ဧဒင်ဥယျာဉ်ကြီးထဲမှာ (ဇာတ်သိမ်း)

900 118 12
                                    

Yeolကို သူငယ်ချင်းတော်တော်များများက ပြောဖူးတယ် စိတ်ကူးယဉ်ဆန်လွန်းတယ်တဲ့။ သူတို့ပြောတာလည်း ဟုတ်ချင်ဟုတ်မှာပါ Yeolက ဘာဆိုဘာမှ အပူအပင်မရှိသူဆိုတော့ Yeolမိဘတွေကလည်း ချမ်းသာတယ် (Yeolတို့ချမ်းသာပုံက အပြိုင်အဆိုင်တွေ မလိုတဲ့ အေးအေးချမ်းချမ်း ချမ်းသာမှုမျိုးပါ) ကိုယ်ဖြစ်ချင်တာကို ဖြစ်အောင်လုပ်နိုင်တဲ့ အစွမ်းအစလည်း ရှိတယ်။ နောက်ပြီးတော့ Yeolကို ဂုဏ်ရည်တူထဲက OhSehunဆိုတဲ့ ကောင်လေးနဲ့ လူကြီးချင်း သဘောတူထားကြတယ်။ အဲဒီကောင်လေးက တကယ်ချောပါတယ် ဒါပေမယ့် Yeol ရင်မခုန်ဘူး (သူကလည်း COCဂိမ်းလောက်တောင် Yeolကိုစိတ်မ၀င်စားပါဘူး။ အိမ်လာလည်ရင်တောင် ရောက်ကတည်းက ထိုင်ဆော့နေတာ ပြန်တဲ့အထိပဲ ကားပေါ်မှာတောင် ဆော့ချင်ဆော့သွားမှာ ကိုယ်မမြင်လို့။ Yeolမျက်နှာတောင် မြင်ဖူးပါ့မလားမသိ) Yeolက အဲဒီလိုကြီး အချစ်ဆိုတာကို လုပ်ယူတာမျိုးမဟုတ်ပဲ ရှိတ်စပီးယား ပြဇာတ်ထဲကလို Romatic ဆန်ဆန်နဲ့ ချစ်ကြည့်ချင်တာပါ။ ဒါကြောင့်ပဲလားတော့မသိ Yeolသူနဲ့ တွေ့ခဲ့တယ်။ ဧဒင်ဥယျာဉ်လိုဆန်ဆန် ပန်းခြံကြီးထဲမှာပေါ့ စာအုပ်အထူကြီးကို မျက်နှာအုပ်ပြီး အိပ်ပျော်လို့။ သူက အင်မတန် ချစ်စရာကောင်းတဲ့ ကောင်လေးပါ သူရဲ့လှုပ်ရှားမှု မှန်သမျှကလည်း ကဗျာဆန်ပါတယ်။ ပန်းခြံကြီး တစ်ခုလုံးမှာမှ အမြဲလိုလို ဒီချယ်ရီပင်ကြီးအောက်ပဲ သူရွေးထိုင်တယ်။ သူ့မှာစာအုပ်အကြီးကြီး တစ်အုပ်လောက် အမြဲယူလာလေ့ရှိတယ်။ စားစရာဆိုလို့ ပန်းသီးသုံးလေးလုံးလောက်ပဲ ပါလာတယ်။ သူ့ပုံစံကြည့်ရတာ မျက်စိမှုန်ပုံတော့ မပေါ်ပါဘူး။ ဒါပေမယ့် မျက်မှန်အကြီးကြီးတပ်ပြီး စာဖတ်လေ့ရှိတယ်။ ၁၅မိနစ်လောက် ဖတ်ပြီးရင်ပဲ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားတော့တယ်။ ဘောလုံးမှန်တာပဲဖြစ်ဖြစ် မြက်ရိတ်စက်သံကြားတာပဲဖြစ်ဖြစ် သူလန့်နိုးတတ်တယ်။ ပိုးကောင်သေးသေးလေးတွေ သူ့ဆီ ရောက်လာတာပဲဖြစ်ဖြစ် ငှက်ကလေးတွေ သူ့အပေါ် ချီးပါချတာပဲဖြစ်ဖြစ် 'omma omma' ဆိုပြီး ထထ အော်တတ်တယ်။ တနေ့မှာတော့ Yeolသူ့ကို စချင်စိတ်တွေ ပေါ်လာတယ် အရင်ကတည်းက နောက်ချင်နေတာ မနည်းထိန်းထားရတာပါ ဒီနေ့တော့ မရတော့ဘူး သူအိပ်ပျော်နေတုန်း သူ့ပန်းသီး၃လုံးကို တခြမ်းစီကိုက်စားခဲ့တယ်။ စားပြီးမှ Yeolသိလိုက်တာက ပန်းသီးဆိုတာ ချစ်ဆိပ်တတ်စေတဲ့ ကမ္ဘာဦးတည်းက အသီးဆိုတာ..................................................................................
