ဧဒင်ဥယျာဉ်ကြီးထဲမှာ (အပိုင်း ၁)

1.1K 126 12
                                    


ကမ္ဘာဦးအစတုန်းကပေါ့ အာဒမ်ရယ် ဧ၀ရယ် ဧဒင်ဥယျာဉ်ကြီးထဲမှာ ရှိကြသတဲ့.......................
Wuyifanဆိုတဲ့ ကျွန်တော်က ကမ္ဘာဦးလူသားတော့ မဟုတ်ပါဘူး ၂၁ရာစုမှာ မွေးဖွားတာပါ။ ဧဒင်ဥယျာဉ်ကြီးထဲမှာလည်း ရောက်မနေပါဘူး အကဲပိုတဲ့ အတွဲတွေ အဆော့မက်တဲ့ ကလေးတွေရှိရာ အများပြည်သူပိုင် ပန်းခြံတစ်ခုမှာပါ။ ကျွန်တော်ထိုင်နေတဲ့ နေရာကလည်း ပန်းသီးပင်အောက် မဟုတ်ပြန်ဘူး ချယ်ရီပင်ရဲ့အောက်မှာ မြက်ဖျာခင်းပြီး ထိုင်နေတာပါ။ ဒါပေမယ့် ကျွန်တော့မှာ ပန်းသီးတွေ ပါလာပါတယ် ဒီလာခါနီးလမ်းမှာ SuperMarketက ၀ယ်လာတာကိုး။ ကျွန်တော်က ကျောင်းပိတ်ရက်ဆို ဒီနေရာလာပြီး စာအုပ်ဖတ်နေကျပါ။ ကျွန်တော့်အဆောင်ထက်စာရင်တော့ ဒီပန်းခြံက ဆိတ်ငြိမ်ပါတယ်။ ငှက်ကလေးတွေ အသံကြားရတယ် (တခါတရံ ငှက်ချေးပါချ ခံရတာကလွဲရင်) သစ်ရွက်လေးတွေလွင့်ပြီး (မကြာခဏ ပုရွက်ဆိတ်တွေ ပိုးကောင်တွေပါ ပါလာတတ်လို့ ကျွန်တော်အော်အော်ပြေးရတာကလွဲရင်) စိတ်ကူးယဉ်လို့ အရမ်းကောင်းပါတယ်။ ဒီနေရာလေးမှာ စာဖတ်မိရင် ၁၅မိနစ်မကြာပါဘူး စာအုပ်နဲ့မျက်နှာဟပ်ပြီး အိပ်ပျော် သွားတတ်ပါတယ်။ ကလေးတွေကန်တဲ့ ဘောလုံးလာမှန်လို့ပဲဖြစ်ဖြစ် အနားဝန်းကျင်မှာ မြက်လာရိတ်တဲ့ အသံလို ကြားရရင်တော့ ကျွန်တော်နိုးလာတတ်ပါတယ်။ ဒါပေမယ့် အဲဒီနေ့တုန်းကတော့ အဆန်းဗျ ပန်းသီးကိုက်တဲ့ အသံကြောင့် ကျွန်တော်နိုးလာခဲ့တယ်။ ကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်တော့ ပန်းသီးတွေ အကုန်လုံးက တခြမ်းစီ အကိုက်ခံထားရတယ် စားသွားတဲ့သူကိုတော့ မမိလိုက်ဘူး။ ဒါပေမယ့် ကျွန်တော် သိပါတယ် စားသွားတဲ့သူက မိန်းကလေးဖြစ်မယ်လို့ ဘာဖြစ်လို့လဲဆိုတော့ ပန်းသီးပတ်ပတ်လည်မှာ ပန်းဆီရောင် နှုတ်ခမ်းနီရာတွေ ကျန်ရစ်ခဲ့တယ်။ နောက်ပြီး အမျိုးသမီးသုံး ရေမွှေးနံ့သင်းသင်းလေးရောပဲ (ကျွန်တော် အဲဒီရေမွှေးတံဆိပ်ကို သိပေမယ့် ကြော်ငြာခမရတဲ့အတွက် ထည့်မပြောပါဘူး) မည်သို့ပင်ဆိုစေ ပန်းသီးခိုးစားသွားသောသူမကို ကျွန်တော်နာမည်ပေးခဲ့သည် ဧ၀လို့
......................................................................................................................................
