"ဒီနေ့က စပြီး YG trainee ဘဝ စပါပြီ "
"ရေး "
"Woww "
Studio Room ထဲမှာ ကလိုက် သီချင်းရေးလိုက် အကဖန်တီးလိုက်
အချိန်တွေကုန်လို့ ကုန်မှန်းမသိ
နေ့လည်စာစားချိန်ရောက်တော့
YG က ကန်တင်းမှာပဲ စားကြတယ်
အဲ့အချိန် ဝင်လာတာကBig Bang
တစ်လှမ်းခြင်းလျှောက်လာတာက အစ မိုက်တယ် ဗျာ
ကျွန်တော်ကော Hanbin ကော တစ်ဖွဲ့လုံးငေးကြည့်နေမိတာJinhwan hyung ဆို ဇွန်းကြီးကိုက်ပြီး ငုတ်တုတ်မေ့နေတာ
Hanbin လက်တို့မှ ကျွန်တော်လဲ သတိရတယ်
"လာ နှုတ်ဆက်ရအောင် "
တစ်ဖွဲ့ လုံး Big Bang ထိုင်နေတဲ့ ခုံဆီသွားပြီး နှုတ်ဆက်ကြတယ်
GD Hyung ကတော့ Hanbin နဲ့ ရင်းနှီးတဲ့ပုံပါ
ငယ်ငယ်ကတည်းက YG မှာနေတဲ့သူကိုး
ကျွန်တော်တို့လဲပြန်လာပြီးတော့
"Hanbin "
"Omm "
"ခုနက GD hyung ဘာပြောလိုက်တာလဲ "
"ညကျရင် trainer တွေလာလိမ့်မယ်တဲ့ "
"ဘယ်သူတွေလဲ "
" တိပုလေ "
"စားပြီး မြန်မြန်အခန်းသွားရအောင် တော်ကြာနေ Yang သူဌေး လာကြည့်နေဦးမယ် "
"Omm "
စားပြီး Studio ခန်းထဲပြန်လာကြတယ်
Hanbin က အသံသွင်းခန်းထဲတန်းဝင်သွားတယ်
ကျန်တဲ့သူတွေကတော့ ကကွက်တွေထိုင်စဉ်းစားလိုက် ကလိုက်ပေါ့
ကျွန်တော်လဲ အသံသွင်းခန်းထဲဝင်ခဲ့တော့
Pringles ထိုင်စားပြီး သီချင်းရေးနေတဲ့ Hanbin
"ငါလဲစားမယ် "
ဝင်ထိုင်ပြီး ဘူးကိုကောက်ကိုင်တော့
"ခဏ "
ဘေးက အိတ်ကိုရှာပြီး
"ရော့ ဒါယူ အာ့ပြန်ပေး"
ဘာမှမကွာ လိမ္မော်နဲ့ အစိမ်းပဲကွာတာ
"ဒါငါ့ဟာ "