Yeolတို့အဖွဲ့မှာက သူငယ်ချင်း၅ယောက်ရှိပါတယ် Yeolနဲ့Baekက သွက်လက်သလောက် (ဘယ်လောက်သွက် သလဲဆို တခါတလေ ၂ယောက်တည်းနဲ့ စကားကိုလုပြောရပါတယ် ကိုယ်ကလည်းပြောချင် သူကလည်း မရပ် ဒါကြောင့်လည်း ကျောင်းသားတွေက သူ့တို့၂ယောက်ကို သာလိကာနဲ့ကြက်တူရွေးဆိုပြီး နာမည်ပြောင် ပေးထားပါတယ် Baekဆိုတဲ့တစ်ယောက်က တစ်ကျောင်းလုံးရဲ့ အချက်အလက်မှန်သမျှ အကုန်စပ်စုပြီး ရလာတဲ့ ကုန်ကြမ်းကို အမိအရအသုံးချပြီး သူငယ်ချင်းတွေဆုံတဲ့အခါ အတင်းအနေနဲ့ ပြန်ပြောတာ Yeolကျတော့ မတူဘူး သူစိတ်ဝင်စားတဲ့ဟာကို ပုံပြင်တွေတွေကို အပီအပြင်လေ့လာ လိုအပ်ရင် အလွတ်ကျက် ကျောင်းစာတောင် ဒီလောက်မကြိုးစားရဘူး သူ့အမြင်တွေကို သူငယ်ချင်းတွေအကြား ဆရာကြီးစတိုင်ဖမ်း ပြန်ပြောတာ။ Yeolပြောတာ ဘယ်လောက်ကောင်းလဲဆို အိပ်မပျော်ရောဂါဖြစ်နေတဲ့ D.Oတောင် Yeolပုံပြင်ကို နားထောင်လိုက်ရင် တခေါခေါဟောက်ပြီး အိပ်ပျော်စေပါတယ်) Layနဲ့D.Oကတော့ အရမ်းအေးပါတယ် (Layအေးပုံအေးနည်းက အိပ်မွေ့ချထားတဲ့အတိုင်း စမ်းတ၀ါးဝါး ကျောင်းရောက်လာ ပြီးရင် ထိုင်ခုံပေါ် မှောက်အိပ် စားချိန်ထစား ပြီးရင်ပြန်အိပ် ပြန်ချိန်ကျလည်း စမ်းတ၀ါးဝါးနဲ့ပြန် သူ့ထက်အေးတာ ရေခဲတုံးပဲ ကျန်ပါတော့တယ် အဲဒါကြောင့်ပဲ သူ့ရဲ့နာမည်ပြောင်က Sleepy Beauty၊ D.Oကျတော့ နယ်ကလာသူပီပီ စကားဝဲရင် သူများတွေ ၀ိုင်းလှောင်မှာစိုးလို့ မပြောရင်းကနေ အကျင့်ပါသွားတာ ဒါပေမယ့် သူများတွေ ပြောတဲ့ စကားကိုတော့ သူ့မျက်လုံးဝိုင်းဝိုင်းကြီးနဲ့ အသားကုန်ပြူးပြီး နားထောင်တတ်တယ် အဲဒါကြောင့် သူ့နာမည်ပြောင်က ဇီးကွက်တဲ့) Taoကျတော့ လူကောင်ကြီးသလောက် အငယ်ဆုံးပီပီ အလွန် ကလေးဆန်ပါတယ်။ ဘယ်လောက်ထိ ကလေးဆန်လဲဆို သူနေထိုင်တဲ့ ပတ်ဝန်းကျင်ကြီး တစ်ခုလုံးကို ကာတွန်းကားပုံစံပဲ ထင်မြင်နေတာပါ။ သူ့ကို Baekတို့က နည်းနည်းလေး ရင့်ကျက်လာအောင် ဆိုပြီး ရုပ်ရှင်တွေလိုက်ပြလိုက်တာ ရလဒ်အနေနဲ့ ရုပ်ရှင်ထဲက ကြောက်စရာမှန်သမျှ သူအကုန် ကြောက်သွားပါတယ်။ ဒါတောင်သူက ၀ူရှုးရွှေတံဆိပ်ဆု ရထားတာပါ။ အပြင်ပန်းကြည့်ရင်တော့ သူ့ပုံစံက လေ့ကျင့်ပြီးသား နင်ဂျာလိုလို တရုတ်သိုင်းကားတွေထဲက လက်မရွံ့ဓါးသမားလိုလို အမှန်တကယ်က ချစ်စရာကောင်းပြီး ကြောက်တတ်တဲ့ ပန်ဒါကလေးပါ။ တောတွင်းသူပုံစံ သူ့ရဲ့နာမည်ပြောင်ကျတော့ တာဇံတဲ့။ အဲဒီလို ပျော်ပျော်နေတတ်တဲ့ Yeolတို့သူငယ်ချင်းတွေဆီကို အချစ်ဆိုတဲ့အရာဟာ တံခါးမခေါက်ပဲ ၀င်ရောက်လာပါတော့တယ်။
