I Miss ^u^(LayHun Oneshot)

1.9K 82 12
                                    

(5 seconds of summer ရဲ့ Amnesia ဆိုတဲ့ သီချင်းလေးနားထောင်ပြီးဖတ်ရင် ပိုသဘောကျမယ်ထင်ပါတယ်^^)

I miss you so much...hunnie~~~

မျက်ရည် .. ပျော်ရွှင်တဲ့ အချိန်မှာလဲ သက်သေအဖြစ်ရှိနေပေးတတ်သလို~~
ဝမ်းနည်းလွမ်းဆွတ်ခြင်းရဲ့ သင်္ကေတအဖြစ်လည်း တာဝန်ထမ်းဆောင်ကြလေရဲ့~~

ကျွန်တော့်ရဲ့ အဝေးမှာ... သူ အရင်လို မဟုတ်ဘဲ နေနိုင်ခဲ့ပြီပေါ့ ~~

ကျွန်တော့်နဲ့ မတွေ့ရတဲ့ ရက်တွေ ကြာလာလည်း သူ့မျက်ရည်တွေနဲ့ ကျွန်တော့ကို နွဲ့ဆိုးမဆိုးတတ်တော့ဘူးပေါ့~~

ကျွန်တော့်ကို  members တွေက ပြောတယ် maknae လေး ရင့်ကျက်လာပြီတဲ့... ခံစားချက်တွေ ထိန်းချူပ်နိုင်လာပြီတဲ့~~

ဒါပေမယ့် ကျွန်တော့် ကလေးလေးကို ကျွန်တော် လွမ်းတယ်...

ကျွန်တော် China မှာ Go Fighting ရိုက်ကူးရေးသွားနေရတဲ့ နေ့တိုင်း ကျွန်တော့်ကလေးလေး weibo ကနေရော IG ကနေပါ လှမ်းပို့တဲ့ အလွမ်း message လေးတွေကို လွမ်းတယ်~~

weibo မှာဖြစ်ဖြစ် IG မှာဖြစ်ဖြစ် သူ့ Update လေးမြင်တိုင်း  ကျွန်တော့်ကလေးလေးကို ပိုလွမ်းလာတဲ့အပြင် သူနဲ့ကျွန်တော့်ရဲ့ ဘယ်သူမှ မသိတဲ့ လျှို့ဝှက်ချက်လေးတစ်ခုကိုပါ သတိရမိတယ်...

သူ Weibo account စသုံးတော့ ကျွန်တော်က Hunnie, IG ဖြစ်ဖြစ် Weibo ဖြစ်ဖြစ် update မယ်ဆိုရင် gege ကို အဲ့ပုံမဟုတ်တဲ့ တခြား hunnie ပုံတွေပါ ပို့ပေးပါနော်..hunnie ရဲ့ ဘယ်သူမှာမှ မရှိတဲ့ ပုံလေးတွေပါ သိမ်းထားချင်တယ်လို့ ပြောမိတော့ update တာနဲ့တင် အလွမ်းပြေပေါ့တဲ့~~

ပြီးတော့ unseen photo တွေကို ဘာလုပ်မလို့လဲလို့ သူမေးတာကို မဖြေလို့ ၂ပတ်လောက် စိတ်ကောက်ပြီး နောက်ဆုံး Bubble tea ဝယ်တိုက်ရင်း
"hunnie update ပုံအောက်က comment တွေမြင်တိုင်း နားလည်ပေးသင့်ပေမယ့် သဝန်တိုလာတဲ့ စိတ်ကို တားမရလို့. အာ့ကြောင့် ဘယ်သူမှာမှ မရှိတဲ့ Hunnie ပုံလေးတွေ သီးသန့်သိမ်းထားချင်လို့"
လို့ မျက်မှာပူပူနဲ့ ဝန်ခံလိုက်တော့မှ မျက်လုံးလေးမှေးနေအောင်ပြုံးရင်း အစောကြီးထဲက အဲ့လိုပြောရင်ပြီးနေတာကိုဆိုပြီး အနမ်းလေးတစ်ပွင့် ယူသွားခဲ့တာလေးကိုလည်း လွမ်းတယ်..Hun ရယ်...

I Miss ^u^ (LayHun OneShot)Where stories live. Discover now