'သင်္ချာအမှတ်တွေ သိရပြီ' Kaiအာပြဲနှင့်အော်လိုက်သောကြောင့် Canteenတွင် စားတာများသွားသဖြင့် ဗိုက်လေးနေသော Suhoနှင့်Kris ရောက်ရာအရပ်မှ အမြန်ပြေးလာတော့သည်။ 'ဖြေးဖြေးလာပါကွာ အမှတ်တွေက ထုံးစံအတိုင်းပဲ Suhoကလွဲရင် ငါတို့အကုန် ၂၀အောက်' (Suhoအမှတ်ကလည်း သိပ်အကောင်းကြီးမဟုတ် အမှတ်၉၀ပေးသည်ကို ၃၀အောက်ဖြစ်သည်) Kai Suho Kris Sehun ထို၎ယောက်မှာ အလယ်တန်းကျောင်းကတည်းက သူငယ်ချင်းများဖြစ်၏ ထို၎ယောက်မှာ ပေါင်းမိကတည်းက စာကိုမလုပ်ကြ။ ၀ါသနာတူ စရိုက်လည်း မတူတူအောင် ညှိယူကြသည်။ Suhoမှာ ပါမောက္ခဖြစ်သူအဖေကို တခါတရံကြောက်ရ၍သာ စာနည်းနည်းလေး ပိုလုပ်ခြင်းဖြစ်သည်။ သို့သော် အင်္ဂလိပ်စာတွင်တော့ ဟို၃ယောက်ထက်ပင် အခြေအနေဆိုးသေးသည်။ Krisကတော့ ငယ်ငယ်ကတည်းက Studying is not my style ဟု ကြွေးကြော်ထားသူပီပီ စာကိုလုပ်ကိုမလုပ်။ Kaiကတော့ ကနေရရင်ပင် ကျေနပ်နေသူ စာဆိုတာ ဖတ်စာအုပ်ထဲမှာ ရှိနေပြီလေ ကျက်စရာလားဟု ပြန်မေးမည့်သူမျိုး။ Sehunက သူတို့တွေနှင့်မတူတာက အရင်က စာတော်ရှာသည် သို့သော် အပေါင်းအသင်း အကောင်းစားကြီးတွေနှင့် တွေ့သဖြင့် သွေးစည်း ညီညွတ်မှုကို ပြသရန် စာအုပ်ကို မကိုင်တော့ခြင်းဖြစ်သည်။ သို့နှင့် သို့နှင့် သူတို့သည် အထက်တန်းကို ပိန်တိန်းလိမ်တိန်းနှင့်ပင် ရောက်ရှိလာခြင်းဖြစ်သည်။ 'ဟင်.....' Krisရုတ်တရက်အော်လိုက်သဖြင့် Kai Suho Sehunတို့ သူ့အဖြေလွှာလှမ်းကြည့်ကြသည်။ 'ဘာလဲ ဒီတခါ မင်းအမှတ်၄၀ရလို့လား' 'မဟုတ်ဘူး ဒီမှာကြည့် စာရေးထားတယ်' 'အာဒမ် အမှတ်တွေနည်းလိုက်တာ စာကြိုးစားမှပေါ့ ပုံ/ဧ၀ တဲ့' 'အဲ အဲဒါ ဘယ်သူလဲ ဧ၀ဆိုတာ' 'Suhoကြီးကလည်း သူဘယ်လိုလုပ်သိမှာလဲ ဧ၀ဆိုတာ သမ္မာကျမ်းစာထဲမှာပါတဲ့ ကမ္ဘာဦးလူသား မိန်းကလေးလေ' 'အော် အဲမိန်းကလေးက ငါတို့Krisကို စိတ်ဝင်စားနေတာလား' 'တောက်တီးတောက်တဲ့ Suhoရယ် ငါ့ကိုအတန်းခေါင်းဆောင် ပေါက်စီမမတောင် လှည့်မကြည့်တာကို' ခုနကတုန်းက ၀င်မပြောသော Sehunပါ သူတို့စကားဝိုင်းထဲဝင်လာသည်။ 'အင်း အရင်တုန်းက လှည့်မကြည့်ပေမယ့် အခုတော့မင်းကို စိတ်ဝင်စားတဲ့သူ ရှိနေပြီထင်တယ် ဧ၀နာမည်ဝှက်နဲ့ တစ်ယောက်ပေါ့' Kaiကလည်း ၀င်စပ်စုသည် 'ဘယ်သူဖြစ်နိုင်မလဲ မသိဘူးနော်' ထိုနေ့ကစ၍ပင် ဧ၀သည် ကျွန်တော့ဘ၀ထဲသို့ ပဟေဋိဆန်ဆန် ပုံစံမျိုးနှင့်ပင် ၀င်ရောက်လာတော့သည်။
နောက်တနေ့............... Sehunသည် Krisအခန်းထဲမ၀င်ခင် ခပ်လှမ်းလှမ်းကတည်းက ရယ်ကျဲကျဲကြီးလုပ်ပြီး 'အာဒံရေ ဒီမှာ Black Soda Drink ဧ၀ကပေးတာ' 'ဟင် ဘယ်လိုလာပေးတာလဲ ဘယ်လိုပုံစံမျိုးလဲ ဘယ်တုန်းကလဲ' 'မသိဘူးလေကွာ ငါမရောက်ခင်တည်းက လာထားသွားတာနေမှာ ခုံပေါ်မှာ စာရေးပြီး တင်ထားခဲ့တာ' Krisပြာပြာသလဲပင် စာကိုယူဖတ်သည်။ 'အာဒံ သူကြိုက်လွန်းလို့သာ ၀ယ်တိုက်ရတာ တကယ်ဆို မနက်စောစော ပဲနို့ဖြစ်ဖြစ်သောက်မှ အားရှိမှာပေါ့ မနက်ဖြန်ကစပြီး ပဲနို့ပဲပို့ပေးမယ်နော် သူ အားရှိစေချင်လို့ပါ ပုံ/ဧ၀' စာဖတ်အပြီး Kaiကတော့ အားကျနေလေ၏ 'မိုက်တယ်ကွာ ဒီလိုရည်းစားမျိုး ရလို့ကတော့ မနက်စာ မကုန်တော့ဘူး' (အရေးထဲ ငတ်စိန်လုပ်နေတယ်) Krisက ရှက်ရမ်းရမ်းနေသေးသည်။ 'ဘာလဲ သူပေးချင်တာပေးတာကို ငါကသောက်ရမှာတဲ့လား' ထိုသို့ကြိမ်းဝါးသော်လည်း ဧ၀နေ့စဉ်ပို့သော ပဲနို့များကို နှစ်နှစ်ခြိုက်ခြိုက်ပင် သောက်ပါ၏ Kaiတို့ခမျာ မြည်းတောင်မမြည်းရပါ။ Kris၏ဧ၀သည် ပဲနို့တင် ပို့ပေးတတ်သည်မဟုတ် ရံဖန်ရံခါဆိုသလို 'အာဒံ အခုတလော ရာသီဥတုက အေးလာပြီ ညအိပ်ရင် ဒါလေး ဆောင်းအိပ်နော် ပုံ/ဧ၀' Suhoတို့ကတော့ ဟားလျှက် 'ဟား ဟား မင်းနှာစီးနေတာ သိလို့ထင်တယ် Angry bird အနီရောင် ခေါင်းစွပ်လေး' ထို့နည်းတူ Krisကြိုက်တတ်လေ့ရှိသော အရုပ်ကလေးများ ဖန်စီ ပစ္စည်းလေးများကိုလည်း မကြာမကြာ ပို့ပို့ပေးလေ့ရှိသည်။ သူတို့ကပဲညံ့လို့လား ဧ၀ကပဲ တော်လို့ပဲလားမသိ တခါမှဖမ်းလို့ မမိခဲ့ပါ။ မည်သို့ပင်ဆိုစေ Krisမှာ ထိုလက်ဆောင်လေးများကို တယုတယ တန်ဖိုးထားသည်ကို Suhoတို့ရိပ်မိပါသည်။