Yeolတို့အဖွဲ့ထဲမှာ ပထမဆုံးအချစ်လှိုင်းမိသူက သွက်လက်လွန်းတဲ့ ကြက်တူရွေးမလေး Baekပါ။ သူက Yeolတို့အတန်းထဲက Luhanဆိုတဲ့ တရုတ်ကလေးကို ကြိုက်နေရှာတာ။ 'ဒီမှာကြည့်စမ်း ဒီနေ့Luhanက ငါ့ကိုကျွေးလိုက်တဲ့မုန့်' Baekက၀မ်းသာတကြီး ကြွားပေမယ့် Taoတို့အလိုက်မသိပါဘူး 'အဲဒါလား ငါတို့ကိုလည်းကျွေးတယ်လေ သူ့မွေးနေ့ဆိုပြီး တခန်းလုံးကိုကျွေးတာပဲဟာ' ဒါပေမယ့် Baekအလျှော့မပေးဘူး 'ဒါပေမယ့် သေချာကြည့်စမ်းပါ ငါ့ကိုကျွေးတဲ့မုန့်က စင်တီမီတာတ၀က်လောက် ပိုကြီးနေတယ်လေ အဟိ အဲဒါသူငါ့ကို ကြိတ်ကြွေနေတဲ့သဘော သူ့ခမျာသနားပါတယ် ငါကသွက်လွန်းတော့ သူ့ခံစားချက်ကို မပြောရဲရှာတာနေမှာ ဟိဟိ' သူ့သူငယ်ချင်းတွေအားလုံး Baekအဆိုကိုထောက်ခံပုံက ချောင်းဆိုးသူဆိုး ရေသီးသူသီး အိပ်နေသည့်Layတောင် အပျင်းကြောထဆန့်သည်။ Luhanက ရုပ်ချောသဘောကောင်းပြီး ပိုက်ဆံလည်းချမ်းသာတော့ ကောင်မလေးတွေအလယ်မှာ အတော်ရေပန်းစားပါတယ်။ ကျောင်းကQueenလို ဖြစ်နေတဲ့ကောင်မလေးတွေတောင် သူ့ကိုစိတ်ဝင်စားကြလို့ ရေလာမြောင်းပေးသဘောမျိုးတွေ လုပ်ကြတော့ Baekလို သွက်လက်သူက ရေစီးကမ်းပြိုနီးပါးလုပ်နေတာ သိပ်တော့မထူးဆန်းပါဘူး။ ထူးဆန်းတာက Luhan ဦးစားပေးပြီး အမြဲလိုလို ကြည့်နေတတ်တဲ့ တစ်ယောက်က Yeolတို့အတန်းခေါင်းဆောင် Xiuminပါ။ Xiuminက Luhanဘေးနားမှာ ၀ိုင်းကြီးပတ်ဒူဝေေ၀ လုပ်နေတဲ့ကောင်မလေးတွေလို လန်ပြန်ထွက်နေတာမျိုး မဟုတ်ဘူး။ ပေါက်ဆီလိုအသားဖြူဖြူလုံးလုံး ရယ်လိုက်ရင် ရှဥ့်ကလေးနဲ့လည်းတူပြီး နည်းနည်းဝတဲ့အထဲတောင်ပါလို့ တခြားကောင်လေးတွေ စိတ်မ၀င်စားတဲ့ပုံမျိုးပါ။ အဲဒီတော့ Baekမကျေမချမ်း ဖြစ်နေတာပေါ့။ 'နင်တို့ဝိုင်းပြီး စဉ်းစားစမ်းပါ ပေါက်ဆီမမက ငါ့ထက်ဘာပိုလှနေလို့ Luhanကသူ့ကို အရေးပေးနေရတာလဲ' Taoတို့ ခြေဆုံးခေါင်းဆုံး ကြည့်ပေးပြီး 'အင်း ငါ့အမြင်တော့ သူကနင့်နှစ်ကိုယ်စာနီးပါးရှိတယ် အရပ်အမောင်းကတော့ သူမသာကိုယ်မသာပဲ' Taoဝေဖန်မှုကြောင့် Baekတစ်ခုစဉ်းစားမိသွားသည်။ 'အား သိပြီ Luhanက နည်းနည်း ပြည့်ပြည့်ဖြိုးဖြိုးကို ကြိုက်တာထင်တယ်' ထို့ကြောင့် အနားတွင်ရှိသော အရာတခုကို သူ့အကျီရင်ဘတ်ထဲ ကောက်ထည့်လိုက်ပြီး ဟိုဘက်ဒီဘက်လှည့်ပြီး ကိုယ်ဟန်ပြလေ၏ 'ဟဲ့ ဒီမှာကြည့်စမ်း ဒီလောက်ဆို ငါC-cup၀တ်တယ်လို့ ထင်ရတယ်မလား' ထိုအချိန် သူတို့ရှေ့တန်းက စာကြမ်းပိုးခေါ်Chenကတော့ သူ့ခေါက်ဆွဲဘူး ပျောက်လို့ရှာနေတုန်း။ 'ဘယ်ကောင်လဲကွ ငါ့ဟာကို အချောင်သုတ်သွားတာ သေချာပါတယ် ငါဒီအနား ထားခဲ့တာ' Yeolမှာတော့ စာကျက်ပျင်းသော သူ၏အာဒမ်အတွက် တိတ်တဆိတ်ဧ၀ လုပ်ပေးနေသည်မို့ အလုပ်တွေရှုပ်နေဆဲ.......................
