I Can't Leave You Like This Now

147 20 0
                                    

Junhoe Jinhwan ထွက်သွားပြီးနောက်
သူအတော်အတန်ကြာငိုကျွေးနေမိတယ်  အတိုင်းမသိစီးဆင်း
လာတဲ့မျက်ရည်တွေကို သူထိန်းချုပ်မထားတော့ပါဘူး
ကျွန်တော် လုပ်နေတာတွေမှန်ရဲ့လား လဲမသိတော့... ...

ခဏနေတော့ Junhoe သူ့အခန်းထဲကိုသူသွားကာ
အမည်းရောင် အကျီင်္ကိုချွတ်ချလိုက်တယ် သွေးတွေစွန်းနေတဲ့
အဖြူရောင်အကျီင်္ ထိုးခံထရတဲ့နေရာကနေထွက်နေတဲ့
သွေးတွေကမြင်မကောင်း လက်မှာလဲသွေးတွေပေကျန်နေ
ပြီးတော့ ထိထားတဲ့ ဒဏ်ရာတွေ Jinnie ကိုဒါတွေသူမမြင်
စေချင် ဒါကြောင့် သူJinnie ကိုကျောခိုင်းလျက်သာ
ပြောခဲ့ချင်းဖြစ်တယ် သူအကျီ ကိုချွတ်ပြီးသွေးထွက်နေတဲ့
ဒဏ်ရာကိုဆေးထည့်နေတယ် သူနာကျင်နေလွန်းလို့တောင့်ခံ
မထားနိုင်တော့ ဒါပေမဲ့လည်း... ...

အံဆွဲထဲကက အိပ်ကပ်တစ်ခုကိုဆွဲထုတ်လိုက်တယ် ပြီးတော့
အိပ်ကပ်ထဲက ဓားတစ်ချောင်းရယ် အိပ်တစ်ချောင်းရယ်
ပြီးတော့ ခွဲဖို့လိုတဲ့ပစ္စညး်တွေရယိရှိနေတယ်
သူသူ့ဒဏ်ရာကို သေချာ ပြန်သန့်စင်ပြီးတော့  သူ့ဘာသာသူ
ဒဏ်ရာကို ပြန်ချူပ်လိုက်တယ် သူနာလွန်းလို့မျက်ရည်တောင်
ကျတဲ့အထိပါ ဒါပေမဲ့ ဒါတွေက သူ့အတွက် အစမ်းမှမဟုတ်ဘဲ အဲ့ဒီ Lee Sung Jun လူတွေနဲ့ တိုက်ခိုက် ပြီးတဲ့အချိန်တိုင်း ကျွန်တော် ဒီလိုလုပ်ခဲ့ရတာပဲ

ဒဏ်ရာကိုသေချာ စည်းပြီးနောက် Junhoe သူ့လက်ကနဲ့
မျက်နှာက ဒဏ်ရာတွေကို ဆေးထည့်နေတယ် အခုအချိန်မှာ
သူ့အတွက် ဘေးနားမှာဖော်တစ်ယောက်ရှိနေပေးဖို့က အမှန်
တကယ်လိုအပ်ပါတယ် ဒါပေမဲ့လည်း... ...

Junhoe ရဲ့ပန်းချီခန်းလေး မီးတွေပိတ်ချလိုက်တယ်
Junhoe အခန်းထဲကတော့ မီးရောင်ဖျော့ဖျော့လေးတစ်ခု
ကိုသာအားပြုပြီး ရှိနေတယ် Junhoe သူမကို
အကြိမ်ကြိမ်သတိရခဲ့တာပေါ့ အချိန်တိုင်းလဲလွမ်းနေခဲ့တာပေါ့
ဒါပေမဲ့ Junhoe ခေါင်းကိုခါကာ သူ့အတွေးတွေကို ပယ်ဖျက်ခဲ့ပေါင်းလဲမနည်းတော့ပါ ... ... ...

>>>Jinhwan>>>>

Jinhwan ဝမ်းနည်းမှုတွေပြည့်နှက်နေတဲ့ ရင်ဘက်ကြီးကို
ဘယ်လိုလုပ်ရမှန်းမသိတော့ အိပ်လို့လဲမပျော်နိုင် ရင်ဘက်ထဲ
လဲ လေးလံနေလို့ ကျွန်မနှလုံးသားကို စူးရှလှတဲ့ ဓားတွေနဲ့
ထိုးနှက်နေသလို ခံစားမိနေပါတယ်

Until I Die(iKON-JunJin)Donde viven las historias. Descúbrelo ahora