နောက်ပြီး ဧ၀သည် လက်ဆောင်တင် ပို့တတ်သူမဟုတ် ဟိုတနေ့က Krisတို့ထုံးစံအတိုင်း ကျောင်းပြေးပြီး လျှောက်လည်မည်အလုပ် ဖုန်းဝင်လာသည်။ 'ဟယ်လို' 'ဟယ်လို အာဒံ' 'မင်း မင်း ငါ့ဖုန်းနံပါတ် ဘယ်လိုသိ အခုဘယ်မှာလဲ' 'အာဒံ ကျောင်းတက်ပါနော် အရေးကြီးတဲ့အချိန် ရောက်နေပြီလေ စာသင်ရတော့မှာပေါ့ ကျောင်းမပြေးပါနဲ့နော်' 'ဘာ ငါ့ဘာသာငါ ကျောင်းပြေးပြေး မပြေးပြေး မင်းနဲ့ဘာဆိုင်လဲ မတက်ဘူးကွာ' ထိုသို့ပြောသော်လည်း သူကျောင်းပြန်လာတက်ပါ၏ Kaiတို့ပါ ဆောင့်ကြီးအောင့်ကြီးနဲ့ ကျောင်းတက်ရသည်။ 'ဘာလဲ အဲ့ကောင်မလေးလုပ်တာနဲ့ ငါတို့ပါ*/-+-/*-+' သို့နှင့်ပင် သူတို့၏ရမှတ်များသည် မမြင်ဖူးသော ကောင်မလေး၏ စွမ်းဆောင်ချက်ကြောင့် သိသိသာသာပင် တက်လာခဲ့သည်။
Sehunက သူ့ကိုယ်သူ ရှားလော့ဟုမ်းစတိုင်ဖမ်းပြီး 'ငါတို့ ဧ၀ကို မမိမိအောင် ဖမ်းသင့်နေပြီ' 'အော် ငါက ကာယကံရှင်ပါကွာ မင်းထက်တောင် ပိုဖမ်းချင်သေးပါတယ် ဒါပေမယ့် မိတော့မယ် မသင်္ကာစရာ ၅ယောက် တွေ့ထားတယ်' 'တကယ် ဘယ်သူတွေလဲ ဘယ်ကလဲ' 'ငါတို့အတန်းထဲကပဲ ၃တန်းမြောက်မှာ ထိုင်တဲ့ ၅ယောက်' 'ဘာ' ဒီတခါတော့ SuhoရောKaiပါ Sehunနဲ့အတူ ထအော်ကြခြင်း ဖြစ်သည်။ သူတို့မှာလည်း လန့်အော်စရာ အကြောင်းအရင်း ခိုင်ခိုင်မာမာကို ရှိပါ၏
Kaiစိတ်ထဲတွင် ဆုတောင်းနေမိသည်။ 'ဧ၀ဆိုတာ ဇီးကွက်လေး မဖြစ်ပါစေနဲ့' ဇီးကွက်ဟု သူချစ်စနိုးခေါ်သည့် D.Oမှာ ၃တန်းမြောက် အစွန်ဆုံးတွင် ထိုင်ပါ၏ လွန်ခဲ့သည့်တစ်လခန့်က....... 'အဒေါ်ကြီး ကျွန်တော့ကို Chicken ၃ပွဲ' 'အေး အတော်ပဲ Kaiရေ နင့်ကိုရောင်းပြီးရင် ငါဆိုင်သိမ်းရတော့မှာ' ထိုအချိန် တောသူပုံစံ ကြောင်တောင်တောင် ကောင်မလေးတစ်ယောက် ဆိုင်ထဲဝင်လာပြီး 'အဒေါ်ကြီး Chicken ၁ပွဲ' 'မရှိတော့ဘူး ကောင်မလေးရဲ့ ခုနပဲ ကုန်သွားတာ' 'ဟင်....' အဒေါ်ကြီးက D.Oပုံစံလေးကို သနားသွား၍ထင်သည်။ 'Kai