အခုတလော D.Oဆီကို ကြက်ကြော်တစ်ဗူး နေ့စဉ်ရောက်နေတာ သူတို့တွေသတိထားမိသည်။ 'ဟဲ့ နင့်ကို ဘယ်သူပေးတာလဲ' အဲလိုမေးလိုက်ရင် D.Oမှာသူ့ရှိရင်းစွဲမျက်လုံးထက်ပင် ၄ဆလောက်ပိုမိုပြူးသွားပြီး 'အမ် မသိဘူး မသိဘူး ငါမသိဘူး' 'အဲဒါဆိုလည်း ငါပဲအနစ်နာခံပြီး စားလိုက်ပါ့မယ် ငါလည်းကယ်လိုရီလိုနေတယ် ဒါတွေစားပေးရင် ပေါက်ဆီမမလိုပြည့်ပြီး လှလာမလားလို့' ထိုကဲ့သို့ Baekစားသွားရင်လည်း D.Oပုံစံက မျက်နှာပျက်နေသလို။ နောက်တော့မှသိရတာက အတန်းထဲက Kaiဆိုတဲ့ကောင်လေးက လာပေးနေတာတဲ့။ Taoလည်း နည်းနည်းထူးဆန်းနေသည် ဟိုတနေ့က Yeolနဲ့Baek ထုံးစံအတိုင်း စကားလုပြောရင်း ရန်ဖြစ်ကြသည်။ ထိုအချိန်တွင် Yeolကနောက်ပြီး Baekအရပ်ပုသည့်ကိစ္စကို နောက်သလို ပြောသည့်အခါ 'ဒီမှာ ParkChanyeol နင်အရပ်ရှည်တိုင်း သူများတကာ အရပ်ပုတာ နှိမ်စရာလား သူရော မရှည်ချင်ပဲ နေမလား။ နောက်တခါ ဒီလိုနောက်လို့ကတော့ ငါကိုင်ပေါက်ပစ်မှာ' (ခါတိုင်းလည်း နောက်နေကျ အခုမှဘာထဖြစ်တယ်မသိ) မအော်စဖူး အအော်ခံရသဖြင့် Yeolကြက်သေသေသွားသည် ကာယကံရှင် Baekပင် ကြားထဲက၀င် တောင်းပန်လိုက်ရသည်။ ပြီးတော့မှ Taoတစ်ယောက် ခုနကသူမဟုတ်သလိုလို ဟီး ဟီး ဟဲ ဟဲ လုပ်နေပြန်သည်။ ဘာမှန်းတော့ မသိပေမယ့် ထူးဆန်းတာတော့ အမှန်ပင် မဟုတ်မှလွဲရော ခုတလော သူတို့ကို ပြုံးဖြီးဖြီး မျက်နှာပေးကြီးနှင့် လာလာရောချင်နေသည့် Suhoဆိုသည့် တစ်ယောက်နဲ့ ပက်သက်နေလို့လား။ သူတို့ထက်ထူးဆန်းတာက Lay၊ အရင်က သူ့လောက်အိပ်တာ သူပဲရှိသည် အခုတော့ မှောက်သာနေသည် မျက်စိကြောင်နေသည်။ တခုခုကို တွေးနေသလိုလို ဆွေးသလိုလို မှိုင်ပြီး Yeolကို စကားအဆန်းတွေ လာပြောတတ်သေးသည်။ 'နင် Sehunကို ဘယ်လိုသဘောထားလဲဟင် ကျောင်းပြီးရင် ယူကြမှာပေါ့နော်' 'အမ် အဲဒီကောင်က အူကြောင်ကြောင်နဲ့ပါ ဂိမ်းကလွဲရင် ဘာသိမှာမို့လို့လဲ အိမ်ကိုနှစ်ခါပဲ လာဖူးတာ လာလည်းဂိမ်းပဲ ကုန်းဆော့နေတာ ငါ့မျက်နှာတောင် မြင်ဖူးရဲ့လားမသိဘူး' 'သြော် ဟုတ်လား ဒါဆို နင်သူ့ကိုမကြိုက်ဖူးပေါ့နော်' 'ဟာ မကြိုက်ပါဘူးဆိုနေမှ သူလည်းစိတ်ဝင်စားပုံမပေါ်ဘူး' Yeolစကား ကြားရမှ Layအသက်ရှုချောင်သွားသလို ဖြစ်သွားပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။ သူများတွေ အချစ်ရေးရာ အလုပ်ရှုပ်နေချိန်တွင် Baekကတော့ ရှေ့တန်းကစာကြမ်းပိုးChenနှင့် ခေါက်ဆွဲဗူးကိစ္စကြောင့် ရန်ဖြစ်နေဆဲ။
မနက်စောစော Yeolဖုန်းမှာ Msg၀င်လာသည်။ အာဒမ်ပို့သည့်စာပင် သူ့ပုံစံက အရမ်းတွေ့ချင်နေပုံပေါ်သည်။ ဖုန်းနံပါတ်ဘယ်လိုသိပါလိမ့် သူလက်ဆောင်ပေးနေတာ ရိပ်မိနေပြီလား Yeolရင်တုန်သွားမိသည်။ မနေ့တုန်းက ကိစ္စကိုလည်း သွားစဉ်းစားမိသည်။ မနေ့က Krisကျောင်းလာတာ နောက်ကျသည် ဆရာကစာသင်နေချေပြီ။ သမိုင်းသင်သည့်ဆရာမှာ အလွန်စည်းကမ်းကြီးသည် နောက်ကျဝင်လာသည်ကိုပင် လုံးဝမကြိုက်၊ ထို့ကြောင့် Krisမှာမျက်နှာငယ်လေးနှင့် တိတ်တဆိတ်ဝင်လာရသည်။ ဆရာကတော့ မျက်လုံးပြူးပြီး ကြည့်နေပါ၏ ထိုအချိန် သူ့ခုံပေါ်တွင် ထုံးစံအတိုင်း ဧ၀၏ လက်ဆောင်တွေ့သောအခါ Krisတစ်ယောက် တလောကလုံးကို မေ့သွားပုံပေါ်သည်။ 'ဟီး ဟီး ထင်သားပဲ ရောက်နေမယ်မှန်း' ဆရာကတော့ သူ့ကိုအရေးမစိုက်ကောင်းလား ထင်ပြီးဒေါပွကာ အသားကုန်ဆူတော့သည်။ ဤသည်ကိုပင် Krisဂရုပြုမိပုံမပေါ် သူ့Feelနဲ့သူဆိုတော့ ဆူသည့် အသံကိုပင် ပန်းနှင့်ပေါက်ခံရသည့်အလား စပ်ဖြီးဖြီးနှင့်။ (Parpo စာသင်ခန်းကို ဧဒင်ဥယျာဉ်ထဲရောက်နေတယ် ထင်နေလားမသိ) စာမေးပွဲပြီးလျှင်တော့ တွေ့ကြမည်ဟု အာဒမ်ဆီစာပြန်ပို့လိုက်သည်။
Krisကသူ့တွန်းအားနှင့်သူမို့ မပင်ပန်းနိုင် Sehun Suho Kaiတို့ မျက်စိနောက်လောက်အောင် စာလုပ်နေသည်။ စာမေးပွဲပြီးသည့်နေ့တွင် သူ့ကိုဧ၀က လာတွေ့မည်ဆိုတော့...................
စာမေးပွဲပြီးသည့်နေ့................................
