Fake Bride...
Copy by Exol Swam Swam
(မူရင်း_ပုညခင်)
Episode_[1+2]
"Ting Tong~~~Ting Tong"
မနက်စောစောစီးစီးထမြည်လာသောBellသံက
Yifanရဲ့မွေးနေ့မနက်ခင်းကိုဇိမ်ပျက်အောင် နှောင့်ယှက်လိုက်ပါသည်။
Yifan_...ကျွတ်...စောစောစီးစီးဘယ်သူများပါလိမ့်ကွာ
အပြင်မှာမိုးကသည်းသည်းထန်ထန်ရွာနေခဲ့သည်။
တစ်ညလုံးမိုးချူန်းကာရွာခဲ့သော်လည်းမနက်ထိတိုင်
အောင်ဆက်လက်ရွာသွန်းနေမြဲဖြစ်သည်။ဒီလိုမျိုး
မိုးအရမ်းရွာတဲ့နေ့ဆိုအိပ်ရာထဲမှာအိပ်ယာထဲကွေးလို့
ကောင်းမနက်စောစောစီးစီးဘုရားလည်းမသွားချင်
ညကအိပ်ယာနောက်ကျမှဝင်ခဲ့တာမို့ဒီမနက်တော့
အိပ်ရေးဝဝအိပ်ဖို့စိတ်ကူးခဲ့တာ
Yifanမျက်လုံးပွတ်သပ်လိုက်ပြီး(Bed)ဘေးစားပွဲပေါ်
ကPhoneယူကြည့်လိုက်တော့ခုမှမနက်9:30သာရှိ
သေးသည်။အင်း...သူများတွေအတွက်တော့ဒီအချိန်ဟာမစောဘူးပေါ့ဒီလိုပိတ်ရက်မျိုးမှာမနက်11:00
လောက်မှထချင်သောကိုယ့်အတွက်စောနေပါသည်
တစ်ဖက်(Bed)ပေါ်မှာစန့်စန့်အိပ်နေသောညီဖြစ်သူ
Chanyeolကိုလှမ်းကြည့်လိုက်သည်။ဒင်းကBellသံ
တောင်မကြားနိုင်အောင်အိပ်ပျော်နေပါသည်။
Yifan_...ဟေ့ကောင်...Chanyeol...ထ...ထ...တံခါး
သွားဖွင့်ပေးလိုက်ဦး...ဟေ့ကောင်
Yifanအသံကျယ်ကျယ်နှင့်လှမ်းပြောသော်လည်းဟို
ကောင်Chanyeolကမနိုး အမြင်ကပ်ပုဒ်မဖြင့်
နား နားသို့ကပ်အော်လိုက်ကာမှ
Yifan_...Yeol~~~ဟေ့ကောင်...ထပါဆိုကွာ
Chanyeolတစ်ကောင် ဆတ်ခနဲ တုန်သွားပြီး
Chanyeol_...ဟာ~~~Hyunဘာလုပ်တာလဲဗျ
နားတောင်အူသွားတာပဲဗျာ
Yifan_...မင်းကဆင်အော်မနိုးဖြစ်နေတော့ငါနား နားကိုကပ်အော်ရတာပေါ့ကွBellသံတောင်မကြားရ