နင်ထဲက တစ်ပွဲလောက် ရောင်းလိုက်ပါလားဟယ်' 'ဗျာ အဒေါ်ကြီးကလည်း ကျွန်တော်က ၃ပွဲစားမှဝတာ မရဘူး သူတခြားဆိုင်မှာ သွားဝယ်ပေါ့' D.Oသူ့ကို စိတ်ဆိုးသွားပုံရသည်။ 'ရှင် တော်တော် တကိုယ်ကောင်း ဆန်တဲ့သူပဲ' Kaiထိုနေ့က သူအရမ်းကြိုက်သော Chickenကို တစက်လေးမှ စားလို့မ၀င်ခဲ့ပါ။ သူ့ကို မျက်စောင်းထိုးပြီး ရန်တွေ့သွားသော D.Oပုံစံလေးကို မြင်ယောင်နေသောကြောင့်ပင်။ Kaiစားမ၀င်သော်လည်း Chickenသည် အလဟသ မဖြစ်ပါ။ သူ့သူငယ်ချင်း၃ယောက် လုစားလိုက်တာ လောက်ပင်မလောက် ထိုအထဲတွင် 'Chicken is not my style' ဟုကြွေးကြော်ထားသော Krisကအဆိုးဆုံးဖြစ်သည်။ (သူ့စတိုင်သာ ဟုတ်ရင် ဆိုင်လိုက်ပါ မြိုချမလား မသိဘူး) နောက်တနေ့တွင် Kaiမနေနိုင်တော့ D.Oကိုတောင်းပန်သည့် အနေနှင့် Chickenတစ်ဗူး သူ့ခုံပေါ်သွားထားခဲ့သည်။ တောင်းပန်သည့်စာ အပါအ၀င်ပေါ့။ 'D.Oသည် နယ်ကလာသူ ဖြစ်သော်လည်း အင်မတန်မာနကြီးသည် သူ့Chickenကို လှည့်ပင်မကြည့်' ထို့ကြောင့် သူ့အနား ထိုင်နေသော် ကြက်တူရွေးမ Baekစားသွားသည်။ (Baekမှာ အင်မတန် စကားများသောကြောင့် ထိုသို့ nick name ပေးထားခြင်းဖြစ်သည်။) အခုထိလည်း D.Oက သူ့ကိုတောင်းပန်ဖို့ အခွင့်အရေးကို မပေးပါ။ သို့သော် ယနေ့တွင်တော့ အဘယ်ကြောင့် သူတို့ဘက်ကို လှည့်ကြည့်သနည်း။ ယခုလိုအခြေအနေမျိုးနှင့်ဆို Kaiကို လှည့်ကြည့်ဖို့ဆိုတာ ရာခိုင်နှုန်းအနည်းငယ်ပင် ရှိလေတော့ Kaiကြောက်မယ်ဆိုလည်း ကြောက်စရာပင်။
Suhoလည်း ဆုတောင်းနေမိသည်။ 'ဧ၀ဆိုတာ တာဇံမလေး မဖြစ်ပါစေနဲ့' တာဇံဟု သူချစ်စနိုးခေါ်သည့် Taoမှာ ၃တန်းမြောက် ဒုတိယအစွန်တွင် ထိုင်ပါ၏ လွန်ခဲ့သည့်၃ပတ်ခန့်က....... 