ကျောင်းရှေ့ကကော်ဖီဆိုင်လေးမှာ Krisထိုင်စောင့်နေသည်မှာ နာရီဝက်လောက်တောင် ရှိချေတော့မည်။ 'ဧ၀ သူရင်ခုန်နေလို့ နောက်ကျနေတာလား' ဆိုင်ထဲကို ကျောင်းသူတစ်ယောက်ဝင်လာတိုင်း Krisလိုက်ကြည့်ရတာ အမော ဧ၀ဖြစ်နေမလားဆိုပြီး၊ ထိုအချိန်တွင် အမျိုးသမီးတစ်ယောက် သူ့ဘေးကခုံကိုဆွဲထိုင်သည်။ 'သြော် အန်တီ' Sehun၏အမေဖြစ်နေသည်။ (သွားပြီ သူ့သားက စာမေးပွဲခန်းကအပြန် ဂိမ်းဆိုင်ဝင်မယ်ပြောထားတာ) 'Sehunတို့ရော သား' 'သြော် ဟုတ် ကျွန်တော်ထွက်လာကတည်းက မတွေ့မိဘူး ဒီမှာတခြားသူငယ်ချင်းကို ထိုင်စောင့်နေတာပါ' 'ဟင် အဲဒါဆို အန်တီလည်း ဟိုအကောင်ကို ဒီကနေပဲ ထိုင်စောင့်မယ်' Krisတော့ ပျားတုပ်ပြီ (အာကွာ အန်တီကလည်း ဒီကကောင်မလေးနဲ့ ချိန်းထားပါတယ်ဆိုနေမှ) ထိုကဲ့သို့ Kris စိတ်ရှုပ်နေစဉ်မှာပဲ ဆိုင်ထဲကို ခပ်လန်းလန်း အမိုက်စားလေးတစ်ယောက် ၀င်လာသည်။ သူကKrisတို့ အခန်းထဲက ParkChanyeol ဆိုသည့်တစ်ယောက် (Wow ငါထင်တဲ့အတိုင်း သူပဲလား ရင်ခုန်လိုက်တာ ဒီလိုတော့လည်း လောကကြီးက သာယာလို့.....) စက္ကန့်ပိုင်းကြားထဲတွင် စိတ်ကူးမျိုးစုံ ယဉ်လိုက်သေးသည်။ သူ့စိတ်ကူးထဲမှ ဧ၀သည် သူထိုင်ခုံနေရာသို့ တန်းတန်းမတ်မတ် လျှောက်လို့လာနေချေပြီ။ အနားကပ်တော့မှ Chanyeol ခြေလှမ်းများတန့်သွားသလို 'ဟင် အန်တီ' 'YeolYeol ဒီကိုဘာလာလုပ်တာလဲ စာမေးပွဲဖြေပြီး အပြန်ဝင်စားတာလား' Chanyeolဘာပြောရမယ်မှန်း မသိသဖြင့် ရမ်းသမ်းခေါင်းငြိမ့်လိုက်သည်။ 'အော် ဒါနဲ့ မိတ်ဆက်ပေးရအုံးမယ် ဒါကSehunရဲ့သူငယ်ချင်း Krisတဲ့' Krisက ဘာမှန်းညာမှန်း မသိသေးသဖြင့် ၀မ်းသာနေသည်။ 'သူ့နာမည်ကတော့ ParkChanyeolတဲ့' 'ဟုတ်ကဲ့' 'Sehunနဲ့ စေ့စပ်ထားတာလေ' 'ဗျာ သူက...' Krisအတွက်တော့ ကမ္ဘာကြီးတစ်ခုလုံး ရုတ်ခြည်းအမှောင်ကျသွားသလို ခံစားလိုက်ရသည်။ သူ့ရှေ့တွင် ထိုင်နေသော ဧ၀ သို့မဟုတ် Sehun၏ သတို့သမီးလောင်း ParkChanyeolမျက်နှာကတော့ စိတ်မကောင်းဖြစ်သွား၍ပဲလား တောင်းပန်ချင်တာပဲလား တခုခုကို ပြောပြချင်နေသလိုလို။ Sehun၏ အမေကတော့ ဘာမှမသိသဖြင့် သူ့သားနှင့်ParkChanyeol၏ အနာဂါတ်အစီအစဉ်များကို အာဝဇွင်းရွှင်ရွှင်နှင့် ပြောပြနေတော့သည်။ 'အန်တီ ကျွန်တော် ပြန်လိုက်ပါအုံးမယ်' 'ဟင် မင်း သူငယ်ချင်းတစ်ယောက်ကို စောင့်နေတာဆို' 'သူကျွန်တော့ဆီ လာနိုင်မှာ မဟုတ်တော့ပါဘူး အန်တီရယ်' ထိုဆိုင်မှ သူပြေးထွက်ခဲ့သည် သူမျက်ရည်သူ ဒီထက်ပိုပြီး ထိန်းနိုင်စွမ်းမရှိတော့ပါ။ 'ဟယ် ဒီကလေးကတော့ အပြင်မှာ နှင်းတွေက အရမ်းကျနေတာ အအေးမိတော့မှာပဲ' Yeolရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ 'အန်တီ Yeolကို ခွင့်ပြုပါအုံး' 'ဟမ် နင်ကရော ဘယ်တုန်း' 'Krisကို သွားရှာမှ ဖြစ်မှာပေါ့ အပြင်မှာဒီလောက်အေးနေတာ သူခံနိုင်ရည် ရှိမှာမဟုတ်ဘူး' 'ဘယ်လို ဘယ်လို......' Sehunအမေကတော့ နားမလည်နိုင်စွာ ကျန်ရစ်ခဲ့ပြီ Yeolကတော့ ဖြစ်ချင်တာ ဖြစ်ပါစေတော့ Krisကိုဒီနေ့ မရရအောင် ရှာဖွေမှ ဖြစ်ချေတော့မည်။ 'တောင်းပန်ပါတယ် မိုးနတ်မင်းကြီးရယ် နှင်းတွေကိုအရမ်း မကျခိုင်းပါနဲ့ သူ့မှာအနွေးထည်ထူထူ ပါမသွားလို့ပါ လေစိမ်းတွေကို ခပ်ပြင်းပြင်း မတိုက်ခိုင်းပါနဲ့ သူခံနိုင်ရည် မရှိမှာစိုးလို့ပါ အဝေးကိုခေါ်ဆောင်သွားမယ့် ဘတ်စ်ကားတွေလည်း မလာပါစေနဲ့ သူထွက်ပြေးသွားမှာ စိုးလို့ပါ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး' နှင်းမှုန်တွေကြားမှာ Yeolမြင်ချင်သည့် အရိပ်တခုမြင်နေရသည်။ အဲဒီအရိပ်ကလေးကပဲ သူ့ကိုနွေးထွေးအောင် ပွေ့ဖက်ထားတော့သည်။ 'ကတိပေးပါ နောက်ဆို ဘယ်လိုအကြောင်း ကိစ္စကြောင့်မှ ထွက်မပြေးပါဘူးဆိုပြီး' 'ကိုယ်ကတိပေးပါတယ် ဧ၀ အဲ Yeolရယ်'
..................................................................................................................
တကယ်တော့ ဇာတ်လမ်းကို ဒီမှာသိမ်းမလို့ပါ ဒါပေမယ့် ပီကာဆိုဗီဇအတိုင်း နောက်ဆက်တွဲနည်းနည်း ဆက်ရေးချင်ပါသေးတယ် သည်းခံပြီး ဆက်ဖတ်ကြပါရှင်။
အောင်စာရင်းထွက်လာသည့်အခါ xoxo တခန်းလုံး အောင်မြင်ကြပြီး ပျော်ပျော်ပါးပါး ဘွဲ့တက်ယူကြပါတယ်။ ဘွဲ့ရအပြီးမှာ Luhanရဲ့မိဘတွေဟာ အမွေပေးမယ်ဆိုပြီး တရုတ်ပြည်ကို လိမ်ခေါ်ပါတယ်။ အမှန်တကယ်က မိန်းမပေးစားမလို့ပါ။ ဒါပေမယ့် သူတို့အကြံကိုရိပ်မိတဲ့Luhanက သူ့ချစ်သူXiuminကို ဇွတ်ခေါ်လာတဲ့အတွက် ပေးစားလိုက်ရပါတယ်။ နောက်(၂)နှစ်ကြာတဲ့အခါမှာ Sugaဆိုတဲ့သားကလေး မွေးဖွားပါတယ်။ Xiuhanအတွဲ မင်္ဂလာပွဲအပြီးမှာ အတန်းထဲမှာ မတည့်ပါဘူးဆိုပြီး နောင်ဂျိမ်ချလေ့ရှိတဲ့ ကြက်တူရွေးမလေးBaekနဲ့ စာကြမ်းပိုး Chenတို့ မင်္ဂလာဆောင်ကြပါတယ်။ ရန်ဖြစ်ရင်း သံယောဇဉ်တွယ်သွားပုံပါပဲ သူတို့မင်္ဂလာဆောင်မှာတော့ သတို့သမီးသတို့သား လေအင်မတန်များလို့ ဧည့်သည်တွေ နားညီးရပါတယ်။ ကျောင်းပြီးတဲ့အခါ Baekက သူ့ကျွမ်းကျင်မှုကို အသုံးချပြီး ဥပဒေပညာ လေ့လာကာ ရှေ့နေလုပ်စားပါတယ်။ ဥာဏ်ကောင်းပြီး စေ့စပ်တဲ့ Chenကတော့ Inspectorဖြစ်သွားပါတယ်။ ChenBaekပြီးတဲ့အခါ Kaiနဲ့D.Oတို့ မင်္ဂလာဆောင်ကြပါတယ်။ ထူးခြားသွားတာက သူတို့မင်္ဂလာပွဲမှာ ကြက်ကြော်နဲ့ထမင်းသာကျွေးပါတယ်။ Kaiကနာမည်ကြီး Dancer