တိတ်ဆိတ်ငြိမ်သက်ပြီးတော့ လရောင်ကင်းမဲ့နေတဲ့ညတစ်ည
မှောင်မိုက်နေတဲ့ပတ်ဝန်းကျင် ကနေတစ်ဆင့်ကြားနေရတဲ့
တစ်စုံတစ်ရာသော် အသံဒီီနေ့ကော ကျွန်တော် ထိန်းချူပ်နိုင်ပါ့မလား
ကျွန်တော့်စိတ်တွေမွန်းကျပ်နေပြီ မရတော့ဘူး
မရတော့ဘူး အား... ... ...!!!!!!!လူသွားလာသိပ်မရှိတဲ့ လမ်းကြားလေးတစ်ခုကြား
တစ်နေရာရာကိုသွားနေတဲ့ တစ်စုံတစ်ယောက်ရဲ့ခြေသံ
"ဖက်...ဖက်...ဖက်...!!"ထိုခြေသံတွေရပ်တန့်သွားတယ်
တစ်စုံတစ်ယောက်ရဲ့အိမ်ရှေ့~ မသွားဖို့စိတ်ကိုထိန်းပေမဲ့ ကျွန်တော်စိတ်ကိုမလွန်ဆန်နိုင်ခဲ့ပါ"ဂျိန်း!!!!!"
မိုးပေါက်ကလေးတွေမိုးကောင်းကင်ပေါ်ကနေ တဖြည်းဖြည်းဆင်းသက်လာခဲ့တယ်
ကျွန်တော့်ရဲ့သွေးစွန်းနေတဲ့လက်ကို ဆေးကြောဖို့
မိုးရေစက်တွေကိုစိုစွတ်စေလိုက်တယ်
ပြီးတော့ ကျွန်တော့်လက်ကိုပြန်ကြည့်လိုက်တော့
သန့်ရှင်းသွားပြီဖြစ်တဲ့လက်တစ်ဖက်ကျွန်တော့်ရဲ့ အခြားလက်တစ်ဖက်ကကိုင်ထားတဲ့အရာကို
ကိုကျွန်တော် သေချာသန့်စင်ပြီး အနီးနားမှာရှိတဲ့
အမှိုက်ပုံးတစ်ခုထဲကို သေချာထုပ်ပိုးပြီးလွှတ်ပစ်လိုက်တယ်××××× ××××× ×××××
ကျွန်တော့်ရဲ့ဘဝရှင်လျက်နဲ့သေနေတဲ့သူ
ကျွန်တော့်ရဲ့အသုံးမဝင်တဲ့ဘဝကိုမြန်မြန်အဆုံးသတ်ချင်ပြီ
ကျွန်တော့် ထွက်သွားချင်ပြီ ဒီအမှောင်လောကထဲကနေ
ကျွန်တော့်ရဲ့ထိန်းချူပ်မရတဲ့စိတ်ဓာတ်...
ကျွန်တော့် ရဲ့ငရဲနဲ့တူနေတဲ့ နေ့ရက်တွေကိုဆက်ပြီး
မရှင်သန်ချင်နေတော့ ကျွန်တော့ဘဝကပြောင်းလဲလို့မရနိုင်!ဒါပေမဲ့ ကျွန်တော် တစ်စုံတစ်ယောက်အတွက်အသက်ဆက်ရှင်နေခဲ့တယ်
ကျွန်တော်တန်ဖိုးထားရတဲ့လူ အတွက် သူကြောင့် ကျွန်တော့်ငရဲ နဲ့တူတဲ့ နေ့ရက်တွေ ဟာ တန်းဖိုးရှိတဲ့နေ့တွေဖြစ်လာခဲ့ပါပြီ
ဒါပေမဲ့ သူ့ကို ကျွန်တော်စိတ်ချတဲ့သူဆီမှာအပ်ပြီးမှ
ကျွန်တော်လောကကြီးထဲကထွက်သွား ချင်ပါတယ်
ဒါမှကျွန်တော် ထွက်သွားနိုင်မယ် သူ့ကိုလည်း
မနာကျင်စေရတော့ဘူး×××× ×××× ××××
ထိုသူထွက်သွားပြီးနောက်ကျန်နေခဲ့တဲ့
အမှိုက်ပုံးထဲကတစ်ခုသောအရာ"သွေးစွန်းနေတဲ့ဓားတစ်လက်"
YOU ARE READING
Until I Die(iKON-JunJin)
FanfictionOnly She Who Care Me My Life Become More Meaningful Because of Her... But I Have To Protect Her Ican't Control Myself...What Shall I Do???? In My Heart, There Is Only One Decision . I'll Not Hurt Her Anymore Until I Die... ...