'ဘယ်ကောင်လဲကွ ငါအားကစားချိန် တက်နေတုန်း ငါ့ကျောင်းအကျီတွေကို ဟိုး ဗီဒိုအပေါ်ကို ထားသွားတာ' အရပ်အမြင့်ကိစ္စနှင့် ပက်သက်လျှင် Suhoက အင်မတန် Sensitive ဖြစ်သည်။ သူ့ကိုယ်သူလည်း အရပ်ပုတာလေးကလွဲရင် ကျန်တာအားလုံး Perfectဖြစ်သည်ဟု ယူဆသည်။ ထို့ပြင် သူငယ်ချင်း၃ယောက်ထဲတွင် သူကအပုဆုံး ဖြစ်နေသည်။ (ဟိုလူတွေ လန်ဘားဖြစ်နေသည်ကိုတော့ သူထည့်မတွေး) ဒီလိုကိစ္စနှင့် ပက်သက်ပြီးနောက်ရင် သူအရမ်းဝမ်းနည်းသည်။ ထိုအချိန် အရပ်မြင့်မြင့် တောင့်တောင့်ဖြောင့်ဖြောင့် ကောင်မလေးတစ်ယောက် သူ့အနားရောက်လာပြီး ခြေဖျားအနည်းငယ်ထောက်လျှက် ဗီဒိုအပေါ်တွင်ရှိသော သူ့အ၀တ်များကို ယူပေးသည် 'ဟို ကျေးဇူးပါပဲ' 'ရပါတယ် နောက်တခါ ဒီလိုစနောက်တဲ့ကောင်တွေ့ရင် သေချာမှတ်ထား Taoကိုင်ပေါက် ပေးမယ် အဲဒါမှ မှတ်လောက်မှာ' သူ့ကိုအရမ်းစနောက်တတ်သည့်Kaiကို ငမဲကောင်ဆိုပြီး မညှာမတာ Suho ခေါ်ခဲ့ဖူးသော်လည်း မျက်ကွင်းနက်နက် အသားညိုညို Taoအလှကိုတော့ Suhoစွဲလမ်းသွားခဲ့သည်။ 'ဒါကြောင့် Hollywood မင်းသမီးတော်တော်များများက အသားညိုအောင် နည်းမျိုးစုံ ကြိုးပမ်းကြတာကိုး Oh baby u r so sexy' Taoအကြောင်း ထိုနေ့မှစ၍ စုံစမ်းလေသော် 'ဟိုက် သူက၆နှစ်အရွယ်တည်းက သိုင်းကျင့်လာပြီး ၀ူရှုး ရွှေတံဆိပ်ဆုရ' ထို့နောက် Suhoခမျာ သူ့တာဇံမလေးကို လိုက်မီရန် သူငယ်ချင်းတွေ မသိအောင် သိုင်းခိုးသင်ရသည့် အလုပ်ပိုလာတော့သည်။ သူထိုကဲ့သို့ ကြိုးစားနေရသော်လည်း Taoရှေ့ရောက်ရင်တော့ ဒူးတုန်မိသည် (အပြောမတတ်ရင် ကိုင်ပေါက်ခံရမယ်လေ) ထို့ကြောင့်ပင် မေးထူးခေါ်ပြောအဆင့်က မတက်ခဲ့ ယနေ့မှ ထူးထူးခြားခြား Taoကနောက်လှည့်ကြည့်သည်ဆိုတော့ သူ့ကိုကြည့်တာဟု ပြော၍မရနိုင်။
သူတို့ကဲ့သို့ပင် Sehunလည်း ရင်တွေအရမ်းတုန်နေသည်။ 'ဧ၀ဆိုတာ Sleeping Beauty လေး မဖြစ်ပါစေနဲ့' Sleeping Beauty ဆိုပြီး သူနာမည်ပေးထားသည့် Layမှာ ၃တန်းမြောက် အလယ်တည့်တည့်တွင် ထိုင်ပါ၏ (အလယ်မှာသာထိုင်တာ သူဖြင့်အမြဲငိုက်နေပြီး) လွန်ခဲ့သည့်၂ပတ်ခန့်က....... ထိုနေ့က မိုးအရမ်းရွာနေသဖြင့် Sehunသူငယ်ချင်း ငပျင်း၃ကောင်သည် ကျောင်းမတက်ကြပါ။ Sehunတောင် စည်းကမ်းကြီးသော ဒေါ်လေး အိမ်လာလည်နေသဖြင့်သာ ကျောင်းလာတက်ရခြင်းဖြစ်သည်။ ထို့ကြောင့် ကျောင်းတက်ချိန် တစ်နေ့လုံး ခြောက်တိခြောက်ကပ်နှင့် အင်မတန်ပျင်းဖွယ်ကောင်းလှသည်။ အိမ်အပြန်မှာတော့...... အိမ်ကားလာမကြိုဟု ပြောသဖြင့် သူလိုင်းကားပဲ တက်စီးတော့သည်။ ထိုအချိန် မရှေးမနှောင်းပင် သူ့ဘေးကို ခပ်ချောချော ကောင်မလေးတစ်ယောက် ၀င်ထိုင်သည်။ Sehun သူ့ကိုသိသည် အဲဒါသူတို့အခန်းထဲက Layဆိုသည့် တစ်ယောက်၊ လှမှန်းတော့ အရင်ကတည်းကသိသည် သို့ပေမယ့် အနီးကပ်ကြည့်တော့မှ Sehun အသက်ပင် ၀အောင်မရှုနိုင်။ မကြာပါ Layသည် စတင်အိပ်ငိုက်ပါတော့သည်။ ပထမ မှန်ကိုမှီပြီး အိပ်သည်။ နောက် Sehun ပခုံးပေါ် ခေါင်းမှီမိသွားသည်။ Sehunလည်း ဘယ်ရမလဲ ရသည့်အခွင့်အရေးကို အမိအရ အသုံးချပြီး Lay အတွက် သူ့ရင်ခွင်ကို အားရပါးရ ဖွင့်ပေးသည်။ Layကလည်း အားရပါးရပင် မှီအိပ်ပါသည် မသိရင် Sehunကို သူ့ခေါင်းအုံးကြီး ကျနေတာပဲ။ မှီအိပ်ရုံတင်မဟုတ် သွားရည်ပါကျသေးသည်။ Sehunသည် အင်မတန် ရွံတတ်ပြီး အသန့်အပြန်ကြိုက်သူဖြစ်သည်။ သူ့သူငယ်ချင်းများနှင့်ဆိုလျှင် 'ဟေ့ကောင်တွေ အဲဒါ ငါ့ခွက် ငါ့ပိုက် ငါ့ဇွန်းနဲ့ မစားနဲ့ ရေပြန်ဆေးပေး' ထိုကဲ့သို့ ဇီဇာကြောင်ခဲ့သော်လည်း Layနဲ့တွေ့သောအခါတွင်တော့ ထိုသွားရည်ပေနေသော အကျီကိုပင် မလျှော်ရက်ပဲ ဘူးကြီးထဲထည့် အားရပါးရသိမ်း ညအိပ်ရင်ပင် ဖက်ဖက်ပြီး အိပ်ရသေးသည်။ သူဤသို့ အရူးထနေသည့်တိုင် Layကို ဖွင့်ပြောဖို့ အခွင့်မသာပါ။ အဘယ့်ကြောင့်ဆိုသော် Layသည် အိပ်ချင်မူးတူးနဲ့ ကျောင်းရောက်လာကတည်းက စအိပ်တာ ကျောင်းဆင်းတဲ့အထိ၊ ပြီးတော့ အခုတလောမှ ဟို၃ကောင်က နေ့တိုင်းကျောင်းတက်နေသည် တရက်မှပင်မပျက်။ ထို့ကြောင့်ပင် အခြေအနေ zero ဖြစ်နေခဲ့ရာမှ ယနေ့တွင်တော့ Layကနောက်လှည့်ကြည့်သည်တဲ့ သူ့ကိုလှည့်ကြည့်တာမှ ဟုတ်ပါ့မလား။ Sehunရင်တုန်တယ်ဆိုတာ ဖြစ်သင့်ပါသည်။
To be continued

ဧဒင်ဥယျာဉ်ကြီးထဲမှာWhere stories live. Discover now