Yifanတစ်ယောက်Exodus Hotelဝန်းထဲ
ရောက်တာနဲ့CarကိုParkingထိုးပြီးအဝင်ပေါက်ကမဝင်ဘဲဘေးဘက်ရေကူးကန်ဘက်မှ
ပတ်လျှောက်ခဲ့သည်။ဒီHotelမှာလာစားတိုင်းရေကူးကန်ဘက်မှတစ်ဆင့်စားသောက်ခန်း
ထဲသို့သာအမြဲသွားလေ့ရှိသည်။သူစားသောက်ခန်းမထဲရောက်တော့အရင်ကြိုရောက်နေတဲ့Luhanကသူ့ကိုလက်ပြရင်း
ကြိုဆိုသည်။Luhanနှင့်ကျွန်တော်ကရည်းစား
လည်းမကျသူငယ်ချင်းလည်းမကတဲ့ဆက်ဆံရေးမျိုးဟုဆိုရမည်။ခင်မင်ခဲ့တာကြာခဲ့ပြီမို့သံယောဇဉ်တော့ရှိသည်။
သို့သော်အဖြူထည်သက်သက်ချည်းတော့မဟုတ်တာသေချာသည်။ရင်ခုန်ငြိတွယ်
နေတာလားဆိုတော့လည်းမဟုတ်။တွေ့တဲ့အခါ
စိတ်လက်ပေါ့ပါးပျော်ရွှင်လာပေမဲ့ဝေးသွားပြန်ရင်လည်းဘယ်လိုမှခံစားချက်မရှိ။Luhanဘက်ကလည်းသူ့လိုဘဲခံစားရမည်လို့
ထင်ပါသည်။တွေ့တဲ့အခါရင်းရင်းနှီးနှီးဆက်ဆံပေမဲ့မတွေ့ရတဲ့အခါလည်းတွေ့လှပါချင်ရဲ့
ဆိုပြီးတဂျီဂျီလုပ်တာမျိုးမရှိ။သူရောကိုယ်ပါ
အားတဲ့အချိန်မှချိန်းတွေ့ပြီးစကားပြောရုံမျှသာ။
ဘာပဲဖြစ်ဖြစ်ဆန့်ကျင်ဘက်အလှပဂေးလေးနဲ့
တွေ့တော့စိတ်အညောင်းအညာပြေတာပေါ့Yifanမှာကအာရုံအညောင်းပြေလေးတွေ
အများကြီးရှိသည်။တချို့ဆိုဘာညာသာရကာ
အီစီကလီဆက်ဆံရေးမျိုးတောင်ရှိသည်။သို့
သော်ဘယ်သူ့ဆီကိုမှသူ့အာရုံကအတည်တကျ
မရှိတာကိုတော့သူကိုယ်တိုင်သိသည်။Yifan_...Hello~~Lulu
Luhan_...Hi
ထိုသို့ပေါ့ပါးစွာနှုတ်ဆက်ပြီးLuရဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်လိုက်ပြီး
Yifan_...Luနင်ပိုလှလာတယ်
Luhan_...ခ်~ခ်~ဟုတ်လား~နင်လည်းပိုလန်း
လာပါတယ်Yifan_...Sorryငါနောက်ကျသွားတယ်
Luhan_...နင်နောက်ကျတာကိုငါကအစောကြီး
လာထိုင်စောင့်နေတာမဟုတ်ပါဘူးနော်~~~~
ငါ့ဘာသာငါဗိုက်ဆာလို့မုန့်ကြိုမှာစားနှင့်တာ