင်းတက်ရင်းတွေတာပေါ့ ထူးဆန်းတာက သူ့ က Korea စကား ကောင်းကောင်း ကျွမ်းကျင်တယ် ဘာသာတွေ တော်တော်များများလည်း ရတယ် အရမ်းတော်တဲ့ ကျနော် ချစ်သူဖို့ သူအမည်က Jackson Wang တဲ့ ဒါပေမယ် သူကို Korea လိုက်ခဲ့ ဖို့ပြောတာ သူက လက်မခံဘဲ ညင်းတယ်လေ ဒါကြောင့် ကျနော်လည်း စိတ်ဆိုးပြီးဆင်းလာတာပေါ့

အမှန်ဆို ကျနော် အိမ်မပြန်ချင်ပါ တမင် သက်သက် ကျောင်းပြီးတာတောင် US မှာ လိမ့်ပိတ်နေနေတာပါ ကျနော် မိဘများက Korea မှာ အချမ်းသာဆုံး စာရင်းဝင်တွေပါ "A" လုပ်ငန်းစုဆိုတာ ထိပ်ဆုံးက ဆို မမှားပါ ကျနော်လည်း တဦးထည်းသော သားပါ မိဘများက လည်း ကျနော် အရမ်းချစ်ကျသည် ဒါပေမယ် မပြန်ချင်တာ ကျနော် အမုန်းဆုံးသူက ကျနော်နဲ့ တအိမ်ထဲနေရသောကြောင့်ပင် ကျနော် သူမျက်နှာကို မတွေ့ချင်ပါ သူကြောင့် ကျနော် ငယ်ငယ် ထဲက နိုင်ငံခြားမှာ ပညာသင် ထွက်လာရတာ သူကြောင့်ပင်

ကျနော် အိမ်ပြန်ရောက်လာသည် ဗြုန်းစားကြီးမို့ အကုန် အံသြ သွားကြသည် သူမရှိတာ ကြောင့် ကျနော် ပျော်ပျော်ရွှင်ရွှင် ဖြစ်ရသည် ကျနော် မိဘများနှင့် နှုတ်ဆက်ပြီး ကျနော် ငယ်ငယ်ထဲ က ကျနော် ချစ်ရသော ကျနော် အချစ်ဦး ဖြစ်ခဲ့တဲ့ Hyung ဆီသွားရန် ကားမောင်း ထွက်လာခဲ့သည်

Hyung က Tuan လုပ်ငန်းစုက သားတဦးပင် Hyung မိဘတွေနဲ့ ကျနော်မိဘတွေက စီးပွားရေးအရကော လူမှုရေးအရပါ ရင်းနှီးသည် ကျနော်ကို အဝေးမှာ ထားပေမယ့် စီးပွားရေး အချက်အလက်များကို မိဘများက အမြဲပေးသိသည် Hyung Company ကိုရောက်တော့ Hyung ခွင့်ယူထားတယ်တဲ့ Hyung က အလုပ် အရမ်းကြိုးစားသူတယောက် ဒီလိုလုပ်လိမ့်မည်မထင် တော်တော် စိတ်ဓာတ်ကျသွားသည် ဒါကြောင့် Hyung အိမ်ဘက်ကိုကားမောင်း ထွက်လာခဲ့သည်

မီးပွိုင့်မိနေတာကြောင့် ကျနော် ဘယ်ညာဝှေ့ကြည့်လိုက်သည် Coffee Shop တခုက ယောက်ျားလေးစုံတွဲ တတွဲ ကို တွေလိုက်သည်

Hate+Avenge= LoveWhere stories live. Discover now