ဖြစ်လာတဲ့အတွက် အကသင်တန်းဖွင့်ပြီး အချက်အပြုတ်ကောင်းတဲ့ D.Oအတွက်တော့ စားသောက်ဆိုင်လေး ထောင်ပေးထားပါတယ်။ အဲဒီနောက်Suhoနဲ့Taoတို့အတွဲ မင်္ဂလာဆောင်ကြပါတယ်။ သူတို့ Pre-Weddingပုံ မှန်သမျှမှာ သတို့သမီးထိုင်ရင်ထိုင် မဟုတ်ရင် သတို့သားက လှေကားအပေါ်တက်နေရပါတယ်။ ဒီထက်ပိုပြီး ထူးခြားတာက မင်္ဂလာပွဲမှာ သတို့သမီးက Slipper စီးပြီး သတို့သားက ဒေါက်စီးရတာပါပဲ။ Suhoအဖေက ကျောင်းထောင်ပေးတဲ့အတွက် Suhoတစ်ယောက် ကျောင်းအုပ်ကြီး လုပ်နေပါပြီ။ Taoကတော့ အိမ်မှာအငြိမ် မထိုင်ချင်တဲ့အတွက် ၀ူရှုးသင်တန်းဆိုပြီး ဖွင့်ပါတယ်။ Sehunကတော့ ဆေးကျောင်းဝင်တက်လိုက်တဲ့အတွက် ဆရာဝန်လေးဖြစ်သွားပါတယ်။ အဲဒီအချိန်မှာ သူချစ်တဲ့Layလည်း အောင်မြင်တဲ့Pianoသမား ဖြစ်နေပါပြီ။ သူတို့နှစ်ယောက်လုံး အောင်မြင်တဲ့အချိန်မှသာ လူကြီးတွေသဘောတူတဲ့အတွက် ယူရပါတော့တယ်။ Sehun တစ်ယောက် အချိန်အကြာကြီး အောင့်ထားရလို့လားမသိ အရမ်းအဖြစ်သည်းပြနေလို့ ကျန်တဲ့သူတွေအကုန် မျက်စိနောက်ရပါတယ်။ သူများတွေအကြောင်း လျှောက်တွေးနေတဲ့အတွက် Yeolကားပြင်နေတာ တော်တော်နဲ့ မပြီးပါဘူး။ ထို့ကြောင့် အကြီးကောင်Mark ရောက်လာပါတယ်။ 'Ommaရေ Appaက မနက်စာအေးနေပြီ မြန်မြန်လာစားတဲ့ မဟုတ်ရင် စိတ်ကောက်အုံးမယ်' 'အော် အေးပါ လာမယ် နင့်အဖေကလေ AngryBirdလို စိတ်ကြီးပဲ ဒါနဲ့ အငယ်ကောင်Kookieကို သဲပုံထဲကဆွဲထုတ်ပြီး ဖုန်ခါပေးလိုက်အုံး' 'ဟုတ်ကဲ့ ဟုတ်ကဲ့ ဒါနဲ့ သားတို့ဘယ်တော့ ပန်းခြံသွားရမှာလဲ' 'ဘာ ပန်းခြံ အင်း ဒီနေ့ နင်တို့အဖွားအိမ်ပို့ထားမှာ ပန်းခြံမခေါ်ဘူး' Markမကျေနပ်ပါ 'ဘာလို့လဲ ကလေးတွေပါခေါ်လေ' 'မခေါ်ဘူး နင့်အဖေ ပန်းချီဆွဲစရာတွေရှိတယ် Omma ကကူညီဖို့ လိုက်သွားမှာ ကျန်ခဲ့နော်' ဤကဲ့သို့ပင် ကလေးတွေကို မနည်းချော့မော့ပြီး Krisအမေအိမ်ကို အပ်ပြီးနောက် Krisနဲ့Yeolကတော့ သူတို့စတွေ့ခဲ့တဲ့ ပန်းခြံလေးထဲက ချယ်ရီပင်ဆီ သွားကြပါတယ်။ ဒါပေမယ့် သူတို့နေရာမရတော့ပါဘူး အဲဒီအပင်အောက်မှာ သူတို့ထက်စောရောက်နေတဲ့ စုံတွဲရှိနေလို့ပါ။ 'အောင်မာ အောင်မာ OhSehunတို့ လွန်ကိုလွန်တယ် ဟန်းနီးမွန်းဆိုပြီး ၃နေရာလောက်ထွက်တာ အားမရသေးဘူး ဒီအောက်လာပြီး.....' 'ဟုတ်ပါ့ Oppaရယ် Layကလည်း ကြည့်ပါအုံး Sehunပေါင်ပေါ်ခေါင်းအုံးပြီး.......' တကယ်တော့ သူတို့ပုံပြင်ပြောနေတာပါ သူတို့ပြောတဲ့ပုံပြင်က...........................
ကမ္ဘာဦးအစတုန်းကပေါ့ အာဒမ်ရယ် ဧ၀ရယ် ဧဒင်ဥယျာဉ်ကြီးထဲမှာ ရှိကြသတဲ့.......................
The end

ဧဒင်ဥယျာဉ်ကြီးထဲမှာWhere stories live. Discover now