#Minseokkie
တောနက်ကြီးတစ်ခု၏ ချိုင့်နက်တခုထဲတွင်Junhoeတယောက်သတိလစ်နေလေသည်။ မျက်နာနဲ့လက်မှာလည်းခြစ်ရာများဖြင့်ဒဏ်ရာများရှိနေလေသည်။
Jinhwan - Junhoe ya!!! Junhoe ya!!! မင်းဘယ်မှာလဲ Junhoe ya!!!!
Tr - Junhoe!!!! LeeJunhoe!!!!
ဆရာနဲ့Jinhwanတို့နဲ့အတူ တောကျွမ်းကျင်တဲ့ကယ်ဆယ်ရေးများ ဓာတ်မီးများဖြင့်Junhoeကိုနေရာအနှံလိုက်ရှာနေလေသည်။
Junhoe - အားး Junhoeသတိရလာတော့ခန္တာကိုယ်ကနာကျင်မှုနဲ့အတူအေးစက်တဲ့ရာသီဥတုကိုခံစားလိုက်ရလေသည်။
Junhoeတယောက်ကြိုးစားပြီးထကြည့်သော်လည်းခြေထောက်ကအမြင့်ကနေပြုတ်ကျတဲ့ဒဏ်ကြောင့်နာနေ၍နီးစပ်ရာသစ်ပင်ကိုမှီပြီးအနားယူနေရလေသည်။
Junhoe - ငါဘယ်ရောက်နေတာလဲ ဖုန်းကလည်းအားမရှိတော့ဘူး
Jinhwan - Junhoe ya!!! Junhoe ya!!!!
တဖြည်းဖြည်းနဲ့ညနက်လာပြီး လေတွေတိုက်ပြီးမိုးများကျလာခဲ့လေသည်။
Jinhwanနဲ့အတန်းပိုင်ဆရာတို့ကတော့မိုးကာအကျီများဝတ်ပြီးရှာနေဆဲပင်ညလည်းဖြစ်မိုးကလည်းရွာနေ၍ လူတယောက်ကိုရှာရခက်နေလေသည်။
မိုးများတဖြည်းဖြည်းရွာရင်းမိုးခြိမ်းသံတွေပါလာ၍Junhoeတယောက်ကြောက်နေလေသည်။ သစ်ပင်ကိုအမှီပြုရင်းတစ်ကိုယ်လုံးတုန်နေလေသည်။ နောက်တော့သူ့ခေါင်းထဲအရင်တုန်းကအဖြစ်ပျက်များတစ်ခုပြီးတစ်ခုဝင်ရောက်လာလေသည်။
မကြာပါကယ်ဆယ်ရေးများJunhoeကိုရှာတွေ့သွားလေသည်။ အနံ့ခံခွေးများနဲ့ရှာလိုက်၍မုန်တိုင်းမဆိုးခင်ပြန်တွေ့ခဲ့လေသည်။ ကယ်ဆယ်ရေးများJunhoeကိုချောက်ထဲကနေကယ်ထုတ်ခဲ့လိုက်လေသည်။ အပေါ်ရောက်ရောက်ချင်းJunhoeတယောက်Jinhwanကိုမြင်ပြီးအားရပါးရဖက်ထားလိုက်လေသည်။